ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံး မူကြိုအရွယ်ကလေးတွေကို နည်းလမ်းမှန်မှန် စာသင်ကြားနိုင်ဖို့က ဆရာ၊ ဆရာမတွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ အရည်အသွေးမြင့် သင်ကြားရေးအရင်းအမြစ်တွေကို စုဆောင်းထားနိုင်မှ ကလေးတွေအတွက် ထိရောက်တဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ IT ခေတ်မှာ အင်တာနက်ရှိရုံနဲ့ ကိုယ်လိုအပ်တဲ့ ပညာရေးအရင်းအမြစ်တွေကို အခမဲ့ ရှာဖွေ ရယူနိုင်နေပြီပဲ ဖြစ်ပါတယ်။
ဒါကြောင့် သင်က မူကြိုဆရာ/ဆရာမဖြစ်ပြီး Lesson Plans၊ Games၊ Worksheets၊ Stories တွေ ရှာဖွေလိုတဲ့အပြင် အစောပိုင်းပညာရေးနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေ၊ စာသင်ခန်းစီမံခန့်ခွဲမှုတွေအကြောင်း ဖတ်ရှုချင်တယ်ဆိုရင် အခုပြောပြပေးသွားမယ့် Website တွေက များစွာ အထောက်အကူဖြစ်စေမှာ အသေချာပါပဲ။
Education.com က Pre-K ကနေ Grade-8 အထိ အသုံးဝင်တဲ့ Lesson Plans ၊ Worksheets၊ Games၊ Workbooks၊ Stories နဲ့ Songs တွေကို တစ်နေရာတည်းမှာ အခမဲ့ ရယူနိုင်မယ့် ရတနာသိုက်ကြီးတစ်ခုပါ။ ဒါ့အပြင် သူ့ Website မှာ အပေါ်က ပြောခဲ့တဲ့ သင်ကြားရေး အရင်းအမြစ်တစ်ခုချင်းစီကို အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး ဘာသာရပ်အလိုက် သီးသန့် Filter ခံပြီး ရှာဖွေနိုင်ပါတယ်။
2. K5 Learning
K5 Learning မှာတော့ သူငယ်တန်းကနေ (၅) တန်းအထိ ကလေးတွေအတွက် Worksheets၊ Flashcards နဲ့ Workbooks တွေကို အခမဲ့ ပေးဆောင်ထားပါတယ်။ သင်္ချာ လေ့ကျင့်ဖို့ Worksheet တွေ၊ အင်္ဂလိပ်စာအတွက်ဆို Vocabulary၊ Spelling၊ Grammar၊ Writing နဲ့ Reading အတွက် လေ့ကျင့်ခန်းတွေ၊ သိပ္ပံမှာဆိုလည်း Life sciences၊ Earth sciences နဲ့ Physical sciences တို့ကို လေ့ကျင့်ပေးလို့ရနိုင်မယ့် အရင်းအမြစ်တွေ ရှာဖွေနိုင်ပါတယ်။
မူကြိုကလေးတွေအတွက် နံပါတ်တွေ၊ စကားလုံးတွေ၊ အရောင်တွေ၊ ပုံသဏ္ဍန်တွေကို မှတ်မိစေမယ့် Worksheet တွေ ရှိတဲ့အပြင် ကလေးတွေကို လက်ရေးဆက်ပါ လေ့ကျင့်ပေးလို့ရတဲ့ Website တစ်ခု ဖြစ်ပါတယ်။
3. ABC mouse
ABC mouse ဆိုတာက မူကြိုကနေ (၂) တန်းအရွယ်ကလေးတွေအထိ Level (၁၀) ခုကို ဖြတ်ကျော်ပြီး အဆင့်အဆင့် သင်ကြားနိုင်တဲ့ Learning Activities တွေ ပါဝင်တဲ့ Website ဖြစ်ပါတယ်။ Reward System ဖြစ်တဲ့အတွက် ကလေးတွေက တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ Reading၊ Math၊ Science၊ Arts နဲ့ Music တို့ကို လေ့လာလို့ရမှာ ဖြစ်ပါတယ်။
သင်က ကလေးတွေကို အင်္ဂလိပ်ဘာသာစကား သီးသန့် သင်ကြားပေးနေတဲ့ ဆရာတစ်ယောက် ဖြစ်တယ်ဆိုရင် ESL Kidsstuff ကို မဖြစ်မနေ သိထားသင့်ပါတယ်။ Lesson Plans၊ Worksheets၊ Craftsheets၊ Flashcards နဲ့ Songs တွေအပြင် Reading လေ့ကျင့်ပေးလို့ရမယ့် စာအုပ်တွေ၊ ပုံပြင်ဗီဒီယိုတွေကိုလည်း တစ်နေရာတည်းမှာ စုံစုံလင်လင် ရှာဖွေနိုင်ပါတယ်။
ESL kids teacher တစ်ယောက်အနေနဲ့ သိထားရမယ့် အကြောင်းအရာတွေ၊ သင်ကြားရည်စွမ်းရည်တွေကို မြှင့်တင်ပေးမယ့် နည်းလမ်းတွေ၊ အသုံးဝင်တဲ့ သင်ကြားရေးနည်းလမ်းတွေ၊ လမ်းညွှန်ချက်တွေ၊ အိုင်ဒီယာတွေကိုလည်း ဖတ်ရှုလေ့လာနိုင်ပါတယ်။
5. American Psychological Association
ကလေးတွေကို စာသင်ကြားတဲ့အခါမှာ Academic ပိုင်းက အရေးကြီးသလို ကလေးတွေရဲ့ စိတ်ပညာကို နားလည်ထားဖို့ကလည်း အရေကြီးပါတယ်။ ဒါကြောင့် ကလေးတွေနဲ့ ပတ်သက်ပြီး အပြုအမူအပြောအဆိုတွေ၊ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုတွေကို သိရှိဖို့ ဆောင်းပါးတွေနဲ့ Podcast တွေကို ဖတ်လိုတယ်ဆိုရင် American Psychological Association (APA) ဆိုတဲ့ Website ရှိပါတယ်။
ကိုယ့်အတန်းထဲက ကလေးတွေအတွက် ဆွဲဆောင်မှုရှိပြီး ထိရောက်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးချင်ပေမဲ့ ဘယ်ကနေ ဘယ်လို စရမှန်းမသိရင် ဒီ Website လေးက သင့်အတွက်ပါ။ Teach Preschool ဆိုတာ စာသင်ခန်းအတွင်း လုပ်ဆောင်ချက်တွေ၊ စီမံခန့်ခွဲရေးနည်းလမ်းတွေ၊ သင်ကြားရေးဗျူဟာတွေကို လေ့လာလို့ရမယ့် အကောင်းဆုံး အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။