J.TEST စာမေးပွဲကို ရန်ကုန်အပါအဝင် မြို့ကြီး (၅) မြို့တွင် ကျင်းပ ပြုလုပ်မည်

J.Test    ဂျပန်အရည်အချင်းစစ်     စာမေးပွဲအား     စက်တင်ဘာလ ၁၁ ရက် (တနဂ်နွေနေ့) တွင်    ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မိတ္ထီလာနှင့် မော်လမြိုင်မြို့များတွင်  ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း  J.Test Myanmar Office မှ ထုတ်ပြန်ထားသည်။

 

J.TEST     စာမေးပွဲတွင်    F-G Level (N5 & BASIC) နှင့်     D-E Level ( N3, N4 ) များအား  စမ်းသပ် စစ်ဆေးသွားမည် ဖြစ်ပြီး လျှောက်လွှာများကို ရန်ကုန်ရုံးတွင် ယခုလ (၁၆) ရက်နေ့ နောက်ဆုံးထား၍ ရယူနိုင်ပြီး 

နယ်ရုံးများတွင် ဩဂုတ်လ ၁၃ နှင့် ၁၄ ရက်၊    ( စနေ၊ တနဂ်နွေ )     နှစ်ရက်တည်းသာ  ( မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ လက်ခံဆောင်ရွက်ပေးသွားမည် )    ဖြစ်ကြောင်း သိရသည်။

 

Online မှ လျှောက်ထားလိုသူများအနေဖြင့် ယခုလ (၁၂) ရက်နေ့ နောက်ဆုံးထား၍လည်ကောင်း လျှောက်ထားနိုင်မည် ဖြစ်သည်။ အောက်တွင် ပေးထားသော  Link မှ လျှောက်လွှာပုံစံအား   Download    ရယူနိုင်ပါသည်။ >>> http://j-testmm.com/form

 

လျှောက်လွှာတင်သွင်းရာတွင် လိုအပ်သော အချက်အလက်များ

===========================

  •  လျှောက်လွှာ

  •  ဓာတ်ပုံ (၂) ပုံ  (3*4) cm ဆိုဒ်ရှိသော     ဓာတ်ပုံ

  •  မှတ်ပုံတင်မိတ္တူ (၁) စုံ

  • စာမေးပွဲကြေး ၄၀,၀၀၀ ကျပ်


 

လူကိုယ်တိုင် လျှောက်ထားနိုင်မည့် နေရာများ

=============================

  • J. Test Yangon Myanmar Office ( VAC Yangon Co., Ltd )

အမှတ် (၃၇) အလံပြဘုရားလမ်း၊ အခန်း(၂၀၆)၊ လပြည့်ဝန်းပလာဇာ (ဒုတိယထပ်) ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ ( ယောက်လမ်းမှတ်တိုင်၊ သမ္မတရုပ်ရှင်ရုံအနီး) 

09-950205385

 

  • Jimoto Japanese Language School

မန္တလေးမြို့ ၇၈လမ်း၊၂၉×၃၀လမ်းကြား၊ဘူတာကြီးအနီး

 

  • Crown Japanese School

KBZ 4 နောက်ကျော၊ ကားကွင်းအသစ်၊ တိုက်တန်း၊ မိတ္တီလာမြို့

 

  • Taunggyi Hikari Japanese Language School

ရပ-၁၆၄ (က)၊ ဇီဇဝါလမ်း၊ နယ်မြေ-၁၀၊ အရှေ့ပင်စင်၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီးမြို့။

 

  • KHW Center

အမှတ် (၇)၊ ၃ လွှာ၊ အရှေ့တပ်မြေလမ်း၊ ဗဟိုမီးသတ်ရှေ့၊ ဖက်တန်းရပ်၊ မော်လမြိုင်မြို့

 

 

Online မှ လျှောက်ထားနိုင်မည့် ဝက်ဆိုက်ဒ်များ

=====================

  • Yangon Test Site 

>>> https://forms.gle/DjdpKNdrKawDaYgU6 

 

  • Mandalay Test Site

>>> https://forms.gle/jkRJpmzSDbb6vXDP7 

 

  • Taunggyi Test Site

>>> https://forms.gle/d1d85ZXxYzghYYbV7 

 

  • Mawlamyine Test Site

>>> https://forms.gle/gqrRgy4wzDYPTqNW6

 

  • Meiktila Test Site

>>> https://forms.gle/tpPhQYr675fJ3rvFA

 

J Test စာမေးပွဲသည်  ဂျပန်နိုင်ငံအစိုးရ   လူ၀င်မှုကြီးကြပ်ရေးမှ   တရား၀င်     အသိအမှတ်ပြုထားသော စာမေးပွဲ ဖြစ်သည့်အတွက်   Training Visa , Work Visa နှင့် Student Visa များအတွက်   အရေးပါပါသည်။

 

Source : Jtest Myanmar Office

 

Local News Read 979 times