၁၀၀% အထိ ပညာသင်ဆု အခွင့်အရေးတွေ ပေးအပ်သွားမယ့် နိုင်ငံတကာပညာရေးပြပွဲ

မြန်မာကျောင်းသားတွေအတွက် နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်မယ့် အခွင့်အရေးတွေကို ယူဆောင်လာပေးမယ့် နိုင်ငံတကာ ပညာရေးပြပွဲကြီးကို MaxiMax Education & Migration Services Myanmar ကနေ ဦးစီးပြီး ကျင်းပပေးတော့မှာ ဖြစ်ပါတယ်။

MaxiMax Myanmar ကနေ ဦးဆောင်ကျင်းပမယ့် Go World 2025 နိုင်ငံတကာပညာရေးပြပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့၊ ရန်ကုန်မြို့ Zealax Hotel မှာ ဝင်ကြေးအခမဲ့နဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

ဘယ်သူတွေ တက်ရောက်သင့်လဲ?

  • တက္ကသိုလ် လျှောက်ဖို့အတွက် လိုအပ်တဲ့ Admission Requirements တွေ၊ Visa လျှောက်လွှာ အဆင့်တွေ၊ ရွေးချယ်ထားတဲ့ နိုင်ငံနဲ့ ကျောင်းတွေရဲ့ Terms & Conditions တွေကို သိချင်သူတွေ
  • သားသမီးတွေရဲ့ အနာဂတ် ပညာရေးလမ်းကြောင်းအတွက် အသေးစိတ် တိုင်ပင်ချင်တဲ့ မိဘတွေ
  • အထက်တန်းအောင်မြင်ပြီးနောက် တက္ကသိုလ် ဆက်တက်မယ့် ကျောင်းသား၊ ကျောင်းသူတွေ
  • Bachelor ဘွဲ့ရရှိပြီး ပညာရေးကို တစ်ဆင့်မြှင့်ချင်တဲ့ လူငယ်တွေ
  • ပညာသင်ဆုနဲ့ ကျောင်းတက်လိုတဲ့ လူငယ်တွေ
  • အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာဖွေလိုသူတွေ

 

ပွဲမှာ ပါဝင်မယ့် အစီအစဉ်များ

  • ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေရဲ့ ကိုယ်စားလှယ် ဆရာ/ဆရာမတွေနဲ့အတူ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်မှု
  • ကိုယ်တက်ချင်တဲ့ကျောင်း၊ နိုင်ငံ၊ မေဂျာ၊ ဗီဇာလုပ်ငန်းစဉ်တွေကို MaxiMax Myanmar ရဲ့ Counselors တွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်မှု
  • ကျောင်းတက်နေတဲ့အချိန် ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ စတဲ့ အတွေ့အကြုံတွေကို မျှဝေပေးမယ့်  စီနီယာ မြန်မာကျောင်းသားတွေရဲ့ Session
  • ကျောင်းလျှောက်ဖို့ ပြင်ဆင်ထားတဲ့သူတွေအတွက် လိုအပ်တဲ့ Documents တွေ ယူလာရုံနဲ့ တစ်ခါတည်း ကျောင်းလျှောက်နိုင်မယ့် အစီအစဉ်
  • (၃၀)% ကနေ (၁၀၀)% အထိ ကင်းလွတ်ခွင့်ရမယ့် ပညာသင်ဆု ပေးအပ်မယ့် အစီအစဉ်
  • ပွဲလာသူတွေအတွက် ပျော်စရာကောင်းတဲ့ Activities နဲ့ Exclusive Giveaways အစီအစဉ်တွေ

 

ပွဲမှာ ပါဝင်မယ့် နိုင်ငံများ

  • Australia
  • New Zealand
  • USA
  • Canada
  • UK
  • Ireland
  • Germany
  • Switzerland
  • Vietnam
  • Malaysia
  • Singapore
  • Thailand
  • Korea

 

နိုင်ငံခြားကို Study Abroad အစီအစဉ်နဲ့ အမြန်ဆုံး ထွက်ချင်သူတွေအတွက် တစ်နေရာတည်းမှာ သိလိုသမျှကို မေးမြန်းနိုင်မှာဖြစ်တဲ့အတွက် အောက်ပါလင့်ခ်ကနေတဆင့် အခမဲ့ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

စာရင်းသွင်းရမယ့်လင့်ခ် > https://forms.office.com/pages/responsepage

 

ပွဲစဉ်အသေးစိတ်

Date - 22 Feb 2025 (Saturday)

Time - 9:00 AM to 1:00 PM

Venue - Zealax Hotel & Residence

Phone - 09-443260856 , 09-440244002

 

Latest Post Events & Exhibitions Read 92 times