တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကို မဖြေခင်တစ်ရက်အလိုထိ လျှောက်ထားနိုင်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၇) ရက်နေ့တွင် စတင်ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုခွင့် လျှောက်လွှာတင်သွင်းမှုကို စာမေးပွဲမဖြေခင် တစ်ရက်အလိုအထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကို ယခုအချိန်အထိ အကြောင်းအမျိုးမျိုးကြောင့် စာရင်းမပေးရသေးသည့် ကျောင်းသားကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာတင်သွင်းမှုကို မတ်လ (၁၆) ရက်နေ့ထိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အခက်အခဲတစ်စုံတစ်ရာကြောင့် ရပ်ဝေးဒေသများမှ ပြောင်းရွှေ့လာပြီး တက္ကသိုလ်ဝင်စာမေးပွဲကို မူလစာရင်းသွင်းထားသည့် စာစစ်ဌာနများမှာ မဖြေဆိုနိုင်ဘဲ စာစစ်ဌာန ရွှေ့ပြောင်းပြီး ဖြေဆိုလိုသူ ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက် မြို့နယ်ပညာရေးမှူးရုံးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့အား တိုက်ရိုက်ဆက်သွယ်ပြီး လုပ်ဆောင်နိုင်သည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်း နဝမတန်း အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့သူများ၊ စနစ်ဟောင်း တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများနှင့် စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများသည်လည်း ပြင်ပဖြေအဖြစ် ဖြေဆိုခွင့် လျှောက်ထားနိုင်သည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲကို မတ်လ (၁၇) ရက်နေ့မှ မတ်လ (၂၂) ရက်အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီ၀ဗေဒ/ဘောဂဗေဒတို့ကို တစ်ရက်တစ်ဘာသာနှုန်းဖြင့် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပိတ်ရက်မရှိ ဖြေဆိုရမည်ဖြစ်သည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ခရိုင် (၁၀၄) ခရိုင်၊ မြို့နယ်ပေါင်း (၂၅၀) တွင် ဝင်ရောက်ဖြေဆိုခွင့် လျှောက်ထားသူ (၂၂၀၀၀၀) ကျော်ရှိပြီး စာစစ်ဌာန (၈၁၇) ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူဦးရေ (၁၂,၀၀၀) ကျော်သာရှိခဲ့ပြီး ယခုနှစ်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်လျှောက်ထားသူ (၂၀၀,၀၀၀) ကျော် စာရင်းသွင်းထားသည့်အတွက် ယခင်နှစ်ကထက် (၈,၀၀၀) ကျော်လောက် မြင့်တက်လာပါသည်။

Source - MRTV

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News Read 219 times