စစ်တွေမြို့မှ ဆယ်တန်းကျောင်းသူလေးမှာ ကျောင်းပိတ်ရက်တွင်ဖျားနာ၍ စောင့်ကြည့်ထားရာမှ ကိုဗစ်ရောဂါအတည်ပြုခဲ့ပြီး ယခုအခါတွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းသိရပါသည်။
အထက်တန်းကျောင်းများကို တစ်ပတ်ခြားတစ်ခါ ဖွင့်ကာ ပညာသင်ကြားစေရာမှ ရခိုင်ပြည်နယ်တွင် ကူးစက်လူနာ အရေအတွက် များပြားလာသောကြောင့် ပြီးခဲ့သည့် သောကြာနေ့တွင် ကျောင်းများကို အကန့်အသက်မရှိပိတ်ထားခဲ့ပါသည်။
သူမနှင့်ထိတွေ့ခဲ့သည့် ဆရာ/ဆရာမများ၊ ကျောင်းမှသူငယ်ချင်းများကိုလည်း အသွားအလာ ကန့်သတ်ကာ စောင့် ကြည့်လျက်ရှိပြီး ဓာတ်ခွဲနမူနာများ ရယူထားကြောင်း သိရပါသည်။
“သူမနှင့် အနီးကပ်ထိတွေ့ခဲ့သော သူများကို Facility Quarantine ထားရှိထားပြီး ကျန်သူများကိုတော့ Home Quarantine ထားရှိပြီး နှစ်မျိုးလုံးအတွက် နှာခေါင်းတို့ဖတ် ယူထားတယ် “ ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောကြားခဲ့ပါသည်။
ဆက်စပ်ဖတ်ရှုရန် >>>ကိုဗစ်အတည်ပြုလူနာများစာရင်းတွင် စစ်တွေ ဆယ်တန်းကျောင်းသူတစ်ဦး ပါဝင်နေ