ငလျင်ဘေးသင့်ခဲ့တဲ့ မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ နေပြည်တော်တို့မှ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူတွေဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှ စပြီး စာမေးပွဲပြန်လည်ဖြေဆိုရမှာဖြစ်ပါတယ်။
ဒါကြောင့် စာပြန်လေ့လာလိုတယ်ဆိုရင် အခုပြောပြပေးမယ့် ပညာဒါနအတန်းတွေမှာ အခကြေးငွေ (လုံး၀) ပေးစရာမလိုဘဲ အွန်လိုင်းမှတဆင့် တက်ရောက်နိုင်ပါတယ်။
၁။ ဘာသာစုံပညာဒါနအတန်း
ဆရာညီညီနိုင် (Pioneer Training Center - ကျိုက်ထို) နဲ့ ရင်ဘတ်တူ ဆရာ/ဆရာမတွေ စုစည်းပြီး တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုရမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ညာဒါနအတန်းတွေ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဘာသာရပ်အလိုက် လမ်းညွှန်းသင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
***မြန်မာစာ
ဒေါက်တာယဉ်မာအေး (ဒဂုံ)
ဆရာမ ချောချစ်ထွေး (စာရေးဆရာမ မေမိုး)
ဆရာကြီး ဦးမင်းနိုင် (မုံရွာ)
***အင်္ဂလိပ်စာ
ဆရာမင်းမင်းဦး (ဦးမင်းမင်းဦး ကိုယ်ပိုင်ထက်တန်းကျောင်း- လှိုင်သာယာ)
ဆရာဦးဝင်းခန့်စိုး (ရန်ကုန်)
***သင်္ချာ
Tr Sandar (Easy Maths) တွဲဖက်ပါမောက္ခ
ဆရာဇေယျာအောင်(ရွှေမဟာ)
ဆရာ Maple
ဆရာမ ဒေါ်မျိုးသုနွယ် (Yangon)
***ဓါတုဗဒေ
ဆရာ Sun Linn Tun
ဆရာ သည်းဇော်ထက် (ဓါတုဆရာလေး)
ဆရာ ညီညီနိုင် (Pioneer) ကျိုက်ထို
***ရူပဗေဒ
ဆရာကျော်သူလွင် (M.Sc Physics) K.T.L ကိုယ်ပိုင်အထက်တန်းကျောင်း
ဆရာတည်ကြည် (မော်လမြိုင်)
***ဇီဝဗဒေ
ဒေါက်တာနိုင်ဇီဝ (ပညာ့မြေ)
ဆရာသိန်း M.Sc (မကွေး)
ဒေါက်တာ သိင်္ဂီညွန့် (Yangon)
***ဘောဂဗေဒ
ဆရာမဒေါ်ဖြူဖြူအောင် (အ.ထ.က ၅ ဒဂုံရှေ့)
ဆရာသန်းဇော် ထက်( ဧရာဝတီ)
***သမိုင်း
ဆရာချိုသာထွန်း
ဆရာမ အေးနုရည်ထွေး(အ.ထ.က စက်/စိုက်မွေး)တ/ဒဂုံ
***ပထဝီ၀င်
ဆရာသန်းဇော်ထက်(ဧရာဝတီ)
၁.၅.၂၀၂၅ နေ့မှာ အတန်းတွေ စတင်တော့မှာဖြစ်တဲ့အတွက် Viber နံပါတ် 09425314320 ကို ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါတယ်။
မူရင်းပို့စ် > https://www.facebook.com/permalink.php?
၂။ ဇီဝဗေဒနဲ့ ဘောဂဗေဒ
တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ဇီဝဗေဒနဲ့ ဘောဂဗေဒ ဘာသာစုံ သင်ခန်းစာတွေကို အခမဲ့ လေ့လာနိုင်ဖို့ ဝါဆိုလန်းမှ စီစဉ်ပေးထားပါတယ်။ အခုအချိန်မှ စပြီး တက္ကသိုလ်ဝင်စာမေးပွဲပြီးဆုံးမယ့် ဇွန်လကုန်အထိ အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဝါဆိုလန်း Application ကို download ဆွဲပြီး အကောင့်လေးဖွင့်ထားပြီးတာနဲ့ Page messenger (သို့) ဖုန်းနံပါတ် - 09 266 805 001 ~ 004 တို့ကို ဆက်သွယ်နိုင်ပါတယ်။
Waso Learn Mobile Application
Waso Learn KG-12 : https://play.google.com/store/apps/details? ((Android အသုံးပြုသူများအတွက်)
Waso Learn KG-12 : https://apps.apple.com/mm/app/waso-learn-kg-12 (iOS အသုံးပြုသူများအတွက်)
မူရင်းပို့စ် > https://www.facebook.com/WasoLearn/posts/
၃။ အင်္ဂလိပ်စာ
Wint Education for English မှ Teacher Wint ကိုယ်တိုင် သင်ကြားပေးမယ့် အင်္ဂလိပ်စာသီးသန့် ပညာဒါနအတန်းဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုရမယ့်သူတွေအနေနဲ့ သင်ကြားမှုကို တိတိကျကျ လိုက်နာမယ်ဆိုရင် (၆၅) မှတ်နဲ့ အထက် ရရှိနိုင်ပါတယ်။
၁.၅.၂၀၂၅ မှာ အတန်းစမှာဖြစ်ပြီး တစ်ပတ် (၅) ချိန်နဲ့ ည (၆) နာရီခွဲမှာ တက်ရောက်ရမှာပါ။ တက်ရောက်လိုသူတွေက Page Messenger မှာ သွားရောက်စာရင်းပေးသွင်းနိုင်ပါတယ်။
မူရင်းပို့စ် > https://www.facebook.com/TeacherWint
နောက်ထပ်သိရတဲ့ ပညာဒါနအတန်းတွေကို ဒီပို့စ်မှာပဲ ထပ်မံဖြည့်စွက်သွားပါမယ်။
==============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။