G10 နှင့် G11 ကျောင်းတွင်းစစ် ပြင်ပဖြေ စာမေးပွဲကို မေလတွင် ကျင်းပမည်

န၀မတန်းအောင်မြင်ပြီး ကျောင်းဆက်မတက်နိုင်သူများနှင့် ဒသမတန်း ကျထားသူများအတွက် ဒသမတန်း (G10) နှင့် ဒသမတန်းအောင်မြင်ပြီး စနစ်သစ် ဧကာဒသမတန်း (G11) ကို ဖြေဆိုလိုသူများအတွက် ကျောင်းတွင်းစစ် ပြင်ပေဖြေ စာမေးပွဲကို ၂၀၂၅ ခုနှစ်၊ မေလ (၅) ရက်နေ့မှ (၁၂) ရက်အတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အဆိုပါ စာမေးပွဲကို ကျောင်းထွက်ပြီး အစိုးရလုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများတွင် အလုပ်လုပ်နေသူများ၊ ရဲတပ်ဖွဲ့ (သို့မဟုတ်) တပ်မတော်တွင် အမှုထမ်းနေသူများ၊ အကြောင်းအမျိုးမျိုးဖြင့် ကျောင်းပြင်ပရောက်နေသည့် ကျောင်းသားများ ဝင်ရောက်ဖြေဆိုနိုင်သည်။

ဝင်ရောက်ဖြေဆိုမည့်သူများသည် မိမိနောက်ဆုံးတက်ရောက်ခဲ့သည့် ကျောင်း၏ ကျောင်းထွက်လက်မှတ် (မူရင်း/မိတ္တူ)၊ နောက်ဆုံးဖြေဆိုအောင်မြင်ခဲ့သည့် အတန်းအောင်လက်မှတ် (မူရင်း/မိတ္တူ) နှင့် လိုင်စင်ဓာတ်ပုံတို့ဖြင့် စာမေးပွဲ ဖြေဆိုခွင့်ကို မြို့နယ်ပညာရေးမှူးရုံးများ၌ လျှောက်ထားနိုင်သည်။

 

စာမေးပွဲကို မြို့နယ်က စီစဥ်ဖွင့်လှစ်ပေးမည့် သတ်မှတ်စာစစ်ဌာနများတွင် ဖြေဆိုကြရမည်ဖြစ်ပြီး တစ်နေ့တစ်ဘာသာနှုန်းဖြင့် နံနက် (၉) နာရီမှ (၁၁) နာရီအထိ မိမိရွေးချယ်ထားသည့် ဘာသာတွဲအလိုက် အမှတ် (၁၀၀) ဖိုး ဖြေဆိုရပါမည်။

ကျောင်းထွက်နှုန်း လျော့နည်းစေရန်၊ ကျောင်းနေနှုန်း မြင့်လာစေရန်၊ အဆင့်မြင့်ပညာကို တက်လှမ်းနိုင်မည့် အခွင့်အရေးအဖြစ် ပြင်ပဖြေဆိုခွင့်ပြုသည့် အစီအစဉ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာကျောင်းများမှ ပညာရေးဝန်ကြီးဌာနအောက်က ကျောင်းများသို့ ပြောင်းရွှေ့လိုသူများ သိစေရန်

>> https://www.edge.com.mm/article/placement-test-myanmar.html

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Latest Post Local News Read 3916 times