ဆော်ဒီအာရေဗျ မှ ကျောင်းသားများ အိမ်တွင်နေ၍အဝေးမှ သင်ယူသောနည်းဖြင့် ဆက်လက်သင်ကြား

ဆော်ဒီအာရေဗျတွင် ကျောင်းသားများ လူကိုယ်တိုင်သင်ကြားရသည့် အတန်းများကို Corona Virus ကူးစက်မှုများ ပျံနှံ့လာမှုကြောင့် ယခုနှစ်၏ စာသင်နှစ် ကို တနင်္ဂနွေနေ့မှစ၍ အိမ်တွင်နေကာ စတင်သင်ကြားနေပြီဖြစ်ပါသည်။

Coronavirus အသစ်ဖြစ်ပွားမှုနှုန်း ၁၀၀၀ ဝန်းကျင်ခန့်ကို အရှေ့အလယ်ပိုင်း နိုင်ငံများတွင် တွေ့ရှိခဲ့ပြီး ၎င်းအရေအတွက်မှာ အီရန်ပြီးလျှင် ဒေသတွင်း ဒုတိယမြောက် ကူးစက်မှုအများဆုံး ဖြစ်သည်။

အစိုးရအနေဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုကာကွယ်ရန်အတွက် စာသင်နှစ်သစ်၏ ပထမခုနစ်ပတ်တွင် အွန်လိုင်းသင်ကြားရေးအတွက် လေ့လာမှုများကို ပြုလုပ်မည်ဟု ကြေငြာထားသည်။

မြို့တော် Riyadh တွင် နေထိုင်သည့် မူလတန်း ပထမနှစ် ကျောင်းသူမှ သူမအနေဖြင့် ကျောင်းကို သွားလိုကြောင်း၊ သူမ၏ ဆရာမများနှင့် သူငယ်ချင်းများနှင့် တွေ့ဆုံရခြင်း သတိရနေမည်ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျအစိုးရသည် ဗိုင်းရပ်စ်ကူးစက်မှု နှိမ်နင်းရေးကို အစွမ်းကုန် အရှိန်တင် ဆောင်ရွက်လျက် ရှိသည်။ အဘယ်ကြောင့် ဆိုသော် လာမည့် နိုဝင်ဘာလတွင် အကြိမ် ၂၀ မြောက်ထိပ်သီးအစည်းအဝေးကို ကျင်းပမည် ဖြစ်သောကြောင့် ဖြစ်သည်။

 

By Myanmar Education Guide – EDGE

Ref: NHK World 

Latest Post Read 397 times