ကျောင်းသား(၂၀၀)ခန့်ကူးစက်ပြီးနောက်ဆိုးလ်မြို့တော်ရှိ ကျောင်းများကို အွန်လိုင်းသို့ပြောင်း

တောင်ကိုရီးယားနိုင်ငံတွင် ဩဂုတ်လ (၂၅) ရက်နေ့တွင် ကိုရိုနာရောဂါကို တိုက်ဖျက်သည့် အနေဖြင့် နိုင်ငံ၏လူဦးရေ (၅၂)သန်းမျှ နေထိုင်သည့် ဆိုးလ်ဒေသရှိ ကျောင်းများ အားလုံးနှင့် သူငယ်တန်းကျောင်းများ အားလုံးကို ပိတ်ခဲ့ပြီး အွန်လိုင်း အတန်းများ အဖြစ်စရန် အမိန့်ထုတ်ပြန်ခဲ့သည်။

နိုင်ငံ၏ ရောဂါရှာဖွေရေး နည်းလမ်များ ဖြစ်သည့် “လမ်းကြောင်းလိုက်ခြင်း၊ စမ်းသပ်ခြင်း၊ ကုသခြင်း” တို့သည် ကမ္ဘာ့စံနှုန်းတစ်ခု ဖြစ်လာပြီး ယခုအခါတွင် ဘုရားကျောင်းများနှင့် ဆက်နွှယ်ပြီး ဖြစ်ပေါ်လာသည့် ရောဂါကူးစက်မှု အများအပြားကို ထိန်းချုပ်ရန် ကြိုးစားလျက်ရှိသည်။

တောင်ကိုရီးယားတွင် အင်္ဂါနေ့က ကူးစက်မှုအသစ် (၂၈၀)ယောက် ရှိခဲ့ပြီး နိုင်ငံအတိုင်းအတာအနေဖြင့် စုစုပေါင်း (၁၇,၉၄၅) ယောက်ရှိခဲ့သည်။ ထိုအရေအတွက်များမှာ တစ်ကမ္ဘာလုံးနှင့် နှိုင်းယှဉ်လျှင် နိမ့်သော်လည်း တောင်ကိုရီးယား၏ (၁၂)ရက်ဆက်တိုက် တိုးမြင့်မှုမှာ သုံးဆခန့်ရှိလာပြီး အများစုမှာ အသက် ၃၀ နှင့် ၄၀ ကြားရှိသူများ ဖြစ်ကြသည်။

"ဒီမျဉ်းကွေးက ရေပြင်ညီလို ဖြစ်နေတယ် ဆိုတာပြောဖို့ သိပ်ခက်တယ်။ ရောဂါဖြစ်ပွားမှုများ ဆက်လက် မြင့်တက်နိုင်သည့် အန္တရာယ်များ ရှိနေဆဲဖြစ်သည်။” ဟု KCDC မှလက်ထောက်ဒါရိုက်တာ Kwon Jun-wook ကရှင်းလင်းပြောကြားသည်။

လွန်ခဲ့သော သီတင်းပတ်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့် နှိုင်းယှဉ်ပါက ၃ဆ ပိုမိုများပြားသည့် အဖြစ်အပျက်များ ဖြစ်ပွားခဲ့ကြောင်းကို တွေ့မြင်နိုင်ပြီး ၎င်းအရေအတွက်မှာ စိုးရိမ်ဖွယ် အရေအတွက်ဖြစ်သည်။

ရောဂါဖြစ်ပွားမှု အသစ် အများစုသည် နိုင်ငံလူ ဦး ရေ၏ ထက်ဝက်ခန့်ရှိသော ဆိုးလ်ဒေသတွင် အခြေစိုက်ထားသည်။ ယခုအခါ အာဏာပိုင်များသည် Social Distancing စည်းကမ်းများကို တင်းကြပ်ရန် လုပ်ဆောင်နေကြပြီး Seoul, Incheon, Gyeonggi ပြည်နယ်ရှိ ကျောင်းများနှင့် မူကြိုကျောင်းများကို ယခုအပတ် ဗုဒ္ဓဟူးနေ့မှ စက်တင်ဘာလ ၁၁ရက်အထိ အွန်လိုင်း အတန်းများသို့ ပြောင်းကြမည်ဖြစ်သည်။

“သြဂုတ်လကစပြီး အစုလိုက် အပြုံလိုက် ကူးစက်မှုတွေကြောင့် ကျောင်းသားတွေနဲ့ ၀န်ထမ်းတွေရဲ့ ရောဂါကူးစက်မှုတွေ ဖြစ်လာခဲ့တယ်”ဟုပညာရေးဝန်ကြီး Yoo Eun-hae က သတင်းထောက်များကို ပြောကြားခဲ့သည်။

“လွန်ခဲ့သော(၂)ပတ်အတွင်း ကျောင်းသား(၂၀၀)ခန့်နှင့် ကျောင်း၀န်ထမ်းများသည် ဗိုင်းရပ်စ် ကူးစက်ခံနေရသည်” ဟုသူမကဆိုသည်။

အွန်လိုင်း အတန်းသို့ ပြောင်းရခြင်း၏ တစ်ခုတည်းသော ခြွင်းချက်မှာ ဒီဇင်ဘာလ အစောပိုင်းတွင် ဖြေဆိုရမည့် အထက်တန်းနောက်ဆုံးနှစ် အကြီးတန်းကျောင်းသားများ၏ အရေးကြီးသော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကြောင့် ဖြစ်သည်။

တောင်ကိုရီးယားစစ်တပ်မှလည်း စစ်မှုထမ်းများကို အိမ်တွင်း အိမ်ပြင်မှာသာမက လူအများကြားတွင်လည်း မျက်နှာဖုံးများ ဝတ်ဆင်ရန် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုလည်း ပိုမိုတင်းကြပ်ခဲ့သည်။ မျက်နှာဖုံးများ မဝတ်ဆင်ထားပါက (၂)ယောက်ထက်ကျော်သည့် လေ့ကျင့်သင်ကြားခြင်းနှင့် စုဝေးခြင်းများကို တားမြစ်ထားသည်။

ပြီးခဲ့သည့်အပတ်က ဆိုးလ်ဒေသတွင် ဗိုင်းရပ်စ်ထိန်းချုပ်မှု ပိုမိုတင်းကျပ်ခဲ့ပြီး တနင်္ဂနွေနေ့တွင် အခြားနိုင်ငံများသို့ ထပ်မံတိုးချဲ့ခဲ့သည်။ ဘာသာရေး ၀န်ဆောင်မှုများ နှင့် နိုက်ကလပ်များ၊ ကာရာအိုကေဆိုင်များ နှင့် ဆိုက်ဘာကဖေးများ ပိတ်ခြင်း စသည့် ကြီးမားသောစုဝေးမှုများကို ကန့်သတ်ခြင်းများ ပါဝင်သည်။

By Myanmar Education Guide - EGDE

Ref: The Straits Time 

Latest Post News Read 813 times