Sales Hotline : 09448001653       Download App



သင်္ချာကြောက်စိတ်ကို ကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်း လေးခု 

သင်္ချာကြောက်စိတ်ဆိုသည်မှာ ဉာဏ်ပညာချို့ယွင်းမှု ပြဿနာ မဟုတ်ဘဲ စိတ်ခံစားမှု ဆိုင်ရာပြဿနာ တစ်ခုဖြစ်ပါသည်။  သို့သော် သင်္ချာကြောက်စိတ်သည် လူတစ်ဦးတစ်ယောက်၏ သင်္ချာပညာ သင်ယူနိုင်စွမ်းကို အနှောင့်အယှက်ပေးနိုင်စွမ်းရှိသည့် ပြဿနာ တစ်ခု ဖြစ်‌လာနိုင်ပါသည် ဟု လက်ဝတ်ရတနာ အလှဆင်ပညာရှင် ဖြစ်သည့် Jane Berg မှ ပြောကြားထားပါသည်။ 

“သာမာန်ဖြစ်တည်မှု” နှင့် “တမူထူးခြားနေသည့် ဖြစ်တည်မှုများ” ၏ အဓိက ကွာခြားချက်မှာ “လေ့ကျင့်မှု” ပင်ဖြစ်ပါသည်။ အလေ့အကျင့် သည် မိမိ အလိုဆန္ဒရှိသည့် ပြည့်စုံခြင်း အမှုကို လက်ယပ် ခေါ်နေသည့် နည်းလမ်း တစ်ရပ်ဖြစ်ပါသည်။ 

ထို့ကြောင့် ထိုသင်္ချာကြောက်စိတ်ကို ကျော်လွှားနိုင်ရန် အတွက် အကောင်းဆုံးနည်းလမ်းလေးခုကို ဖော်ပြလိုက်ရပါသည်။ 

၁။ ထပ်ခါတလဲလဲ လေ့ကျင့်ပါ။ 

အလေ့အကျင့်ပြုခြင်းသည် သင်္ချာဘာသာရပ်တွင် ထူးခွန်စေရန် အထောက်အကူ ဖြစ်စေသော်လည်း မှန်ကန်သောနည်းလမ်းများဖြင့် ဆောင်ရွက်ရန်မှာ အလွန်အ‌‌ရေးကြီး ပေသည်။ သင်္ချာပုစ္ဆာ တစ်ပုဒ်ကို ၏၊သည် မရွေး အလွတ်ကျက်တာမျိုးကို လုံးဝ မပြုလုပ်ဘဲ ထိုပုစ္ဆာတွင် အသုံးပြုထားသည့် သီအိုရီ၊ ဖော်မြူလာ၊ ပုံသေနည်းများ၏ အသုံးပြုနည်းကို နားလည်အထိ လေ့ကျင့်သင့်ပါသည်။ 

စိတ်အေးအေးထားပါ။ တစ်ဆင့်ချင်းစီ လေ့လာပါ။  ဥပမာ-  ပုစ္ဆာတစ်ပုဒ်ကိုဖြေရှင်းရမည်ဆိုလျှင် အရင်ဦးဆုံး “ “စားခြင်း” ကိုပြုလုပ်ရမည်။ ထိုနောက် ‌”မြောက်ခြင်း” ပြီးလျှင် “ပေါင်းခြင်း” ကို တစ်ဆင့်ချင်းစီ ပြုလုပ်ရမည် ဖြစ်သည်။ ထို့ကြောင့် ပထမဦးဆုံး အဆင့်ဖြစ်သည့် “စားခြင်း” ကို အာရုံထားကာ ဘာကြောင့် ထိုနေရာတွင် ထိုသို့ ပြုလုပ်ရသည်ကို လေ့လာရမည် ဖြစ်ပါသည်။ အဆင့်အလိုက် လေ့လာသွားပါက အဆုံးတွင် မေးခွန်းပုစ္ဆာ၏ သဘောတရားကို နားလည်လာကာ  ခက်ခဲတော့မည် မဟုတ်ပေ။ 

“မှန်သည် အထိ လေ့ကျင့်တာမျိုး မပြုလုပ်ပါနှင့်၊ နောက်ဆုံးအဖြေမမှားတော့သည်အထိ လေ့ကျင့်ခြင်းမျိးကို ပြုလုပ်ပါ” ဒါကြောင့် စာဖတ်သူများအတွက် နေ့စဥ်မိနစ်သုံးဆယ်စာ အလေ့အကျင့် ပလန်လေးကိုဖော်ပြပေးလိုက်ရပါသည်။ 

၂။ ရှေးရိုးစွဲများကို ဖယ်ပြီး အပြုသဘောဆောင်ပါ။

“အပြုသဘောဆောင်ခြင်းသည် သင်ကြားခြင်းနှင့် မှတ်ဉာဏ်များနှင့်ပတ်သက်လျှင် များစွာ အကျိုးပြုသည်။” ဟု Chen မှ ပြောသည်။ ဆက်လက်၍ သူ့အနေဖြင့် ဒါဟာအလွန် အရေးပါပြီး စိတ်ဝင်စားဖို့ ကောင်းတယ် ဟု ဆိုထားသည်။  သင်္ချာနှင့် ပတ်သက်ပြီး ရှေးရိုးစွဲ အတွေးအခေါ်များကို မယုံကြည်ပါနှင့်။ ဒီအပျက်သဘောဆောင်သည့် အတွေးအခေါ်များနှင့် ပတ်သက်ပြီး အာရုံစိုက်စရာမလိုပေ။

သင်္ချာ စွမ်းရည်နှင့် ပတ်သက်ပြီး အပျက်သဘောအယူအဆများကို အလွှမ်းမိုး မခံသင့်ပါ။ တကယ်တတ်မြောက်ချင်သည့် စိတ်သဘောထားကသာလျှင် အရေးအကြီးဆုံး ဖြစ်ပေသည်။ သင်၏ စိတ်သဘောထားနှင့် မိမိကိုယ် မိမိ ယုံကြည်မှုကသာလျှင် သင်လိုချင်သည့် ပန်းတိုင် ရောက်‌အောင် ခေါ်ဆောင်သွားနိုင်မည် ဖြစ်သည်။

ထို့ကြောင့် သင့်အနေဖြင့် သင်၏အတွေးအခေါ်များကို ထိန်းချုပ်ရန်လိုအပ်ပြီး အပြုသဘောဖြင့်နေထိုင်ရန် လိုအပ်ပေသည်။ သင်၏ အပြုသဘောဆိုင်သည့် စိတ်နေသဘောထားများသည်သာလျှင် ပိုမိုထိရောက်ကောင်းမွန်သည့် ပညာရေးကို ခေါ်ဆောင်သွားမည် ဖြစ်ပြီး ထိုသဘောထားကသည်သာလျှင် အောင်မြင်မှု ပန်းတိုင်ကို ဖော်ဆောင်ပေးမည် ဖြစ်ပါသည်။ 

၃။ သင်္ချာပညာနှင့် လက်ရှိကမ္ဘာကို ချိတ်ဆက်ခြင်း။

သင်္ချာပညာတွင် လူမျိုးမရှိ၊ နယ်မြေ အပိုင်းအခြားမရှိပါ။ သင်္ချာအတွက် အားလုံးဟာ တစ်စုတစ်တည်းဖြစ်စေသည့် တိုင်းပြည်နိုင်ငံတစ်ခုဖြစ်ပေသည်။ အကယ်၍ သင်္ချာသည် သင့်အတွက် ပျင်းရိငြီးငွေ့ဖွယ်ဖြစ်သော ဘာသာရပ် တစ်ခုဖြစ်စေလျှင် သင့်အနေဖြင့် သူ့တွင် ပုန်းကွယ်နေသည့် လျှိ့ဝှက်ချက်များကို  သိထားသင့်ပေသည်။ 

ကျောင်းသားအများစုကသင်္ချာသည်လက်တွေ့ဘ၀တွင်အသုံးချခြင်းမရှိဟုယုံကြည်ကြသည်။ တကယ်တော့ ဒါဟာ မမှန်ပေ။ သင်္ချာပညာရပ်ဟာ မိမိတို့ပတ်ဝန်းကျင်တွင် ရှင်သန်လျက်ရှိပေသည်။ နေ့စဥ်ဘဝ ပတ်ဝန်းကျင်တွင် သင်္ချာပညာရပ်ကို အသုံးချလျက်ရှိပေသည်။ မနက်မိုးလင်း၍ နံနက်စာဝယ်သည်မှစ၍ ညအိပ်ယာဝင် ဘုရားဝတ်ပြုသည်အထိ သင်္ချာကို အသုံးပြုနေရပေသည်။ 

ဒါဟာ တစ်ကမ္ဘာလုံးဆိုင်ရာဘာသာစကားဖြစ်ပြီး ကမ္ဘာကြီးကိုလည်း သင်္ချာဘာသာစကားဖြင့်ရေးသားထားပါသည်။ ‌မိုးသောက်နေရောင်လာသည်မှ လရောင်ဆမ်းသည် အထိတစ်လှည့်စီသွားနေသကဲ့သို့ နွေမိုးဆောင်း ရာသီဥတုသည်လည်း အလှည့်ကျ သွားနေခြင်းသည်လည်း သင်္ချာပညာ၏ သဘာဝ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

ဂျီဩမေတြီ နှင့်ပတ်သက်ပြီး စကြာဝဠာတွင် ပို၍နက်နက်ရှိုင်းရှိုင်းလေ့လာကြည့်လျှင် ပိုမိုနားလည်သဘောပေါက်လာမည် ဖြစ်သည်။ ပျားအုံသည်လည်း ဆဌဂံပုံစံရှိသည်ကို နားလည်လျှင် သင်္ချာတွင်ပါဝင်သည့် အနား နှင့် ထောင့်များအကြောင်းကို နားလည်လာမည် ဖြစ်သည်။ 

အကယ်၍ သင်ဟာ ကောင်းမွန်စွာ ချက်ပြုတ်တတ်သည် သို့မဟုတ် ကိတ်မုန့်ဖုတ်တာ ကျွမ်းကျင်သည်ဆိုလျှင် သင်ဟာ သင်္ချာပညာ၏ အစိတ်အပိုင်း ဖြစ်သည့် Fraction, Ratios နှင့် Proportions များ၏ အသုံးပြုပုံများကို နားလည်သဘောပေါက်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် သင်္ချာပညာကို ငြီးငွေ့ ပြီး အကျိုးမရှိဟု ခံစားနေရလျှင် ကျိုးကြောင်းဆီလျော်စွာတွေးတောဆင်ခြင်ပြီးအမှန်တကယ် လက်တွေ့တွင် အသုံးချနိုင်အောင်ကြိုးစားကြည့်ပါ။ 

၄။ ဂိမ်းကစားခြင်းဖြင့် သင်ယူပါ။ 

သင်္ချာဘာသာရပ်သည် စောင့်ကြည့်လေ့လာရသည့် အားကစားတစ်ခု၊ အသိပညာဗဟုသုတ တစ်စိတ်တစ်ပိုင်း၊ စာမျက်နှာသင်္ကေတတစ်ခု မဟုတ်ပါဘူး။ ဒါဟာ သင်ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရသည့် ကစားပွဲတစ်ခုဖြစ်ပါသည်။
ဂိမ်းကစားခြင်းဖြင့် သင်္ချာဘာသာသင်ယူခြင်းသည်လည်း အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုကို ဖြစ်စေပါသည်။ ကစားခြင်းဖြင့် ပိုမိုသင်ယူနိုင်သည်ကိုလည်းတွေ့မြင်နိုင်ပါသည်။ ထိုမှတစ်ဆင့် သင်္ချာဘာသာ သင်ယူခြင်းကို စိတ်ပါဝင်စားလာပြီး စိတ်ဓာတ်ခွန်အားများပိုမိုမြင့်တက်လာမည်ကိုတွေ့မြင်ရပါသည်။ 

အဘယ်ကြောင့်ဆိုသော် အရှုံးကို မလိုချင်သည့် လူ့သဘာဝအရ ပြိုင်ပွဲများကဲ့သို့သော ဂိမ်းများသည် လူသားများ၏  ပြိုင်ဆိုင်လိုသည့် စိတ်ကို နှိုးဆွပေးသောကြောင့် ဖြစ်ပါသည်။ 

လူ့သဘာဝအရ ရှုံးလျှင် အနိုင်လိုချင်သောကြောင့် ထပ်ကစားမည်။ နောက်တစ်ကြိမ်ကစားလျှင် အရင်တစ်ခေါက်ကထက် ပို၍ အလေးထားကာ ကစားမည်။ အမှားထဲမှ သင်ခန်းစာယူကာ အနိုင်ရအောင် ကြိုးစားကြမည် ဖြစ်သည်။ ထို့နည်းတူ သင်္ချာဘာသာကို လေ့လာမည်ဆိုပါက ထိုကဲ့သို့ အပြုသဘောဆောာင်သည့် ကြိုးစားအားထုတ်မှုအား များက အောင်မြင်မှုကိုရရှိစေမှာဖြစ်ပါသည်။ 

အထက်ပါ နည်းများဖြင့် ကြိုးစားကြပါက စိတ်ခံစားချက်ဆိုင်ရာ ပြဿနာတစ်ခု ဖြစ်သည့် သင်္ချာ ကြောက်စိတ်မှာ တစ်ဖြည်းဖြည်းနည်းပါးလာကာ မိမိကိုယ်ကို ယုံကြည်မှုများတိုးလာကာ ကျော်လွှားနိုင်မည် ဖြစ်ပါသည်။ 

ထို့အပြင် အင်တာနက်တွင်လည်း သင်္ချာနှင့် ပတ်သက်၍ ကစားနိုင်သည့် ဂိမ်းပေါင်းများစွာ ရှိပါသည်။ ရံဖန်ရံခါ အချိန်ဖြုန်းချင်သည့်အခါများတွင် ကစားနိုင်ရန် ဂိမ်းအချို့ကို ဖော်ပြပေးလိုက်ရပါသည်။ 
ဥပမာ - Math 24, 2048, Tangram, Math Riddles, Brain Out.

ထို့ကြောင့် ဂိမ်းများမှ တစ်ဆင့် သင်္ချာကို သင်ယူပြီး လက်တွေ့ကျကျ အတွေးအခေါ်များဖြင့် လက်တွေ့ဘဝတွင် ပြန်လည် အသုံးချပါ။ 

ပျော်ရွှင်ဖွယ်ကောင်းသော သင်ကြားမှု ဖြစ်ကြပါစေ။

By Myanmar Education Guide - EDGE 
 

Primary Read 7842 times