တရုတ်နိုင်ငံ စီချွမ်တွင် ပထမဆုံး ပန်ဒါမေဂျာဌာနကို ဖွင့်လှစ်မည်

 

Sichuan ပြည်နယ်၊ Nanchong ရှိ China West Normal University သည် ပန်ဒါကြီးများကို လေ့လာရန် ရည်ရွယ်ပြီး ပန်ဒါမေဂျာဌာနကို ဖွင့်လှစ်ခဲ့ပြီး စာသင်နှစ်အသစ်အတွက် စက်တင်ဘာလတွင် ပထမဆုံးအကြိမ် ဘွဲ့ကြိုကျောင်းသားများကို စတင် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။ 

 

ပထဆုံးအကြိမ်အဖြစ် ကျောင်းသား ၅၀ ကိုသာ လက်ခံသွားမည်ဖြစ်ပြီး တိရစ္ဆာန်များ ကာကွယ်ရေး အထူးပြု ကျွမ်းကျင်ပညာရှင်များ ဖြစ်လာစေရန် တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝဘေးမဲ့တော စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။

 

ပန်ဒါမေဂျာသည် တက္ကသိုလ်၏ Life Sciences ဌာနအောက်တွင်ရှိပြီး တက္ကသိုလ်နှင့် ပြည်နယ် Forestry and Grassland Bureau တို့မှ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

 

ပန်ဒါမေဂျာဌာနသည် Giant Panda အမျိုးသားဥယျာဉ်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် အလုပ်လုပ်နိုင်သော ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသားများကို ပြုစုပျိုးထောင်ပေးမည်ဖြစ်ကြောင်း Life Sciences ဌာနမှ ဌာနမှူး Liao Wenbo က ပြောကြားခဲ့သည်။

 

Sichuan၊ Shaanxi နှင့် Gansu ပြည်နယ်တစ်လျှောက် ၂၇,၁၃၄ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော Giant Panda အမျိုးသားဥယျာဉ်သည် တရုတ်နိုင်ငံရှိ ပန်ဒါရိုင်းများ ၇၂ ရာခိုင်နှုန်း၏ နေထိုင်ကျက်စားရာ နေရာဖြစ်သည်။ ပန်းခြံ၏စတုရန်းကီလိုမီတာ ၂,၅၀၀ ကျော်သည် Baoxing ခရိုင်၊ Sichuan ပြည်နယ်တွင် ရှိပါသည်။

 

ပန်ဒါကြီးများကို ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး၏ “ထင်ရှားသောမျိုးစိတ်များ” အဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသည်။ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ ပန်ဒါရိုင်းအများစုနေထိုင်ရာ Sichuan ပြည်နယ်အတွက် ယဉ်ကျေးမှုသင်္ကေတတစ်ခုလည်းဖြစ်သည်။

 

China West Normal University ၏ ရှားပါးတိရစ္ဆာန်နှင့် အပင်များစောင့်ရှောက်ရေးဌာနမှ ဒါရိုက်တာနှင့် ဆရာဖြစ်သော Wei Wei မှ "ဇီ၀ဗေဒ ထိန်းသိမ်းစောင့်ရှောက်ရေး ပရော်ဖက်ရှင်နယ်သင်တန်းများကို သင်ကြားပို့ချမည်ဖြစ်ပြီး ပန်ဒါကောလိပ်ရှိ ကျောင်းသားများအတွက် အထူးဟောပြောပွဲများ ပြုလုပ်ရန် ပြည်တွင်းရှိ တက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်းများမှ လူသိများသော ဇီဝဗေဒ ထိန်းသိမ်းရေးကျွမ်းကျင်သူများကိုလည်း ဖိတ်ခေါ်မည်ဖြစ်သည်။" ဟု ပြောကြားခဲ့သည်။ 

 

တရုတ်နိုင်ငံ ပန်ဒါရိုင်းများ ထိန်းသိမ်းရေးနှင့် သုတေသနစင်တာ၊ Chengdu ပန်ဒါမွေးမြူရေး သုတေသန အခြေစိုက်စခန်းနှင့် Chinese Academy of Sciences အဖွဲ့အစည်း၏ Chengdu ဇီဝဗေဒဌာနနှင့် သတ္တဗေဒဌာနတို့မှ ပညာရှင် ၂၂ ဦးသည် တက္ကသိုလ်၏ ကျွမ်းကျင်ပညာရှင် ကော်မတီတွင် ပါဝင်ပါသည်။

 

China West Normal University ၏ ပါတီအတွင်းရေးမှူး Wang Yuanjun က အဆိုပါတက္ကသိုလ်သည် တရုတ်နိုင်ငံ၏ အဆင့်မြင့်ပညာကဏ္ဍတွင် ပန်ဒါရိုင်းကြီးများ၏ ဂေဟစနစ်ကို လေ့လာရာတွင် ဦးဆောင်နေပြီး ၁၉၇၀ ပြည့်လွန်နှစ်များတည်းက ပန်ဒါဝက်ဝံကြီးများကို သုတေသနပြုခဲ့သည့်အတွက် နိုင်ငံ၏ သက်တမ်းအကြာဆုံး သုတေသနမှတ်တမ်းအဖြစ် ဂုဏ်ယူစွာ ပြောကြားခဲ့သည်။

 

China West Normal University သည် တရုတ်နိုင်ငံ၏ ပထမဆုံး ပန်ဒါဝက်ဝံနယ်ပယ်ကို စူးစမ်းလေ့လာခဲ့သည့် တက္ကသိုလ်ဖြစ်သည့်အပြင် ကမ္ဘာ့ပထမဆုံး ပန်ဒါများ၏ ဂေဟဗေဒ လေ့လာရေးစခန်းကို တည်ထောင်ကာ တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လုပ်ဆောင်ခဲ့ပါသည်။ တောတွင်းနေ ပန်ဒါကြီးများ၏ ဂေဟစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းလေ့လာရန် ကမ္ဘာ့ပထမဆုံး ပညာရပ်ဆိုင်ရာ သုတေသနနှင့် မှတ်တမ်းစာအုပ်ကို ထုတ်ဝေခဲ့ကြောင်းလည်း Wang Yuanjun မှ ပြောကြားခဲ့သည်။

 

Source - ANN (Asia News Network) 

 

International News Read 77 times