Sales Hotline : 09448001653       Download App



K-pop အထူးပြု အထက်တန်းကျောင်း ဖွင့်လှစ်မည်

K-pop အထူးပြု အထက်တန်းကျောင်း ဖွင့်လှစ်မည်

K-pop နှင့်ပတ်သက်သည့် ဖျော်ဖြေတက်ဆက်ပုံများနှင့် K-pop အထူးပြု  သင်ကြားပေးမည့်  အထက်တန်းကျောင်းကို တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ ဘူဆန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းမြို့၏ ပညာရေးအာဏာပိုင်များက ပြောကြားသည်။

မကြာမီ ပိတ်ရတော့မည့် အလယ်တန်းကျောင်းကို K-pop အထူးပြု အထက်တန်းကျောင်းအဖြစ် ၂၀၂၈ ခုနှစ် မတ်လတွင် စတင်ဖွင့်လှစ်ရန် ရည်မှန်းချက်ဖြင့် ဘူဆန်မြို့တော် ပညာရေးရုံးမှ တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းအထက်တန်းကျောင်းသည်  K-pop ဘာသာရပ်များ သင်ကြားပေးသည့် ပထမဆုံးသော အစိုးရကျောင်း ဖြစ်လာမည်ဖြစ်သည်။


K-pop အထူးပြု အထက်တန်းကျောင်းတွင် ကိုရီးယားနိုင်ငံတစ်ဝှမ်းရှိ ကျောင်းသားကျောင်းသူများသာမက နိုင်ငံခြားမှကျောင်းသားကျောင်းသူများလည်း ကျောင်းတက်ရန် စာရင်းပေးသွင်းနိုင်မည် ဖြစ်ပါသည်။

အဆို၊ အကနှင့် တူရိယာတီးခတ်ခြင်းများအပြင် အခြားသော အနုပညာဆိုင်ရာ သင်ခန်းစာများ သင်ကြားပေးရန် စီစဉ်ထားသည်။

 Source Yonhap

International News Read 424 times