အမေရိကန်နိုင်ငံက ဝင်ခွင့်ခက်ခဲတဲ့ Ivy League တက္ကသိုလ်တွေဖြစ်တဲ့ တက္ကသိုလ် (၈) ခုကနေ သင်တန်းအမျိုးအစား အစုံအလင်ကို အခမဲ့ သင်ယူနိုင်မယ့် အခွင့်အရေးကို မျှဝေပေးသွားပါမယ်။
သင်တန်းပြီးဆုံးကြောင်းလက်မှတ်ပါ ရရှိမှာ ဖြစ်ပြီး စီးပွားရေး၊ နည်းပညာ၊ ကျန်းမာရေး၊ ပညာရေး၊ အနုပညာနဲ့ ဒီဇိုင်း စတဲ့ သင်ခန်းစာတွေကို သင်ယူနိုင်မှာ ဖြစ်ပါတယ်။
သင်ကြားပေးထားတဲ့ တက္ကသိုလ်များ
တက်ရောက်နိုင်မယ့် သင်တန်းများ
(၂၁) ရာစုမှာ လူငယ်တွေအတွက် မဖြစ်မနေ လိုအပ်တဲ့ Skill တွေကို အိမ်မှာနေရင်း ကမ္ဘာထိပ်တန်းတက္ကသိုလ်တွေကနေတဆင့် အချိန်မရွေး၊ နေရာမရွေး လေ့လာလိုတယ်ဆိုရင် အောက်ပါလင့်ခ်ကနေတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။ နောက်ပြီး သင်တန်းတွေ ရှာဖွေတဲ့အခါ Beginner၊ Intermediate နဲ့ Advanced ဆိုပြီး ကိုယ်အဆင်ပြေတဲ့ Level ကို ရွေးချယ် လေ့လာလို့ရပါသေးတယ်။
> https://www.classcentral.com/collection/ivy-league-moocs?
သင်ကြားပေးမယ့်သူတွေကတော့ Ivy League တက္ကသိုလ်တွေက ဆရာတွေဖြစ်ပြီး သင်ကြားရေး ဗီဒီယိုတွေကနေတဆင့် Module အလိုက် လေ့လာရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ခန်းစာမှာ Assignment တွေ၊ Quizz တွေလည်း ပါဝင်တဲ့အတွက် စာတကယ်လိုက်လုပ်ဖြစ်မှာ အသေချာပါ။
========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။