အထက်တန်းကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများ မနက်ဖြန်မှစ၍ ယာယီပိတ်မည်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Covid-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန် နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် အချို့သောမြို့များတွင် နေထိုင်သည့် ပြည်သူများအား နေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ကြောင့် သြဂုတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ကြေငြာချက်ခဲ့ပါတယ်။

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၀၇)ခု၊ စုစုပေါင်း (၈၂၅)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၀) ဦး တွေ့ရှိရပါတယ်။

ယနေ့ (၂၆-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၅၇၄) ဦး ရှိပြီ ဖြစ်ကြောင်း သိရပါတယ်။ 

လက်ရှိအချိန်တွင် အခြေခံပညာအထက်တန်း ကျောင်း ၇၀၀၀ ကျော်ရှိရာ ကျောင်းပေါင်း ၄၆၀၀ ကျော်ဖွင့်ထားပြီဖြစ်တယ်လို့ သိရပါတယ်။ 

ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့်  ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်လူနာတွေ ဆက်တိုက်တွေ့ရပြီး ရခိုင်ပြည်နယ်ရှိ  ကျောင်းတွေအားလုံး ပြန်ပိတ်ထားဖို့နဲ့ စစ်တွေမြို့နယ်ကို Stay at Home အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၄၀၈ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၉၈ကျောင်းကို ၂၇.၈.၂၀၂၀ စတင်၍ ယာယီမယ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သူ၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

No description available.

လက်ရှိအချိန်တွင် အခြေခံပညာအထက်တန်းဖြစ်သော Grade-10 နှင့် Grade-11 တို့ကို တစ်ပတ်ခြားဖွင့်လှစ်ထားပြီး နေ့စဉ်ကျောင်း တက်နေသော ကျောင်းသားဦးရေမှာ ၇ သိန်းခန့်ရှိပြီး ယင်းအတန်းနှစ်ခုတွင်တက်ရောက်နေသော ကျောင်းသား စုစုပေါင်း ၁ သန်းကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

edge.com.mm

Latest Post Read 3187 times