Image source: Chinese Embassy in Myanmar
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုဖြင့် Cloud Computing ဆိုင်ရာလူတော်လူချွန်များမွေးထုတ်ပေး၍ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက်အကူအညီပေးမည်ဟု သိရပါသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည်သြဂုတ်လ၁၃ရက်နေ့တွင်မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့်အတူ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၁၈) ဖြင့်ဆောင်ရွက်လျက်ရှိသည့်မြန်မာနိုင်ငံသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ဖွံ့ဖြိုးတိုးတက်ရေးသုတေသနစင်တာ ထူထောင်ခြင်းစီမံကိန်း” တိုးတက်မှုအခြေအနေအား ပူးတွဲလေ့လာစစ်ဆေးခဲ့ပါသည်ဟု သိရပါသည်။
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၁၈) ဖြင့်ဆောင်ရွက်လျက်ရှိသည့်မြန်မာနိုင်ငံသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (ICT) ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာ ထူထောင်ခြင်းစီမံကိန်း” သည် တရုတ်နိုင်ငံအစိုးရ၏ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအမေရိကန်ဒေါ်လာ၁သိန်းရရှိထားသည်ဟုသိရပါသည်။
အသေးစိတ်သိရှိရန် ပုံကိုထိပါ
မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနစင်တာမှ တာဝန်ယူ၍ ၂၀၁၉ ခုနှစ်ဇူလိုင်လတွင်စတင်ဆောင်ရွက်ခဲ့ကာ ရန်ကုန်မြို့၌ Cloud Computing နှင့် Mobile Application ဖန်တီးသည့်လူတော်လူချွန်မျ ားလေ့ကျင့်ရေးပလက်ဖောင်းထူထောင်ထားပြီး Cloud ComputingServer စသည့်လေ့ကျင့်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ တည်ဆေက်ရေးတို့ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ လန်ချန်း-မဲခေါင်းနိုင်ငံအသီးသီးမှ သင်တန်းသားများခေါ်ယူ၍ Cloud Computing ဆိုင်ရာနည်းပညာများလေ့ကျင့်ရေးနှင့် အသိအမှတ်ပြုရေးတို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။
စီမံကိန်းကို ၂၀၂၁ခုနှစ်စက်တင်ဘာလတွင်ဆောင်ရွက်ပြီးစီးမည်ဖြစ်ပြီးမြန်မာနိုင်ငံနှင့်လန်ချန်း-မဲခေါင်နိုင်ငံအသီးသီးအတွက်အရေးပေါ်လိုအပ်နေသည့် Cloud Computingအဆင့်မြင့်ထူးချွန်သူများမွေးထုတ်ပေးနိုင်မည်ဟုသိရသည်။
Source: Chinese Embassy in Myanmar