၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်ရာသီမှစ၍ ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ် (၄၀) တွင် ကျောင်းအပ်နှံခြင်းနှင့် ငွေသွင်းခြင်း လုပ်ငန်းစဉ်များကို အွန်လိုင်းမှတစ်ဆင့် စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်ဒ်မှတဆင့် သိရသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် နေ့သင်တန်းကျောင်းအပ်နှံမှုကို ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် Naypyitaw State Academy တို့တွင်သာ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအဝေးသင်ကျောင်းအပ်ကာလတွင် ရန်ကုန်တက္ကသိုလ် အပါအဝင်
ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဒ်ဖြစ်သော https://sms.moe.gov.mm သို့ ဝင်ရောက်ပြီး သက်ဆိုင်ရာ တက္ကသိုလ်များကို ရွေးချယ်ကာ အွန်လိုင်းမှတဆင့် ကျောင်းအပ်နှံနိုင်ပြီး ကျောင်းလခအတွက် ငွေပေးချေခြင်းကို United Amara Bank (UAB) Pay တစ်ခုတည်းဖြင့်သာ ဆောင်ရွက်နိုင်ပါသေးသည်။
သို့သော် လက်ရှိ အဝေးသင်ကျောင်းအပ်ကာလတွင် ဝန်ကြီးဌာနအနေဖြင့် ကျောင်းလခ ငွေပေးချေခြင်းကို အခြား Pay များဖြင့်လည်း ဆောင်ရွက်နိုင်ရန် ဆက်လက် စီစဉ်နေပြီး ကျောင်းဝင်ကြေး၊ ကျောင်းလခနှင့် စာမေးပွဲကြေးတို့ကို UAB Pay အပြင် အခြား Pay များဖြင့်လည်း ပေးချေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
Source - NP News