Sales Hotline : 09448001653       Download App



 ဆယ်စုနှစ် အတွင်း အဆိုးရွားဆုံးသော မသမာမှုများနှင့် ကြုံတွေ့ခဲ့သည့် အမေရိကန်၏ စစ်တပ်အကယ်ဒမီ

အမေရိကန်နိုင်ငံ၏ စစ်တပ်အကယ်ဒမီတစ်ခု ဖြစ်သည့် West Point တွင် ပညာသင်ကြားနေသည့် ဗိုလ်လောင်း ၇၀ ကျော် သည် ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာရောဂါကြောင့် အဝေးမှ အွန်လိုင်းဖြင့် သင်ကြားကြရာတွင် သင်္ချာစာမေးပွဲတွင်  မသမာမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။

West Point အကယ်ဒမီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ဖြစ်သည့် ဒုဗိုလ်မှူးကြီး ဖြစ်သူ  Christopher Ophardt ပြောကြားသည်မှာ ပြီးခဲ့သည့် မေလတွင် တွက်ချက်မှုဆိုင်ရာစာ‌မေးပွဲ တစ်ခုဖြစ်သည့် Calculus စာမေးပွဲတွင်  ဗိုလ်လောင်း ၇၃ဦးသည် မသမာမှုများဖြင့် ဖြေဆိုထားကြသည်ကို သင်တန်းအရာရှိများမှ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဖြစ်သည်။

အတန်းသား ၁,၂၀၀ ခန့်ရှိသည့် အနက် ထို ၇၃တွင် တစ်ဦးမှာသာ ပထမနှစ်ကျောင်းသား  ဖြစ်ပြီး ကျန်သူများမှာ ဒုတိယနှစ်ကျောင်းသားများ ဖြစ်ကြပါသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာရောဂါကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများနှင့် အဝေးမှ အွန်လိုင်းဖြင့် သင်ရသော သင်ကြားရေး နည်းလမ်းများကို  ရင်ဆိုင်နေရသော်လည်း West Point ၏ ဂုဏ်သိက္ခာရှိမှုနှင့် အသက်မွေးဝမ်းကြောင်း တိုးတက်ရေး ဆိုင်ရာ အစီအစဥ်များမှာ ကျဆင်းသွားခြင်း မရှိဘဲ ဆက်လက်တိုးတက် နေမြဲ ဖြစ်သည်ဟု ဒုဗိုလ်မှူးကြီး ဖြစ်သူ  Christopher Ophardt က ဆိုထားပါသည်။ 

“စည်းကမ်းချိုးဖောက်ထားသည့် ဗိုလ်လောင်းများက‌တော့ ထုချေလွှာတင်ရန် ဆောင်ရွက်ရမည် ဖြစ်သည်” ဟု သူက ဆက်လက်၍ ပြောကြားသည်။

လေ့ကျင့်ရေး ဗိုလ်လောင်းများကို ဂုဏ်ထူးဆောင်များပါဝင်သည့် ကော်မတီအဖွဲ့အစည်း၏ စုံစမ်းစစ်ဆေးမှု အပြီးတွင် စွပ်စွဲခံရသည့် နှစ်ယောက်ကို သက်သေ အထောက်အထား မခိုင်လှုံမှုကြောင့် ပယ်ချခဲ့ပြီး လေးယောက်မှာတော့ ကျောင်းမှထွက်ခဲ့ကြပါသည်။

ကျန် ၆၇ မှုအနက် ၅၅ ဦး မှာ မသမာမှုများကို ဝန်ခံခဲ့ပြီး ကျင့်ဝတ်ဆိုင်ရာကို အဓိကထားသည့် ပြန်လည်ထူထောင်ရေးစခန်းတွင် ခြောက်လ သွားရောက် အပြစ်ခံရန် စာရင်းသွင်းခြင်း ခံခဲ့ရပါသည်။ ၎င်းတို့အနေဖြင့် အကယ်ဒမီတွင် ကျန်ရှိနေသည့် ကာလတစ်လျှောက်လုံး စောင့်ကြည့်ခံရမည် ဖြစ်ပါသည်။
ကျန်ရှိနေသည့် ဗိုလ်လောင်း သုံးဦးမှာ မသမာမှုကို ဝန်ခံခဲ့သော်လည်း ပြန်လည်ထူထောင်ရေးစခန်းကို သွားရောက်ရန် အရည်အချင်း ပြည့်ဝမှုမရှိပေ။ထိုသုံးဦးမှာ အမှုကြားနာရန်ကျန်ရှိနေပြီး အကယ်၍ ၎င်းတို့သည် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက်ခဲ့ပါက ပြစ်ဒဏ်ချမှတ်ရန် တာဝန်ရှိသူများမှ အကြံပြုထားပါသည်။

West Point ၏ ထိုသို့ လိမ်လည်မှုဆိုင်ရာ အရှုပ်တော်ပုံကြီးသည် ၁၉၇၆ ခုနှစ် ကတည်းကမှ ဖြစ်ပြီး လျှပ်စစ်ပိုင်းဆိုင်ရာ စာမေးပွဲ ဖြစ်သည့် Electrical Exam တွင် စုစုပေါင်း ဗိုလ်လောင်း ၁၅၃ ယောက်ခန့်သည် လိမ်လည်မှုဖြင့် ကျောင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ အချို့မှာ မိမိဆန္ဒ ဖြင့် နှုတ်ထွက်ခြင်းဖြစ်ပြီး အချို့မှ ကျောင်းမှ ထုတ်ပယ်ခံရခြင်းဖြစ်ပါသည်။

“ဒီ ၁၉၇၆ခုနှစ်က ပို၍ ပြင်းထန်တယ်လို့ ပြောလို့ရတယ်၊ ဒါကို စီစဥ်ပြီး အတူတွ ပူးပေါင်းဆောင်ရွက်သူများမှာ အတန်းကြီး မှ ဖြစ်ပြီး ဒီလိုလိမ်လည်မှုကြောင့် ကျောင်း၏ စနစ်တစ်ခုလုံး ပျက်စီးသွားတယ်“ ဟု  Ophardt ကဆိုပါသည်။

၁၉၇၆ လိမ်လည်မှုအရှုပ်တော်ပုံတွင်စစ်တပ်၏အတွင်းရေးမှူးသည်ယခင်ကအာကာသယာဉ်မှူးဖရန့်ဘရန်နမ်ကို အမှုကိစ္စများကို ပြန်လည်စစ်ဆေးခန့်အပ်ခဲ့သည်။ ထို့နောက်တွင် ဖမ်းဆီးရရှိခဲ့သော ဗိုလ်လောင်းများအနက် အယောက်ကိုးဆယ်ခန့်ကို ကျောင်းပြန်တက်ရန်နှင့် ဘွဲ့ယူနိုင်ရန်အတွက် ခွင့်ပြုခဲ့သည် ဟု  Ophardt က ပြောခဲ့ပါသည်။

Ref: CBS News

By Myanmar Education Guide (EDGE) 
 

International News Read 480 times