GED ကို အခမဲ့ လေ့လာနိုင်တဲ့ USAHello ဝက်ဘ်ဆိုက်ဒ်

 

နိုင်ငံခြားမှာ ကျောင်းတက်မယ်လို့ စိတ်ကူးထားရင် အခုတည်းက GED ကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ GED ကို အခုမှ စတက်မယ့်သူတွေ၊ GED ကို Self-study လေ့လာချင်သူတွေ၊ GED စာမေးပွဲကို အစမ်းဖြေဆိုကြည့်ချင်သူတွေအတွက် အိမ်မှာနေရင်း အလွယ်တကူ လေ့လာနိုင်မယ့် ဝက်ဘ်ဆိုက်ဒ်တစ်ခုကို မျှဝေပေးချင်ပါတယ်။

 

ဝက်ဘ်ဆိုက်ဒ်လေးရဲ့ အမည်ကတော့ USAHello ဖြစ်ပြီး GED မှာ ပါဝင်တဲ့ ဘာသာရပ် (၄) ခုစလုံးကို တစ်ဆင့်ချင်း အခမဲ့ လေ့လာနိုင်မယ့်အပြင် အစမ်းစာမေးပွဲကိုလည်း အခမဲ့ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ 

 

GED ဘာသာရပ် (၄) ခုဖြစ်တဲ့ Mathematics ၊ Social Studies ၊ Language Arts ၊ Science တို့ကို မိမိကြိုက်နှစ်သက်တဲ့ ဘာသာရပ်ကနေ စပြီး လေ့လာနိုင်ပါတယ်။ သင်ကြားရေး ဗီဒီယိုတွေကနေတဆင့် လေ့လာရမှာဖြစ်တဲ့အတွက် နေရာ၊ အချိန် အတိအကျ မလိုအပ်ပါဘူး။

 

လေ့လာရမယ့် သင်ခန်းစာများ 

- Mathematics 

 

- Socail Studies 

  • History 
  • Geography
  • Civics and Government
  • Economics

 

- Language Arts 

  • Reading
  • Grammar
  • Writing

 

- Science

  • Physics
  • Biology
  • Chemistry
  • Earth science
  • Outer space

 

စုစုပေါင်း ဘာသာရပ် (၄) ခု၊ သင်ခန်းစာဗီဒီယို (၈၀) ခုကို လေ့လာနိုင်မှာဖြစ်ပြီး သင်ခန်းစာတစ်ခုပြီးတိုင်း ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုရမှာဖြစ်ပါတယ်။ မေးခွန်းပုံစံတွေကိုလည်း GED စာမေးပွဲအစစ်အတိုင်း ပြင်ဆင်ပေးထားတာဖြစ်တဲ့အတွက် တကယ့်စာမေးပွဲအတွက် လေ့ကျင့်ပြီးသားဖြစ်စေမှာပါ။ 

 

GED Preperation အတန်းအတွက်ကတော့ အောက်ကလင့်ခ်မှာ Sign in လုပ်ပြီး ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

>> https://classroom.usahello.org/programs/ged/

 

GED ကို လေ့လာပြီးပြီဆိုရင် နောက်ထပ်တစ်ဆင့်အနေနဲ့ GED စာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ အဆင်သင့်ဖြစ်ပြီးလားဆိုတာကို စမ်းသပ်နိုင်မယ့် GED Practice Test ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖြေဆိုကြည့်ပါ။ USAHello မှာ အလေ့အကျင့် စာမေးပွဲတွေကို အကြိမ်ကန့်သတ်ချက်မရှိဘဲ ဖြေဆိုနိုင်ပါတယ်။ ဖြေဆိုတိုင်းမှာလည်း မတူညီတဲ့ အလေ့အကျင့် မေးခွန်းတွေကို အသစ်ထပ်ရမှာဖြစ်ပါတယ်။ များများလေ့ကျင့်ပြီး GED အစစ် စာမေးပွဲမှာ အမှတ်ကောင်းကောင်းရရှိဖို့ မျှော်လင့်လို့ရမှာဖြစ်ပါတယ်။ 

>> https://classroom.usahello.org/programs/ged-practice-test/

---------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

High Read 227 times