မော်တော်ကား နည်းပညာဒီပလိုမာအတွက် သင်တန်းသားခေါ်ယူ

Image Source: Internet Journal

မော်တော်ကား နည်းပညာဒီပလိုမာ (Automotive Engineering Diploma) ကို အောက်တိုဘာ ၂၀ ရက် မှာ Glory သင်တန်းကျောင်းမှ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနရဲ့ Third Class Automotive Mechanic သင်ရိုးညွှန်းတမ်းအတိုင်း ဖွင့်လှစ်တာ ဖြစ်ပြီး သင်တန်းကာလကတော့ တစ်နှစ် ဖြစ်ပါတယ်။

အသေးစိတ်သိရှိရန် ပုံကို ထိပါ

No description available.

တက်ရောက်လိုသူတွေ အနေနဲ့ အနိမ့်ဆုံးအဆင့် တက္ကသိုလ်ဝင်တန်းသင်ယူဖူးသူတွေ ဖြစ်ရမှာ ဖြစ်ပြီး ဂျပန် Okayama နည်းပညာတက္ကသိုလ်မှ ဒီပလိုမာလက်မှတ် ချီးမြှင့်မှာ ဖြစ်ပါတယ်။ 

စာတွေ့လက်တွေ့ ၅၀ ရာခိုင်နှုန်း စီဖြင့် မော်တော်ကား တစ်စီးလုံးကို အခြေခံမှစတင်ကာ အဆင့်မြင့်အထိ သင်ယူနိုင်မှာ ဖြစ်ပါတယ်။ သင်တန်းအတွက် ပညာသင်ဆုပေးအပ်ရန်ရှိပြီး စက်တင်ဘာ ၁၀ ရက် မတိုင်ခင် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ 
Glory Career Training Centre 
ဖုန်း-၀၉၇၃၁၂၁၇၁၇ နဲ့ ၀၉၅၁၉၇၈၁၇ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Source: Internet Journal

Latest Post Read 3209 times