Sales Hotline : 09448001653       Download App



TOPIK  တနှစ် ၈ ကြိမ် ကျင်းပမည်

TOPIK  တနှစ် ၈ ကြိမ် ကျင်းပမည်

ကိုရီးယားဘာသာစကား အရည်အချင်းစစ် စာမေးပွဲ Test of Proficiency in Korean (TOPIK) ကို နောက်နှစ်တွင် ပြည်ပမှာ ၈ ကြိမ် ကျင်းပပေးမည်ဟု တောင်ကိုရီးယား ပညာရေးဝန်ကြီးဌာနက ပြောကြားသည်။

 ပညာရေးဝန်ကြီးဌာန၏ "Study Korea 300K Project" ကို အကောင်အထည်ဖော်ရာ၌ ၂၀၂၇ ခုနှစ်တွင် ပြည်တွင်းတက္ကသိုလ်များမှာ ပညာသင်ကြားရန် နိုင်ငံခြားကျောင်းသား ၃ သိန်းအထိ ရရှိရန်  ရည်ရွယ်ထားသည့်အတွက် TOPIK ကို ကြိမ်ရေ တိုးမြှင့်ပေးခြင်း ဖြစ်သည်။

နည်းပညာမြင့် စက်မှုလုပ်ငန်းများအတွက် ကျွမ်းကျင်သော နိုင်ငံခြားသား လုပ်သားများ ရရှိသည်မှာ သေချာနေစေရန်နှင့်  နိုင်ငံ၏ ကမ္ဘာ့ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ကြိုးပမ်းသည့် အနေဖြင့် ဝန်ကြီးဌာနသည် ဩဂုတ်လတွင် အဆိုပါစီမံကိန်း "Study Korea 300K Project" ကို ကြေညာခဲ့သည်။

နိုင်ငံရပ်ခြားတွင် TOPIK ဖြေဆိုသူ ပိုများလာသော်လည်း ဖြေဆိုခွင့်ရရရန် အခွင့်အလမ်းများ နည်းပါးနေသည့်အပေါ် ဝေဖန်ပြောဆိုမှုများကြောင့် စာမေးပွဲကို ကြိမ်ရေတိုးပေးရန် ဆုံးဖြတ်ခဲ့သည်။

ဝန်ကြီးဌာနသည် စက္ကူပေါ် ရေးဖြေသည့်  TOPIK စာမေးပွဲကို နိုင်ငံပေါင်း ၉၀ ကျော်အထိ ကျင်းပပေးမည်။ အွန်လိုင်းဖြေဆိုသည့် စာမေးပွဲကို နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် ကျင်းပပေးရန် စီစဉ်ထားသည်။


၁၉၉၇ ခုနှစ်တွင် စတင်ခဲ့သော TOPIK သည် ကိုရီးယားတက္ကသိုလ်များတွင် ပညာသင်ကြားလိုသောသူများ၊  ကိုရီးယားကုမ္ပဏီများတွင် အလုပ် လုပ်ကိုင်လိုသော နိုင်ငံခြားသားများ၏ ကိုရီးယား ဘာသာစကားကျွမ်းကျင်မှုကို စစ်ဆေးတိုင်းတာ‌ပေးသည့် စာမေးပွဲ ဖြစ်ပါသည်။
Source koreatimes 

ယခုနှစ်တွင် ဖြေဆိုသူဦးရေ ၄ သိန်းအထက်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ 

Source koreatimes 
 

International News Read 184 times