British Council Myanmar ရဲ့ IELTS စာမေးပွဲ အခမဲ့ ဖြေဆိုခွင့်

British Council Myanmar ရဲ့ "British Council’s IELTS Champ" ပရိုဂရမ်ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၇) ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားပြီး IELTS စာမေးပွဲကို အခမဲ့ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

 

ဘယ်လိုလူတွေ လျှောက်ထားလို့ရလဲ?

  • အသက် (၁၈) နှစ် ပြည့်ပြီးသူများ
  • IELTS စာမေးပွဲကို ဖြေဆိုဖို့ ပြင်ဆင်နေသူများ (British Council မှာ IELTS စာမေးပွဲအတွက် စာရင်းမသွင်းထားသူတွေလည်း လျှောက်ထားနိုင်)

မှတ်ချက်။  ။ အသက် (၁၈) နှစ်အောက်ဆိုရင် အောက်ကလင်ခ့် အဆုံးမှာ ပါတဲ့ သဘောတူညီချက်မှာ မိဘလက်မှတ်ထိုးပြီး [email protected] ကို အီးမေးလ် ပေးပို့ရပါမယ်။

>> https://www.britishcouncil.org.mm

 

ဆုကြေး

Academic (သို့) General IELTS စာမေးပွဲကြေး (၁) ကြိမ်စာ အပြည့်အ၀ ရရှိပါမယ်။

 

ဘယ်လို ပါဝင်ရမလဲ?

အဆင့် (၁) - အောက်ပါ မေးခွန်း (၃) ခုကို စက္ကန့် (၉၀) စာ ဗီဒီယို ရိုက်ကူး ဖြေဆိုရပါမယ်။

(1) What is the importance of IELTS for your education goals?

(2) What are the reasons for choosing the British Council for your IELTS journey?

(3) What effort did you put into preparing for your IELTS test, and how did it help you achieve your target score?

အဆင့် (၂)  - ရိုက်ကူးထားတဲ့ ဗီဒီယိုကို TikTok (သို့) Instagram (သို့) Facebook တစ်ခုခုမှာ (#BritishCouncilIELTSChamp ၊ #BritishCouncilMM ၊ #IELTSMM) Hashtag တွေ သုံးပြီး Public Share လုပ်ရပါမယ်။

အဆင့် (၃) - အောက်ပါ အွန်လိုင်းလျှောက်လွှာကို ဖြည့်ပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုကိုပါ တွဲတင်ပေးရပါမယ်။ 

> https://docs.google.com/forms/

အဆင့် (၄) - ရိုက်ကူးထားတဲ့ ဗီဒီယိုလင့်ခ်နဲ့အတူ သတ်မှတ် Hashtag တွေကို (#BritishCouncilsIELTSChamp၊ #BritishCouncilMM၊ #IELTSMM) အောက်ဖော်ပြပါ Campaign Post အောက်မှာ Comment မန့်ပေးရပါမယ်။

https://www.facebook.com/BritishCouncilMyanmar

 

လျှောက်လွှာကို ၂၀၂၅ ခုနှစ်၊ မတ်လ (၇) ရက်နေ့အထိ လက်ခံသွားမှာ ဖြစ်ပြီး မတ်လ (၂၁) ရက်နေ့မှာ Winner (၅) ယောက်ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူ (၅) ယောက်က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး IELTS စာမေးပွဲ ဖြေဆိုရပါမယ်။

 

ဗီဒီယိုနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်များ

နေရာ

ပြင်ပနေရာ - စိမ်းလန်းစိုပြေတဲ့ ဧရိယာကို ရွေးချယ်ပါ။ (ဥပမာ- ပန်းခြံ/ဥယျာဉ်/ကော်ဖီဆိုင်)
အတွင်းနေရာ - ကျယ်ဝန်းပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ အလုံပိတ်နေရာကို ရွေးပါ။ (စာသင်ခန်း/ ကွန်ဖရင့်ခန်း )

အချိန် 

မနက် (၆) နာရီကနေ (၁၀) နာရီအတွင်း (သို့) နေ့ခင်း (၂) နာရီကနေ ည (၆) နာရီအတွင်း အချိန်မရွေး ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ အလင်းပြန်နေတာမျိုး၊ မျက်နှာမှောင်နေတာမျိုး မဖြစ်စေရပါ။

ဗီဒီယိုအနေအထား 

ဗီဒီယိုတွေကို ဒေါင်လိုက် (သို့) အလျားလိုက် ကြိုက်သလို ရိုက်ကူးနိုင်ပါတယ်။

ကင်မရာအနေအထား

ကင်မရာကို Tripod ပေါ်မှာ တပ်ဆင်ထားရပါမယ် (သို့) ခိုင်ခံ့ပြီး တည်ငြိမ်တဲ့ မျက်နှာပြင်ပေါ်မှာ ရှိရပါမယ်။ ဗီဒီယိုမှာ လူက ထိုင်နေရပါမယ်။ လူအပေါ်တစ်ပိုင်းပေါ်ရမှာ ဖြစ်ပြီး ခေါင်းကနေ ကင်မရာဘောင်အထိ (၆-၈) လက်မလောက် နေရာလွတ် ရှိနိုင်မယ့် အကွာအဝေးမှာ ကင်မရာ ထားပြီး ရိုက်ရပါမယ်။

အသံအနေအထား

သင့်မှာ မိုက်ခရိုဖုန်းရှိရင် အသုံးပြုပါ။ ပြင်ပဆူညံသံတွေကို ဖယ်ရှားပါ။ အသံအနေအထားက ဖော်ရွေကာ ယုံကြည်မှုရှိတဲ့ အသံမျိုးဖြစ်ပြီး ရှင်းလင်းပြတ်သားရပါမယ်။

 

အသေးစိတ်ဖတ်ရှုရန်

>> https://www.britishcouncil.org.mm/british-councils-ielts-champ?

===========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

High Latest Post University / College Vocational Read 579 times