အရှေ့တောင်အာရှ သင်္ချာပြိုင်ပွဲတွင် မြန်မာကျောင်းသားများ ရွှေတံဆိပ်ဆုများ ဆွတ်ခူးခဲ့

နိုင်ငံတကာအဆင့် Southeast Asian Mathematical Olympiad-X (SEAMO-X) သင်္ချာပြိုင်ပွဲကြီးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁၈) ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

 

အဆိုပါပြိုင်ပွဲတွင် အတန်းအလိုက် ဖြေဆိုရသည့် မေးခွန်းအမျိုးအစား (၆) မျိုးရှိပြီး သူငယ်တန်းက Paper K ၊ (၁) တန်းနှင့် (၂) တန်းက Paper A ၊ (၃) တန်းနှင့် (၄) တန်းက Paper B ၊ (၅) တန်းနှင့် (၆) တန်းက Paper C ၊ (၇) တန်းနှင့် (၈) တန်းက Paper D ၊ (၉) တန်းနှင့် (၁၀) တန်းက Paper E၊ (၁၁) တန်းနှင့် (၁၂)တန်းက Paper F တို့ကို ဖြေဆိုရပါသည်။

 

ပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်ကို ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာကျောင်းသားများအနေဖြင့် ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့ပါသည်။ 

 

သို့ရာတွင် မောင်အံ့မင်းခန့်သည် Paper E တွင် ကမ္ဘာ့အဆင့် (၁) အဖြစ် ရွှေတံဆိပ်ဆုကို ရရှိခဲ့ပြီး မောင်အိုင်းဇက်ရင့်လျံသည်  Paper F တွင် ကမ္ဘာ့အဆင့် (၂) အဖြစ် ရွှေတံဆိပ်ဆု၊ မောင်ရဲဇော်ထက်သည် Paper A တွင် ကမ္ဘာ့အဆင့် (၁၂) အဖြစ် ရွေတံဆိပ်ဆု၊ မနိုနိုလှိုင်ထူးသည် Paper C တွင် ကမ္ဘာ့အဆင့် (၁၄) အဖြစ် ငွေတံဆိပ်ဆုနှင့် မောင်ညီစစ်သည် Paper A တွင် ကြေးတံဆိပ်ဆုတို့ကို အသီးသီး ရရှိခဲ့ကြပါသည်။ 

 

ဆုရရှိသော ကျောင်းသားများသည် ရန်ကုန်ရှိ  Students’ Target ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသားများဖြစ်သည်။ ထို့ကြောင့် ဆုရရှိခဲ့သော ကျောင်းသားများအတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း Students' Target မှ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားပါသည်။ 
 

Latest Post Local News Read 35 times