စက်မှုသင်တန်းကျောင်း (မန္တလေး) တွင် ဖွင့်လှစ်မည့် သင်တန်း (၆) ခု

စက်မှုသင်တန်းကျောင်း (မန္တလေး) တွင် ၂၀၂၅ ခုနှစ်၊ မေလမှစပြီး စက်မှုကျွမ်းကျင် (၁) နှစ်သင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး စနစ်ဟောင်း (၁၀) တန်း ဖြေဆိုဖူးသူ (သို့) စနစ်သစ် (၁၂) တန်း ဖြေဆိုဖူးသူ ကျား/မ မရွေး လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။


ဖွင့်လှစ်မည့် သင်တန်းအမျိုးအစားများ

အောက်ပါသင်တန်းအမျိုးအစားများကို စာတွေ့ (၃၀%)၊ လက်တွေ့ (၇၀%) သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းအမျိုးအစားတစ်ခုတွင် လူဦးရေ (၃၀) ဦးသာ လက်ခံသင်ကြားပေးမည်ဖြစ်သည်။

  • စက်ကိရိယာကိုင်တွယ်မောင်းနှင်မှုသင်တန်း (Machine Tools Operator Course)
  • ကွန်ပျူတာသုံးစက်ကိရိယာ ကိုယ်တိုင်မောင်းနှင်မှုသင်တန်း (CNC Operator Course)
  • လျှပ်စစ်ပညာသင်တန်း (Electrician Course)
  • ဂဟေစက်သင်တန်း (Welder Course)
  • အဲယာကွန်းနှင့် ရေခဲသေတ္တာ ပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်း (Air-Conditioning & Refrigeration Mechanic Course)
  • မော်တော်ယာဉ်နှင့် လယ်ယာသုံးပစ္စည်း ပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်း (Automobile & tractor Mechanic Course)

 

သင်တန်းဖွင့်လှစ်မည့်နေရာ

အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး)၊ (၁၀) လမ်းနှင့် မြို့ပတ်လမ်းထောင့်၊ အကွက် (၁၃)၊ ဒေါနဘွားရပ်ကွက်၊ အောင်မြေသာစံမြို့နယ်။

 

သင်တန်းကာလ

၂၀၂၅ ခုနှစ်၊ မေလ (၅) ရက်နေ့မှ ၂၀၂၆ ခုနှစ် ဧပြီလ (၃) ရက်နေ့အထိ

 

လျှောက်ထားလိုသူများတွင် ရှိရမည့် သတ်မှတ်အရည်အချင်းများ

  • စနစ်ဟောင်း (၁၀) တန်းဖြေဆိုဖူးသူ (သို့) စနစ်သစ် (၁၂) တန်း ဖြေဆိုဖူးသူ
  • သင်တန်းစတင်ဖွင့်လှစ်မည့် မေလ (၅) ရက်နေ့တွင် အသက် (၁၇) နှစ်ပြည့်ပြီး (၂၅) နှစ်ထက် မကျော်လွန်သူ
  • ပြည်ထောင်စုမြန်မာနိုင်ငံသား (ကျား/မ)
  • အိမ်ထောင်မရှိသူ
  • ကျန်းမာရေးကောင်းမွန်ပြီး စက်မှုဝါသနာပါသူ
  • သင်တန်းစည်းကမ်းများကို လိုက်နာပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူ

 

သင်တန်းလျှောက်ထားခြင်း

သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ပါနေရာများတွင် ရယူလျှောက်ထားနိုင်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့၊ နေ့လည် (၄) နာရီတွင် နောက်ဆုံးထား ပြန်လည်ပေးပို့ရပါမည်။ သတ်မှတ်လျှောက်လွှာပုံစံကို www.industry.gov.mm တွင်လည်း Download ရယူ၍ လျှောက်ထားနိုင်သည်။

  • အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး)၊ (၁၀) လမ်းနှင့် မြို့ပတ်လမ်းထောင့်၊ အကွက် (၁၃)၊ ဒေါနဘွားရပ်ကွက်၊ အောင်မြေသာစံမြို့နယ်။ ဖုန်း - ၀၉-၄၄၇၆၆၀၁၄၀၊ ၀၉-၄၃၀၁၅၀၆၄ ၊ Website - www.itcmandalay.edu.mm
  • သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်။ ဖုန်း - ၀၆၇ ၃၄၀၅၀၅၁၊


လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (၁) စောင်
  • လိုင်စင်ဓာတ်ပုံ (၃) ပုံ
  • ရပ်ကွယ်ထောက်ခံစာ (သို့) ရဲစခန်းထောက်ခံစာ မူရင်း (၁) စောင်
  • ကျန်းမာရေးထောက်ခံစာ မူရင်း (၁) စောင်
  • စနစ်ဟောင်း (၁၀) တန်း/ စနစ်သစ် (၁၂) တန်း သင်ယူပြီးမြောက်ကြောင်းလက်မှတ် မိတ္တူ (သို့) စနစ်ဟောင်း (၁၀) တန်း/ စနစ်သစ် (၁၂) တန်း သင်ယူဖြေဆိုဖူးကြောင်း ထောက်ခံစာ မူရင်း (၁) စောင်

 

သင်တန်းဝင်ခွင့်စာမေးပွဲများ

လူတွေ့နှုတ်မေး ဖြေဆိုခွင့် ရရှိသူများစာရင်းကို အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) တွင် ကြေညာထားမည်ဖြစ်ပြီး ၇-၄-၂၀၂၅ ရက်နေ့မှ ၉-၄-၂၀၂၅ ရက်နေ့အထိ အင်္ဂလိပ်စာအခြေခံ၊ သင်္ချာအ‌ခြေခံနှင့် စက်မှုဗဟုသုတများကို ဖြေဆိုရပါမည်။

လူတွေ့စစ်ဆေးမှုကို အမှတ် (၂)၊ စက်မှုသင်တန်းကျောင်း (မန္တလေး) တွင် ပြုလုပ်မည်ဖြစ်ပြီး  နိုင်ငံသားစိစစ်ရေးကတ် (မူရင်း) နှင့် စနစ်ဟောင်း (၁၀) တန်း/ စနစ်သစ် (၁၂) တန်း သင်ယူပြီးမြောက်ကြောင်းလက်မှတ် မိတ္တူ (သို့) စနစ်ဟောင်း (၁၀) တန်း/ စနစ်သစ် (၁၂) တန်း သင်ယူဖြေဆိုဖူးကြောင်း ထောက်ခံစာ (မူရင်း) တို့ကို တစ်ပါတည်း ယူဆောင်သွားရပါမည်။  

သင်တန်းဝင်ခွင့်ရသူများကို ကျောင်းတွင် ကြေညာထားမည်ဖြစ်ပြီး သင်တန်းတက်ရောက်မည့်သူများသည် အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ မေလ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ အုပ်ထိန်းသူတစ်ဦးနှင့်အတူ ကိုယ်တိုင် သွားရောက် သတင်းပို့ရပါမည်။

 

ထောက်ပံ့ကြေး

လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းကာလတွင် နေထိုင်ရေး၊ စားသောက်ရေးနှင့် သွားလာရေးကိစ္စများကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း သင်တန်းသားများအတွက် ကျောင်အဆောင်များတွင် နေရာချထားပေးပါမည်။ လစဉ် စားစရိတ်အဖြစ် သင်တန်းတစ်ဦးကို (၄၅,၀၀၀) ကျပ် ရရှိမည်ဖြစ်ပြီး ယူနီဖောင်းနှစ်စုံကြေး (၄၀,၀၀၀) ကျပ်ကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သည်။

 

အောင်လက်မှတ်ချီးမြှင့်ခြင်း

သင်တန်းကာလ ပြီးဆုံးအောင် တက်ရောက်၍ အောင်မြင်သော သင်တန်းသားများအား သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပေးပြီး အောင်လက်မှတ်ချီးမြှင့်ပါမည်။

=========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 174 times