American သင်ရိုးကို အသုံးပြု သင်ကြားနေတဲ့ ရန်ကုန်မြို့က နိုင်ငံတကာကျောင်း (၉) ကျောင်း

အမေရိကန်သင်ရိုးညွှန်းတမ်းကို ပံ့ပိုးပေးနေတဲ့ ရန်ကုန်မြို့က နိုင်ငံတကာကျောင်း အရေအတွက်မှာ ခန့်မှန်းခြေ (၂၀) ကျော် ရှိနိုင်တယ်လို့ Yangon International School Industry Report မှာ ဖော်ပြထားတဲ့ လုပ်ငန်းဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။ ဒီနိုင်ငံတကာကျောင်းတွေဟာ ပုံမှန်အားဖြင့် American Common Core State Standards (CCSS) နဲ့ Advanced Placement (AP) ပညာရေးမူဘောင်တွေကို အခြေခံပြီး US ပညာရေးကို ပေးဆောင်ပါတယ်။

American သင်ရိုးကို အသုံးပြု သင်ကြားနေတဲ့ နိုင်ငံတကာကျောင်းတွေကို ရှာဖွေနေတဲ့ ကျောင်းသားမိဘတွေအတွက် လူသိများတဲ့ ရန်ကုန်မြို့က နိုင်ငံတကာကျောင်း (၁၀) ကျောင်းကို မျှဝေပေးသွားပါမယ်။  

 

၁။  International School Yangon

The International School Yangon (ISY) က မူကြိမှ (၁၂) တန်းအထိ ပညာရေးကို ပေးဆောင်တဲ့ နှစ် (၇၀) သက်တမ်းရှိ နိုင်ငံတကာကျောင်း ဖြစ်ပါတယ်။ ဒီကျောင်းက မူကြိုကနေ (၁၀) တန်းအထိ အမေရိကန်သင်ရိုးညွှန်းတမ်းကို အသုံးပြုပြီး ကျန်ရှိနေတဲ့ (၁၁) တန်းနဲ့ (၁၂) တန်းမှာတော့ နိုင်ငံတကာ ဘွဲ့ကြိုပရိုဂရမ်ဖြစ်တဲ့ IB ဒီပလိုမာ ပရိုဂရမ်ကို သင်ကြားပေးပါတယ်။

နှစ်စဉ်ကြေး - $14,230 ~ $26,040

လိပ်စာ - No-20, Shwe Taungyar Street , Bahan Township , Yangon, Myanmar

ဖုန်း - 09-880441040
 

၂။ International School of Myanmar

International School of Myanmar (ISM) ကလည်း မူကြိုကနေ (၁၂) တန်းပညာရေးအထိ အမေရိကန်သင်ရိုးကို အသုံးပြုပြီး သင်ကြားပေးပါတယ်။ (၁၂) တန်းပြီးရင် အမေရိကန်နိုင်ငံရဲ့ Western Association of Schools and Colleges (WASC) မှ အသိအမှတ်ပြုထားတဲ့ အထက်တန်းကျောင်း အောင်လက်မှတ်ကို ပေးအပ်ပါတယ်။

လိပ်စာ - W-22, Mya Kan Thar Main Road, Mya Kan Thar Housing, 5th Quarter,
Hlaing Township, Yangon, Myanmar

ဖုန်း - 09-443075904 , 01-530082 , 01-530083

 

၃။ Yangon International School

Yangon International School (YIS) မှာ North American သင်ရိုးကို အသုံးပြုပြီး အသက် (၃) နှစ်ကနေ (၁၈) နှစ်အရွယ်အထိ ကျောင်းသားတွေကို တာဝန်ယူ သင်ကြားပေးနေပါတယ်။ အသက် (၃) နှစ်ကနေ (၁၁) နှစ်အထိက မူကြိုကနေ G5 အတန်းတွေ၊ အသက် (၁၁) နှစ်ကနေ (၁၃) နှစ်အထိက (G6-G8) အတန်းတွေ၊ အသက် (၁၄) နှစ်ကနေ (၁၈) နှစ်အထိက (G9-G12) အတန်းတွေကို တက်ရောက်ရမှာပါ။

လိပ်စာ - No. 117, Thumingalar Housing, Thingangyun Township, Yangon, Myanmar

ဖုန်း - 09-777711118 , 01-7578171 , 01-7573149 , 01-7573903
 

၄။ Yangon American International School

Yangon American International School မှာတော့ အသက် (၂) နှစ်ကနေ (၄) နှစ်အထိ ကလေးတွေအတွက် အစောပိုင်းကာလပညာရေးကို ပံ့ပိုးပေးပါတယ်။ အသက် (၃) နှစ်ကနေ (၁၂) နှစ်အထိကလေးတွေအတွက် IB ရဲ့ မူလတန်းပညာရေး၊ အသက် (၁၁) နှစ်ကနေ (၁၆) နှစ်အထိကို IB ရဲ့ အလယ်တန်းပညာရေးကို သင်ကြားပေးပါတယ်။ ဒီကျောင်းရဲ့ သင်ရိုးညွှန်းတမ်းက အမေရိကန်ပညာရေးစနစ်နဲ့ IB ပညာရေးစနစ်ကို ပေါင်းစပ်သင်ကြားပေးပါတာ ဖြစ်ပါတယ်။

နှစ်စဉ်ကြေး - $7,500 ~ $ 20,000

လိပ်စာ - No. 2A, Yangon-Insein Road, Building (2), Ward (9), Hlaing Township, Yangon, Myanmar

ဖုန်း - 09 977 012 100
 

၅။ Yangon Academy International School

Yangon Academy International School က အမေရိကန် သင်ရိုးညွှန်းတမ်းကို အသုံးပြုပြီး ကျောင်းသားတွေကို အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းတက္ကသိုလ်တွေမှာ ဝင်ခွင့်ရရှိဖို့ ပြင်ဆင်ပေးပါတယ်။ အသက် (၃) နှစ်အရွယ် အစောပိုင်းကာလပညာရေးကနေ စပြီး အသက် (၁၈) နှစ်အရွယ် (၁၂) တန်းပညာရေးအထိ တာဝန်ယူပေးပြီး Advanced Placement (AP) ပရိုဂရမ်ကိုလည်း သင်ကြားပေးပါတယ်။

နှစ်စဉ်ကြေး - $7,000 - $20,000

လိပ်စာ - 150/B, New University Avenue Rd., Bahan Township, Yangon , Myanmar

ဖုန်း - 09-770799994 , 09-770799995 , 09-456999983

 

၆။ Thalun International School

Thalun International School မှာ (၁) နှစ်ခွဲအရွယ်ကနေ (၅) နှစ်အရွယ်ကလေးတွေက မူကြိုကို စတင်တက်ရောက်နိုင်ပြီး G1 ကနေ G5 အထိ မူလတန်းပညာရေး၊ G6 ကနေ G8 အထိ အလယ်တန်းပညာရေးကို သင်ယူရမှာပါ။ G9၊ G10၊ G11 မှာတော့ PSAT (Preliminary SAT) ကို ပြင်ဆင်သင်ကြားပေးပါတယ်။ ဒါ့အပြင် Thalun မှာ အထက်တန်းအတွက် Advanced Placement ပရိုဂရမ်လည်း ရှိတာကြောင့် စိတ်ဝင်စားရင် သင်ယူနိုင်ပါတယ်။   

လိပ်စာ - 51-C Shwe Taung Kyar Road (Golden Valley Rd), Bahan Township, Yangon (Preschool)

ဖုန်း - 09 793 899809

လိပ်စာ - 108 Hnin Si Street, Saw Yan Paing (South) Ward Ahlone Township, Yangon (Primary - G12)

ဖုန်း - 0997 628 5050 , 0977 892 5035

 

၇။ Wells International School

Wells International School-Yangon Campus က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ Wells International School ရဲ့ ကျောင်းခွဲတစ်ခု ဖြစ်ပါတယ်။ သင်ကြားရေးအတွက် အမေရိကန်သင်ရိုးနဲ့ IB သင်ရိုးတို့ကို ပေါင်းစပ် အသုံးပြုပါတယ်။ လောလောဆယ်မှာ မူကြိုတန်း (အသက် ၂ နှစ်) ကနေ Grade-5 (အသက် ၁၁ နှစ်) အထိ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ နောက်ပိုင်းမှာ အတန်းတွေကို တစ်နှစ်ထက်တစ်နှစ် ထပ်ပြီး တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နှစ်စဉ်ကြေး - $10,000 ~ $18,000

လိပ်စာ - N0.50, Pyay Road, 6.5 Miles, 11 Ward, Hlaing Township, Yangon

ဖုန်း - 0995 44 66 999

 

၈။ Victory International School

Victory International School မှာ မူကြိုတန်းကနေ (၁၂) တန်းပညာရေးအထိ တက်ရောက်နိုင်ပါတယ်။ ကျောင်းသားတွေကို ပညာရေး၊ လူမှုရေး၊ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို တိုးတက်လာစေဖို့နဲ့ ဘဝရဲ့ ပြသနာတွေနဲ့ အမှန်တရားတွေကို ရင်ဆိုင်နိုင်ဖို့ Bible-based ပညာရေးကို ပံ့ပိုးပေးပါတယ်။

လိပ်စာ - 93/C, Thiri Mingalar 15th St., Ywar Ma (East) Ward, Insein Township, Yangon , Myanmar

ဖုန်း - 09-265708258

 

၉။ Future Kidz International School

Future Kidz International School က အမေရိကန် သင်ရိုးညွှန်းတမ်းကို အခြေခံပြီး နိုင်ငံတကာပညာရေးကို ပေးဆောင်ပါတယ်။ ဒီကျောင်းမှာ သူငယ်တန်းကနေ (၁၂) တန်းအထိ ပညာရေးကို ပေးဆောင်ပြီး ကျောင်းသားတွေကို ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းတက္ကသိုလ်တွေမှာ နေရာရဖို့ ပြင်ဆင်သင်ကြားပေးပါတယ်။

လိပ်စာ - N0.972/C, Shwe Hninsi Road, 8.5 miles Mayangone Township, Yangon, Myanmar

ဖုန်း - 09 508 74 64,  09 781 654 037

 

High Kindergarten Pre-school Primary Secondary Read 16 times