မိမိသင်ကြားရေးအတွေ့အကြုံကို နောက်ထပ် Upgrade မြှင့်တင်ချင်တဲ့ ဆရာ၊ ဆရာမတွေအတွက် အမေရိကန်အစိုးရက Fully-Funded ထောက်ပံ့ပေးတဲ့ ပညာသင်ဆု ပရိုဂရမ်တစ်ခုကို မျှဝေပေးသွားပါမယ်။
ပရိုဂရမ်အကြောင်း
The Fulbright Teaching Excellence and Achievement (FTEA) ပရိုဂရမ်ဆိုတာ နိုင်ငံတကာက အလယ်တန်းနဲ့ အထက်တန်းပြ ဆရာ/ဆရာမတွေအတွက် အမေရိကန် တက္ကသိုလ်တစ်ခုမှာ သင်ကြားရေးဆိုင်ရာ ဆွေးနွေးပွဲတွေ တက်ရောက်ခွင့်ရမယ့်အပြင် Secondary ကျောင်းမှာ လက်တွေ့ဝင်ရောက် သင်ကြားခွင့် အတွေ့အကြုံကို ရရှိမယ့် ပရိုဂရမ်ဖြစ်ပါတယ်။
အချိန်ကာလနှင့် သင်တန်းအစီအစဉ်များ
ပရိုဂရမ်က အချိန်ကာလအားဖြင့် (၆) ပတ်တာ ကြာမြင့်မှာဖြစ်ပြီး အမေရိကန် တက္ကသိုလ်တစ်ခုမှာ အောက်ပါအကြောင်းအရာတွေကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေသတွင်း Secondary ကျောင်းတစ်ခုမှာ နာရီ (၄၀) ပြည့်အောင် လက်တွေ့သင်ကြားရေး လုပ်ဆောင်ရမှာ ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ပညာရေးစနစ်တွေကိုလည်း အတွေ့အကြုံရှိ နိုင်ငံတကာ ဆရာ၊ ဆရာမတွေနဲ့အတူ လက်တွဲ လေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်။
ပါဝင်သူတွေက Gender Education (သို့) Climate Education (သို့) Media Literacy စတဲ့ မိမိစိတ်ဝင်စားရာ အကြောင်းအရာတစ်ခုကိုလည်း အထူးပြု လေ့လာနိုင်ပါတယ်။
အရည်အချင်း သတ်မှတ်ချက်များ
ပညာသင်ဆုမှာ ရရှိမယ့် အကျိုးခံစားခွင့်များ
ဒီပညာတော်သင်အစီအစဉ်အကြောင်း ပိုပြီး သိရဖို့အတွက် https://mm.usembassy.gov/fulbright-teaching-excellence-and-achievement-program/? မှာ ဝင်ကြည့်ပြီး သတ်မှတ် လျှောက်လွှာကို [email protected] ဆီသို့ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့၊ နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။
========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။