Image Source: Google
COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလ ပွဲများစီစဉ်ကျင်းပရန် ခက်ခဲသည့်အတွက်ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်လျက်ရှိသည့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ မဟာဝိဇ္ဇာ(ပထမနှစ်) ပန်းချီအထူးပြု ကျောင်းသားများ ၏ “OUT of KNOT Art Exhibition’’ နှောင်ထုံးမဲ့ အွန်လိုင်း ပန်းချီပြပွဲကို ယနေ့မှစ၍ စက်တင်ဘာ ၃၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပန်းချီပညာဌာန၊ တွဲဖက်ပါမောက္ခ ဦးအောင်သင်းက ဆင်ဟွာသို့ သြဂုတ် ၂၁ ရက် တွင်ပြောသည်။
အသေးစိတ်သိရှိရန် ပုံကိုထိပါ
“အရင်တုန်းကတော့ ကျွန်တော်တို့ က ပွဲလုပ်တာပါ။ အခု ကတော့ COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလ ဆိုတော့ ကျွန်တော်တို့ ပန်းချီပညာကို စိတ်ဝင်စားတဲ့လူတွေ အတွက် အွန်လိုင်းကနေကျင်းပ ပေးဖြစ်တာပါ။ ကြည့်ရှုသူဦးရေ ကိုတော့ သေချာမသိသေးပါဘူး။ New Normal Art Activity အဖြစ် Online အခွင့်အလမ်းကို အသုံးပြုပြီးပန်းချီအထူးပြု မဟာဝိဇ္ဇာ(ပထမနှစ်)ကျောင်းသားများ၏ အနုပညာလှုပ်ရှားမှုတစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန် ၂၀၂၀ မတ်လနောက်ဆုံးပတ်မှ စတင်၍ ကျောင်းသားများနှင့် Face to Face သင်ကြားမှုများ ရပ်နားထားရှိခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူများ၏ စဉ်ဆက်မပြတ်အနုပညာ သင်ကြားရေးနှင့် အနုပညာလှုပ်ရှားမှုများကို Online စနစ်အသုံးပြုခြင်းဖြင့် စတင်ဆောင်ရွက်လာခဲ့ကြရကြောင်းသိရသည်။
ပန်းချီပညာဌာနအနေနှင့် နှစ်စဉ် မေလတွင် မဟာဝိဇ္ဇာ (MA) အနုပညာပြပွဲကို ပြတိုက်၊ ပြခန်းအသုံးပြု၍ ကျင်းပမြဲဖြစ်သော်လည်း ယခုပညာသင်နှစ်တွင် ကပ်ရောဂါအခြေအနေများကြောင့် ကျင်းပဆောင်ရွက် နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
တက္ကသိုလ်၏ ပထမဦးဆုံးအကြိမ် အွန်းလိုင်းအနုပညာပြပွဲ မဟာဝိဇ္ဇာ (MA) ကျောင်းသားများ၏ ပြပွဲခင်းကျင်းမှုဆိုင်ရာ ကြိုးစားအားထုတ်မှုများနှင့် အနုပညာလက်ရာဖန်တီးမှုများကို www.departmentofpaintingygn.com မှ တစ်ဆင့်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
Source: Xinhua Myanmar