British သင်ရိုးကို အသုံးပြု သင်ကြားနေတဲ့ ရန်ကုန်မြို့က နိုင်ငံတကာကျောင်း (၁၀) ကျောင်း

နိုင်ငံတကာကျောင်းများရဲ့ (၇၅%) ခန့်က British သင်ရိုးညွှန်းတမ်းကို အသုံးပြု သင်ကြားလျက်ရှိကြောင်း Yangon International School Industry Report မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ရန်ကုန်မြို့မှာ နိုင်ငံတကာ ကျောင်းပေါင်း (၅၈) ကျောင်းခန့်ရှိတယ်လို့ ယူဆမယ်ဆိုရင် ခန့်မှန်းခြေ (၄၃) ကျောင်းက British သင်ရိုးညွှန်းတမ်းကို အသုံးပြုနေတယ်လို့ ဆိုလိုပါတယ်။

ဒါကြောင့် British သင်ရိုးကို သင်ကြားနေတဲ့ နိုင်ငံတကာကျောင်းတွေထဲကမှ လူသိများ နာမည်ကြီးတဲ့ နိုင်ငံတကာကျောင်း (၁၀) ကျောင်းကို ကောက်နုတ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

 

၁။ The British School Yangon (BSY)

The British School Yangon (BSY) က British နိုင်ငံရဲ့ အမျိုးသားသင်ရိုးညွှန်းတမ်းကို အသုံးပြုပြီး အသက် (၂) နှစ်မှ (၁၈) နှစ်အထိ ကလေးတွေကို တာဝန်ယူ သင်ကြားပေးနေတဲ့ နာမည်ကြီးကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ အသက် (၂) နှစ်မှ (၅) နှစ်ကလေးတွေအကို အစောပိုင်းကာလပညာရေး၊ အသက် (၅) နှစ်မှ (၁၁) နှစ်အရွယ် ကလေးတွေကို မူလတန်းပညာရေး၊ အသက် (၁၁) နှစ်မှ (၁၅) နှစ်အရွယ် ကျောင်းသားတွေကို အလယ်တန်းပညာရေး၊ အသက် (၁၆) နှစ်အထက် ကျောင်းသားတွေကို IGCSE နဲ့ A-levelပညာရေးတို့ကို ပံ့ပိုးပေးပါတယ်။ 

နှစ်စဉ်ကြေး - $17,400 ~ $31,330

လိပ်စာ - No. 68/A, Taw Win Rd., 9 Mile, Ward [4], Mayangone Township, Yangon , Myanmar

ဖုန်း - 09-250739873 , 09-795541805
  

၂။ Myanmar International School Yangon (MISY) 

Myanmar International School Yangon (MISY) ကျောင်းမှာလည်း အသက် (၃) နှစ်ကနေ (၁၈) နှစ်အရွယ် ကျောင်းသားတွေကို အစောပိုင်းပညာရေးကနေ (၁၂) တန်းပညာရေးအထိ သင်ကြားပေးပါတယ်။ ကျောင်းသားတွေကို သင်ယူမှု အတွေ့အကြုံကောင်းတွေ ပေးဆောင်နိုင်ဖို့ အားကစားအစီအစဉ်တွေ၊ ရပ်ရွာအခြေပြု ပရောဂျက်တွေအပါအဝင် ကျောင်းသင်ရိုးပြင် လှုပ်ရှားမှုများစွာကို ပေးဆောင်ပါတယ်။ ဒါ့အပြင် (၁၂) တန်းပြီးတဲ့အခါမှာလည်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ဝင်ခွင့်ရရှိဖို့ အကြံပြုပေးနေတဲ့ University Counsellor လည်း ရှိပါတယ်။ 

နှစ်စဉ်ကြေး - $5,000 ~ $14,000

လိပ်စာ - No.24, Sel Myaung St., Ward (11), Yankin Township, Yangon , Myanmar 

ဖုန်း - 01-657885~7 , 09-404062277~88~99
 

၃။ Network International School

Network International School ကတော့ အစောပိုင်းကာလပညာရေးမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့အပြင် A-Level အထိပါ တာဝန်ယူသင်ကြားပေးနေတဲ့ ရန်ကုန်မြို့ရဲ့ ရှေးအကျဆုံး British International School ဖြစ်ပါတယ်။ Network International School မှာ ကျောင်းသားတွေကို နိုင်ငံတကာအခွင့်အလမ်းတွေ များစွာ ရရှိစေနိုင်မယ့် ထူးချွန်တဲ့ ပညာရေးမျိုး ပေးဆောင်ပြီး အောင်မြင်တဲ့ အနာဂတ်တွေကို ဖန်တီးတည်ဆောက်ပေးပါတယ်။  

လိပ်စာ - No.23, Inya Myaing Road, Bahan Township , Yangon , Myanmar

ဖုန်း - 09400200607 , 09400200608 , 09-454545411 , 09-454545433

 

၄။ Royal British International School Yangon

Royal British International School (RBIS) မှာ မူလတန်းကနေ IGCSE A-Level အထိ သင်ကြားပေးပြီး Cambridge သင်ရိုးကို အသုံးပြုပါတယ်။ RBIS မှာ ကျောင်းသားတွေကို ၂၁ ရာစုမှာ အောင်မြင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာ၊ ကျွမ်းကျင်မှုတွေကို လေ့ကျင့်ပျိုးထောင်ပေးပါတယ်။ အတန်းပညာအပြင် ဘက်စုံဖွံ့ဖြိုးရေးအတွက် ဆန်းသစ်တဲ့ အနုပညာ၊ အားကစားပရိုဂရမ်တွေနဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေကို ရင့်သန်စေတဲ့ သင်ယူမှုအတွေ့အကြုံကောင်းတွေ ရစေတဲ့ ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးပါတယ်။ 

နှစ်စဉ်ကြေး - $6,458 ~ $8,000

လိပ်စာ -  15/B, Thukhitar St., Ward (15), Yankin Township, Yangon , Myanmar

ဖုန်း - 09-950257208

 

၅။ Kings Yangon - International School 

Kings Yangon - International School က မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ နာမည်ကြီး British International School တွေထဲမှ တစ်ကျောင်းဖြစ်ပါတယ်။ မွေးကင်းစကလေးငယ် အသက် (၂) နှစ်မှစပြီး မူလတန်း၊ အလယ်တန်း၊ IGCSE၊ AS နဲ့ A Level အတန်းတို့အပြင် တက္ကသိုလ်အကြို ပရိုဂရမ်တွေအထိ ကျယ်ပြန့်တဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေကို ပေးဆောင်ပါတယ်။ သင်ရိုးညွှန်းတမ်းကတော့ Cambridge စနစ်အပေါ် အခြေခံပြီး British ပညာရေးအကြောင်းကို အသေအချာ နားလည်သဘောပေါက်စေပါတယ်။ 

လိပ်စာ - No.61 , Inya Myaing Road, Corner of Kanbawza St., Shwe Taung Gyar Ward [2], Bahan Township, Yangon , Myanmar (Pre and Primary Campus)

ဖုန်း - 09-777049436 , 09-777049437 , 09-777049439

လိပ်စာ - 24, Inya Myaing St., Shwe Taung Gyar Ward [1], Bahan Township, Yangon , Myanmar (Upper Primary Campus)

ဖုန်း - 09-777049439
  

၆။ Pride International School Myanmar (PISM)

Pride International School Myanmar (PISM) က မွေးကာစကလေးအရွယ်ကနေ (၅) နှစ်အရွယ်အထိကို အစောပိုင်းကာလပညာရေး ပေးဆောင်ပြီး အသက် (၅)နှစ်ကနေ (၁၁) နှစ်ကလေးတွေကို မူလတန်းပညာရေး၊ အသက် (၁၂) နှစ်ကနေ (၁၄) အထိကို အလယ်တန်းပညာရေး၊ အသက် (၁၄) ကနေ (၁၆) နှစ်အထိကို IGCSE O-Level၊ အသက် (၁၆) နှစ်အထက်ကိုတော့ A-Level စာမေးပွဲတွေအတွက် ပြင်ဆင်သင်ကြားပေးပါတယ်။ သင်ရိုးကတော့ အစောပိုင်းကာလပညာရေးမှာ British သင်ရိုးကို အသုံးပြုပြီး မူလတန်းမှ တက္ကသိုလ်အကြိုပညာရေးအထိ Cambrige သင်ရိုးကို အသုံးပြု သင်ကြားပေးပါတယ်။

လိပ်စာ - No.48, Sein Yadanar St., Aung Myaytharsi Housing (East), Kamaryut Township, Yangon , Myanmar

ဖုန်း - 09 730 283 44, 09 978 755 176

 

၇။ Brainworks International School

Brainworks International School ကတော့ မူကြို၊ မူလတန်း၊ အလယ်တန်း၊ IGCSE ၊ A-Level နဲ့ IB ဒီပလိုမာ ပညာရေးတို့ကို ပေးဆောင်ပြီး Cambridge သင်ရိုးကို အသုံးပြုသင်ကြားပေးနေတဲ့ ကျောင်းဖြစ်ပါတယ်။ အသက် (၂) နှစ်အရွယ်ကနေ မူကြို စထားနိုင်ပြီး အသက် (၆) နှစ်ကနေ (၁၂) နှစ်အထိက မူလတန်းပညာရေးကို သင်ယူရမှာပါ။ အသက် (၁၃) နှစ်ကနေ (၁၈) နှစ်အထိ ကျောင်းသားတွေက အလယ်တန်းကနေ A-Level တန်းအထိ တက်ရောက်ရမှာ ဖြစ်ပါတယ်။ IGCSE A-Level အတန်းကို မတက်ရောက်လိုတဲ့ အသက် (၁၆) နှစ်အထက် ကျောင်းသားတွေက IB ဒီပလိုမာတန်းကို ရွေးချယ်လို့ရပါတယ်။

လိပ်စာ - No. 1, Thumingalar Street, 16/4 Qtr, Thingangyun Tsp, Yangon

ဖုန်း - 09-253223215 , 01-8551360 , 01-8551361
  

၈။ Crane International School Myanmar 

Crane International School Myanmar (CISM) ဟာ အသက် (၃) နှစ်ကနေ (၁၇) နှစ်ကြား ကျောင်းသားတွေကို အစောကာလပညာရေးမှစပြီး အထက်တန်းပညားရေးအထိ သင်ကြားပေးနေတဲ့ နိုင်ငံတကာကျောင်း ဖြစ်ပါတယ်။ British သင်ရိုးကို အသုံးပြုပြီး Cambridge IGCSE AS နဲ့ A-Level အတန်းတွေထိ သင်ကြားပေးပါတယ်။ ကျောင်းမှာ ကောင်းမွန်တဲ့ သင်ယူမှုအတွေ့အကြုံကို ရရှိဖို့ ပညာရေးဘက်မှာ အောင်မြင်မှုရရှိစေတဲ့အပြင် အသိပညာကြွယ်၀မှု၊ မိမိကိုယ်ကိုယ်လေးစားမှု၊ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိဖို့တို့ကို သင်ကြားပေးပါတယ်။ 

လိပ်စာ - No.1, Taw Win Cherry Estate, Win Hlaing Street, Off Mindama Road, Mayangone Township, Yangon 

ဖုန်း - 01 655 818 , 01 655 828 , 09 765 755 818 , 09 964 755 828 

 

၉။ SKT International College

SKT International College ကလည်း မူကြိုအတန်းကနေ အထက်တန်းပညာရေးအထိ အကျုံးဝင်တဲ့ ပရိုဂရမ်တွေ ပေးဆောင်ပါတယ်။ မူကြိုအတန်းအတွက် ကလေးငယ်တွေနဲ့ သင့်တော်တဲ့ သင်ရိုးကို အသုံးပြုပြီး မူလတန်းကနေ အထက်တန်းအထိကိုတော့ Cambridge သင်ရိုးကို အသုံးပြုပါတယ်။ မူကြို၊ မူလတန်း၊ အလယ်တန်းကို ဖြတ်ကျော်ပြီးနောက် အသက် (၁၄) ကနေ (၁၆) နှစ်အရွယ်ရှိ ကျောင်းသားတွေအတွက် IGCSE ပရိုဂရမ်ကို သင်ကြားပေးပါတယ်။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေမှာ ဝင်ခွင့်ရရှိလိုတဲ့ အသက် (၁၆) နှစ်ကနေ (၁၉) နှစ်အရွယ် ကျောင်းသားတွေအတွက် IB ဒီပလိုမာပရိုဂရမ်ကိုလည်း ရွေးချယ်နိုင်ပါတယ်။

လိပ်စာ - 235, Shu Khinn Thar Myoh Patt Rd., Thaketa Township, Yangon , Myanmar

ဖုန်း - 09-787778859
  

၁၀။ Bahan International Science Academy (BISA)

Bahan International Science Academy (BISA) ကတော့ အသက် (၂) နှစ်ကနေ (၁၉) နှစ်ရွယ်ကျောင်းသားတွေကို မူကြိုကနေစပြီး အထက်တန်းပညာရေးအထိ တာဝန်ယူ သင်ကြားပေးပါတယ်။ အသက် (၂) နှစ်ကနေ (၆) နှစ်အရွယ်ကလေးတွေက မူကြိုတန်းကို တက်ရောက်နိုင်ပြီး G1 ကနေ G5 အထိက မူလတန်း၊ G6 ကနေ G8 အထိက အလယ်တန်းနဲ့ G9 ကနေ G10 အထိက IGCSE အတန်းကို တက်ရာက်နိုင်ပါတယ်။ ဒါ့အပြင် အသက် (၁၆) နှစ်ကနေ (၁၉) နှစ်အရွယ် ကျောင်းသားတွေအတွက် IB ဒီပလိုမာပရိုဂရမ်ကိုလည်း သင်ကြားပေးပါတယ်။

လိပ်စာ - No.25, Po Sein Road, Bahan Tsp, Yangon , Myanmar

ဖုန်း - 01548452, 09 456008595, 01-551795
 

High Kindergarten Pre-school Primary Secondary Read 4 times