အင်္ဂလန်နှင့် ဝေလနယ်ရှိ သန်းပေါင်း များစွာသော ကလေးများသည် Covid-19 ပိတ်ဆို့ခြင်း မှ စာသင်ခန်းတွင်းသို့ ခြောက်လအတွင်း ပထမဆုံးအကြိမ်ပြန်လာကြရာ ကျောင်းဖွင့်ရက်၏ပထမဆုံးနေ့တွင် ကိုယ်ပိုင်ကာကွယ်ရေးဝတ်စုံ” PPE” များ မဝတ်ဆင်ဘဲ ကျောင်းလာရခြင်းကို အရည်အချင်းပြည့်မီသော ဆရာသစ်အနေဖြင့် ကြောက်ရွံ့မိကြောင်း ကို Adam Woodward မှ ပြောခဲ့သည်။
အလုပ်သမားထောက်ခံသူ Adam Woodward (၂၃ နှစ်) သည် South Yorkshire, Barnsley ရှိ Horizon Community College တွင် သူ၏ အသက်မွေးကျောင်းလုပ်ငန်းရပ်ကို NQT (New Qualified Teacher) အရည်အချင်းပြည့်မှီသော အင်္ဂလိပ်ဆရာအဖြစ် စတင်လုပ်ကိုင်တော့မည် ဖြစ်ကြောင်းကို သူ၏ Twitter တွင် ပြောကြားခဲ့သည်။
လူမှုရေး အရဝေးကွာစွာ နေထိုင်ရန် မဖြစ်နိုင်သည့် ပတ်ဝန်းကျင်တွင် ၎င်းအနေဖြင့် PPE မပါဘဲ စာသင်ကြားရခြင်းကို ကြောက်ရွံ့မိကြောင်း၊ ထိုနည်းတူ ကျောင်းသားများမှာလည်း စိုးရိမ်နေကြောင်း ပြောခဲ့သည်။ “ဒါ ဟာ အစိုးရက သူနှင့် ကျောင်းသားတိုင်းအပေါ်တွင် ပျက်ကွက်မှု ဖြစ်စေခဲ့သည့် အတွက် ရှုံ့ချတယ်” ဟု ဆိုခဲ့သည်။
Sheffield Hallam တက္ကသိုလ်မှဘွဲ့ရခဲ့သည့် ကျောင်းဆင်းတစ်ဦးမှလည်း မြောက်ပိုင်းရထားလမ်းပေါ်တွင် နှာခေါင်းစည်းမျက်နှာဖုံးတပ်ဆင်ထားကာ ရိုက်ထားသည့် သူ၏ ဆယ်လ်ဖီပုံကို တင်ခဲ့သည်။ ထို့အပြင် လေ့လာမှုများအရ ကျောင်းသားများသည် ပိတ်ဆို့မှုများကြောင့် ကျောင်းတက်ရမည့် အချိန်မှာ သုံးလခန့်နောက်ကျနေပြီ ဖြစ်ကြောင်းကို သိရသည်။
အရေးကြီးသောအချိန်တွင် တိုင်းပြည် ပုံမှန်အခြေအနေပြန်ဖြစ်ရန် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Boris Johnson၏ ကြိုးပမ်းနေချိန်တွင် အင်္ဂလန်ရှိကျောင်းများ၏ ၄၀ ရာခိုင်နှုန်းခန့်သည်ယနေ့တွင်ဖွင့်လှစ်ခဲ့ပြီး ကျန်ရှိသော ကျောင်းများကို လာမည့် အပတ်တွင် ဖွင့်မည်ကို သိရပါသည်။ အဆိုပါကျောင်းများကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများကြောင့် မတ်လ ၂၀ ရက်နေ့က ပိတ်ထားခဲ့ခြင်းဖြစ်ပြီး အားနည်းသော ကျောင်းသားများနှင့် အဓိကကျသော အလုပ်သမားများ၏ ကလေးများသာ အတန်းတက်ခွင့် ရခဲ့ခြင်း ဖြစ်သည်။
ပညာရေး အတွင်းရေးမှူး ဖြစ်သည့် Gavin Williamsonသည် နွေရာသီအားလပ်ရက်မတိုင်မီတွင် မူလတန်းကလေးများအား ကျောင်းသို့ ပြန်ခေါ်နိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
စာမေးပွဲများကို ဖျက်သိမ်းပြီးနောက်တွင် GCSEs နှင့် A-Levels အဆင့်သတ်မှတ်ချက်များမှာ ရှုပ်ထွေးလာပြီး အမျက်ဒေါသထွက်နေသော ကျောင်းသားအများစုသည် အစိုးရ၏ ညံ့ဖျင်းသော ကွန်ပျူတာ အကဲဖြတ်မှုကို ရှုပ်ချခဲ့သည်။
Mr. Williamson သည် ယခုနှစ်တွင် မကြုံဖူးသော ကိုဗစ်အနှောက်အယှက်ဖြစ်ပွားမှုကြောင့် ကလေးငယ်များ စာသင်ရာတွင် အမီလိုက်ရန် အခွင့်အလမ်းပေးသည့် အနေဖြင့် လာမည့်နှစ် စာမေးပွဲများကို နောက်ဆုတ်ရန် စဉ်းစားနေကြောင်း သိရသည်။
၃၀၀၀ ခန့်သော ကျောင်းသားခေါင်းဆောင်များနှင့် ဆရာများကို စစ်တမ်းကောက်ယူခဲ့ရာ ၉၈ ရာခိုင်နှုန်းသော ကျောင်းသားများသည် ၂၀၁၉- ၂၀၂၀ အကုန်တွင် သူတို့၏ သင်ကြားရေးနှင့် ပတ်သက်၍ ၎င်းတို့ မျှော်လင့်ထားသည့် အတိုင်း သိပ်မဝေးတော့ကြောင်းကို ခံစားရကြောင်း တွေ့ရှိရသည်။
National Foundation for Educational Research (NFER) ၏ စစ်တမ်းအရ မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်း ၂၂၀၀ ခန့်မှ ၂၁ ရာခိုင်နှုန်းသော ဆရာများက ယောက်ျားလေးများသည် မိန်းကလေးများထက် နောက်ကျကျန်ခဲ့သည်ဟု ယုံကြည်နေကြောင်း သိရသည်။
၎င်း၏လေ့လာမှုက ဇူလိုင်လအထိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဆရာများသင်ရိုးညွှန်းတမ်း၏ ၆၆ ရာခိုင်နှုန်းကို ကာမိခဲ့ပြီး ပျမ်းမျှအားဖြင့် ကျောင်းသားများသည် သူတို့၏လေ့လာမှုတွင် သုံးလနောက်ကျသည်ဟု ဆရာများကခန့်မှန်းသည်။
သို့သော် အင်္ဂလန်နိုင်ငံရှိ အဆင်းရဲဆုံးကျောင်းများတွင် သင်ကြားပေးသူများ၏ ထက်ဝက်ကျော် (၅၃ ရာခိုင်နှုန်း)သည် သူတို့၏ကျောင်းသားများသည် ၄လ သို့မဟုတ် ထိုထက်မက နောက်ကျ ကျန်ခဲ့ကြောင်းဖော်ပြခဲ့သည်။
By Myanmar Education Guide - EDGE
Ref: Daily Mail