Passive Voice စည်းကမ်းများနှင့် ဥပမာများ

 

အထက်တန်းကျောင်းသူကျောင်းသားတွေ မသိမဖြစ် အရေးပါလှတဲ့ Grammar Pattern တွေမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Active Voice, Passive Voice ကို အလွယ်တကူ လေ့လာနိုင်စေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဝါကျတစ်ကြောင်းကိုကြည့်လိုက်တာနဲ့ Active Voice နဲ့ ရေးထားတာလား၊ Passive Voice နဲ့ ရေးထားတာလားဆိုတာကို အလွယ်တကူ ခွဲခြားနိုင်စေဖို့ ဒီဆောင်းပါးလေးကို သေသေချာချာ နားလည်သဘောပေါက်အောင် ဖတ်ကြည့်စေလိုပါတယ်။

 

 

Examples:
1. John read the book in one week. (active
(ဂျွန်က စာအုပ်ကို တစ်ပတ်အတွင်းဖတ်တယ်။) ဆိုတဲ့ဝါကျမှာ ဂျွန်က ပြုလုပ်သူ (Active), စာအုပ်က ဖတ်ခြင်းကိုခံရသူ (passive) 
(ပြုလုပ်သူ John ကို Subject နေရာမှာထားပြီး ရေးထားတဲ့အတွက် ဒီစာကြောင်းက Active ကို ကိုယ်စားပြုပါတယ်)

The book was read by John in one week. (passive)
ဒီစာအုပ်ကို ဂျွန်က တစ်ပတ်အတွင်းဖတ်ခဲ့တယ်။ (ခံရတဲ့သူ The book ကို Subject နေရာမှာ ထားပြီးရေးထားတဲ့အတွက် ဒီစာကြောင်းက Passive ကို ကိုယ်စားပြုပါတယ်)

 

 

2. Mike buys a car. (active)
(Mike က ကားတစ်စီးဝယ်တယ်။ (ပြုလုပ်သူ "Mike" ကို Subject နေရာမှာထားပြီးရေးထားတဲ့အတွက် ဒီစာကြောင်းက Active)

A car is bought by Mike. (passive)
(ကားတစ်စီးကို Mike က ဝယ်ခဲ့တယ်) (ဝယ်ခြင်းခံရသူ "A car" ကို Subject နေရာမှာထားပြီးရေးထားတဲ့အတွက် ဒီစာကြောင်းက Passive)

ပိုပြီးနားလည်သဘောပေါက်သွားအောင် "Tense" အလိုက် Active / Passive Pattern လေးကို လေ့လာကြည့်ကြပါစို့။

 

 

High Read 4083 times