မူလတန်းပညာရေးကို ဖြတ်ကျော်ပြီးတဲ့အခါ အလယ်တန်းနဲ့ အထက်တန်းပညာရေးကို ဆက်လက် တက်ရောက်ရမှာ ဖြစ်ပါတယ်။ အဆင့်မြင့် တက္ကသိုလ်ပညာရေးအတွက် အခွင့်အလှမ်းကောင်းတွေ ရရှိနိုင်မှုကို အလယ်တန်းနဲ့ အထက်တန်းကသာ အဆုံးဖြတ်ပေးတာဖြစ်တဲ့အတွက် သတိကြီးကြီး ထားရမယ့် ပညာရေးကဏ္ဍ ဖြစ်ပါတယ်။
ကျောင်းအရေအတွက်နဲ့ ကျောင်းသားဦးရေ
ရန်ကုန်မြို့မှာ အလယ်တန်းနဲ့ အထက်တန်းပညာရေးကို ဖွင့်လှစ် သင်ကြားပေးနေတဲ့ နိုင်ငံတကာကျောင်းတွေ (၅၈) ကျောင်းခန့် ရှိပါတယ်။ ကျောင်းတစ်ကျောင်းမှာ ကျောင်းသား (၃၀၀) ကနေ (၅၀၀) ကျော်အထိ ကျောင်းအပ် စာရင်းပေးသွင်းမှု ရှိနေပါတယ်။
အသက်အရွယ်အလိုက် တက်ရောက်ရမယ့် အတန်း
အသက် (၁၂) ကနေ (၁၄) နှစ်အထိက Grades (7–9) အတန်းတွေကို တက်ရောက်ရမယ့် အလယ်တန်းကျောင်းသားတွေ ဖြစ်ပြီး အသက် (၁၅) နှစ်ကနေ (၁၇) နှစ်အထိက Grades (10–12) အတန်းတွေကို တက်ရောက်ရမယ့် အထက်တန်းကျောင်းသားတွေ ဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်းများ
အလယ်တန်းပညာရေးနဲ့ အထက်တန်းပညာရေးမှာ သင်ရိုးညွှန်းတမ်းတွေအနေနဲ့ British ၊ American ၊ International Baccalaureate (IB) ၊ Cambridge တို့ကို အသုံးပြုတာ အများဆုံး တွေ့ရပြီး Singaporean ၊ Australian နဲ့ French သင်ရိုးတွေကိုလည်း တချို့ကျောင်းအနည်းစုမှာ အသုံးပြု သင်ကြားလျက်ရှိပါတယ်။
အလယ်တန်းအတွက် သင်ရိုးညွှန်းတမ်းများ
British Curriculum (Key Stage 3) - UK အမျိုးသား သင်ရိုးညွှန်းတမ်းကို အခြေခံထားပြီး (၇) တန်းကနေ (၉) တန်းအထိ သင်ကြားပေးပါတယ်။ အဓိက ဘာသာရပ်တွေနဲ့ အခြေခံ ဘာသာရပ်တွေက ဟန်ချက်ညီပြီး လေးလေးနက်နက် ရှိပါတယ်။ (၁၀) တန်း၊ (၁၁) တန်းမှာ သင်ကြားရမယ့် IGCSE အတွက် ကြိုတင် ပြင်ဆင်မှု ဖြစ်ပါတယ်။
အဓိက ဘာသာရပ်များ
အခြေခံ ဘာသာရပ်များ
American Middle School Curriculum: ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်မှုနဲ့ ပြဿနာဖြေရှင်းနိုင်မှု စွမ်းရည်တွေကို တိုးတက်လာစေဖို့ အဓိကထား သင်ကြားပါတယ်။ ဘာသာရပ် ရွေးချယ်ရာမှာလည်း ကျောင်းသားတွေရဲ့ လိုအပ်ချက်အပေါ် လိုက်ပြီး လိုက်လျောညီထွေမှု ရှိပါတယ်။
အဓိကဘာသာရပ်များ
စိတ်ကြိုက်ဘာသာရပ်များ
International Baccalaureate Middle Years Program (IB MYP) - အသက် (၁၁) နှစ်ကနေ (၁၆) နှစ်ကြား ကျောင်းသားတွေအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဘာသာရပ် (၈) ခုကို သင်ကြားရမှာဖြစ်ပြီး လက်တွေ့သင်ကြားရေးအတွက် ပရောဂျက်တွေလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
သင်ကြားရမယ့် ဘာသာရပ်များ
Cambridge Lower Secondary - Cambridge IGCSE အတွက် အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးတဲ့ အတန်း ဖြစ်ပါတယ်။ ဒီသင်ရိုးမှာ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံ အပါအဝင် ဘာသာရပ် (၁၀) ခုကျော် ရွေးချယ်နိုင်ပြီး ပညာရေး၊ အလုပ်နဲ့ ဘဝတစ်လျှောက်လုံး ရှင်သန်ဖို့ ကူညီပေးနိုင်ပါတယ်။
အဓိက ဘာသာရပ်များ
စိတ်ကြိုက်ဘာသာရပ်များ
အထက်တန်းအတွက် သင်ရိုညွှန်းတမ်းများ
British Curriculum - IGCSE နဲ့ A-Levels အတန်းတွေ ပါဝင်ပါတယ်။ (၁၀) တန်း၊ (၁၁) တန်းကျောင်းသားတွေက IGCSE O-Level (Ordinary Level) ကို တက်ရောက်နိုင်ပြီး (၁၂) တန်း ကျောင်းသားတွေက A-Levels (Advanced Levels) တွေကို တက်ရောက်ရမှာပါ။ အစီအစဉ်ကျပြီး တိုးတက်မှုရှိတဲ့ သင်ကြားရေးနည်းလမ်းကို အသုံးပြုထားတာကြောင့် နိုင်ငံတကာ တက္ကသိုလ်တွေက အသိအမှတ်ပြု လက်ခံပါတယ်။
American Curriculum - SAT (Scholastic Assessment Test) (သို့) ACT (American College Testing ) (သို့) AP (Advanced Placement) သင်တန်းတွေကို ရွေးချယ် တက်ရောက်နိုင်ပါတယ်။ ဘာသာရပ်ရွေးချယ်မှုကိုလည်း ညှိယူလို့ရပြီး ဘက်စုံပညာရေးကို အဓိကထား သင်ကြားပါတယ်။ အထူးသဖြင့် အမေရိကန် တက္ကသိုလ်တွေကို ဝင်ခွင့်ရဖို့အတွက် ပြင်ဆင်ပေးပါတယ်။
International Baccalaureate (IB) - ဝေဖန်ပိုင်းခြားတွေးခေါ်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ရှုထောင့်အမြင်ကို အလေးပေး သင်ကြားပေးတဲ့ ပညာရေးစနစ်ဖြစ်ပါတယ်။ IB MYP တက်ရောက်ပြီးတဲ့အခါ အသက် (၁၆) နှစ်ကနေ (၁၈) နှစ်အထိက IB Diploma (IBDP) ကို ဆက်လက် တက်ရောက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံအသီးသီးရဲ့ ထိပ်တန်းတက္ကသိုလ်မှာ ဝင်ခွင့်ရရှိနိုင်မယ့် အခွင့်အရေး ရှိပါတယ်။
Cambridge Curriculum - Cambridge O Level နဲ့ Cambridge A Level ဆိုပြီး (၂) မျိုး ရှိပါတယ်။ "O Level" က အသက် (၁၄-၁၆) ဝန်းကျင် Grades (10-11) ကို ကိုယ်စားပြုပြီး A Level က အသက် (၁၆-၁၉) ဝန်းကျင် Grade (12) ကို ကိုယ်စားပြုပါတယ်။ O Level က အထက်တန်း အခြေခံဖြစ်ပြီး A Level က တက္ကသိုလ်ဝင်ခွင့်အတွက် ပြင်ဆင်ပေးမယ့် တက္ကသိုလ်အကြို ပညာရေးဖြစ်ပါတယ်။
ဖော်ပြပါ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းတွေမှာ STEM ကိုလည်း ထည့်သွင်း သင်ကြားထားတာ တွေ့ရပါတယ်။ STEM ဆိုတာကတော့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာတို့ရဲ့ အတိုကောက်ဖြစ်ပြီး ပြသနာဖြေရှင်းနိုင်စွမ်း၊ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း၊ ခွဲခြားစိတ်ဖြာနိုင်စွမ်းနဲ့ အဖွဲ့လိုက် လုပ်ဆောင်နိုင်စွမ်းတွေ တိုးတက်လာစေဖို့ ဒီနယ်ပယ်လေးခုကို လက်တွေ့ကျကျ သင်ကြားရတဲ့ ပညာရေးဖြစ်ပါတယ်။
ကုန်ကျစရိတ်
ကျောင်းရဲ့ ကျော်ကြားမှုနဲ့ ခံစားခွင့်ရှိမယ့် သင်ထောက်ကူပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေအပေါ်မှာ စျေးနှုန်းတွေက အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ခန့်မှန်းခြေအရတော့ အလယ်တန်းအဆင့်အတွက် တစ်နှစ်ကို $5,000 မှ $15,000 အထိ၊ အထက်တန်းအဆင့်အတွက် တစ်နှစ်ကို $10,000 မှ $25,000+ အထိ ကုန်ကျစရိတ် ရှိနိုင်ပါတယ်။
နိုင်ငံတကာ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေရဲ့ အင်္ဂါရပ်များ
နိုင်ငံတကာကျောင်းတွေက ကျောင်းသားတွေအတွက် ကမ္ဘာ့ပညာရေးစံနှုန်းကို လက်လှမ်းမီစေဖို့ နိုင်ငံတကာ အသိအမှတ်ပြု သင်ရိုးညွှန်းတမ်းတွေကို အသုံးပြု သင်ကြားပေးလျက် ရှိပါတယ်။ နောက်ပြီး ကျောင်းသားတွေကို ပညာရေးထူးချွန်မှု၊ ဝေဖန်ပိုင်းခြားမှုဆိုင်ရာ တွေးခေါ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို လေ့ကျင့်မွေးမြူပေးပြီး အဆင့်မြင့်ပညာရေးအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးပါတယ်။