အားလုံးသိကြတဲ့အတိုင်း AI (Artificial Intelligence) ကို နယ်ပယ်အတော်များများမှာ အသုံးပြုနေကြသလို ပညာရေးကဏ္ဍမှာလည်း AI ရဲ့ အရေးပါမှုက တစ်စထက်တစ်စ ကြီးထွားလာပါတယ်။ ပုဂ္ဂလိကကျောင်းတွေကတော့ သင်ကြားမှုနဲ့ သင်ယူရေးလုပ်ငန်းစဉ်၊ ကျောင်းသားစွမ်းဆောင်ရည်သုံးသပ်မှုနဲ့ စာသင်ခန်းစီမံခန့်ခွဲမှုပိုင်းတွေမှာ AI နည်းပညာတွေကို အသုံးပြုကြပါတယ်။
အောက်မှာ ပုဂ္ဂလိကကျောင်းတွေအနေနဲ့ ပညာရေးကို တိုးတက်စေဖို့နဲ့ ကျောင်းသားတွေအတွက် သင်ယူမှု အတွေ့အကြုံကောင်းတွေ ရရှိစေဖို့ ဘယ်လို AI tools တွေ အသုံးပြုလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
Adaptive Learning
Century Tech နဲ့ Squirrel AI တို့က ကျောင်းသားတွေအတွက် လိုက်လျောညီထွေဖြစ်တဲ့ သင်ယူမှုဖြစ်အောင် လုပ်ဆောင်ပေးတဲ့ AI tools တွေ ဖြစ်ပါတယ်။ ကျောင်းသားတစ်ဦးချင်းစီရဲ့ အားသားချက်၊ အားနည်းချက်တွေကို ခွဲခြမ်းစိတ်ဖြာပေးကာ သူတို့ရဲ့ Knowledge Level အပေါ်မူတည်ပြီး သင်ခန်းစာတွေကို ချိန်ညှိပေးနိုင်ပါတယ်။ ကျောင်းသားတွေရဲ့ လေ့လာမှုကို ခြေရာခံပြီး လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အပို လေ့ကျင့်ခန်းတွေ၊ မေးခွန်းတွေ ပြင်ဆင်ပေးတဲ့အပြင် ရှင်းပြချက်တွေလည်း ထုတ်ပေးပါတယ်။
AI tutors and Feedback
ဆရာတွေက ကျောင်းသားတွေအတွက် အိမ်စာတွေ စစ်ပေးဖို့၊ အမှတ်တွေ ပေးဖို့ အချိန်ကို AI tools တွေ သုံးပြီး လျှော့ချနိုင်ပါတယ်။ Intelligent Tutoring Systems (ITS) တွေဖြစ်တဲ့ Knewton နဲ့ Carnegie Learning တို့က ကျောင်းသားတွေရဲ့ ဖြေဆိုမှုအပေါ် ချက်ချင်း တုံ့ပြန်ချက်တွေ ပြန်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရှုပ်ထွေးပြီး နားမလည်တဲ့အပိုင်းတွေ ရှိခဲ့ရင် ကျောင်းသားတွေအတွက် ရှင်းလင်းချက်တွေ၊ လမ်းညွှန်ချက်တွေ၊ အရိပ်အမြွက်တွေ ပေးပြီး ဆရာတစ်ယောက်လို ကူညီပေးနိုင်ပါတယ်။
Grading Systems
Gradescope လို AI tools တွေကို အသုံးပြုမယ်ဆိုရင် အဆင့်သတ်မှတ်ချက် ပေးတဲ့နေရာမှာ ပိုမိုမြန်ဆန်ပြီး ပိုမိုတိကျလာပါလိမ့်မယ်။ ဆရာတွေက ဒီလို AI tools တွေကို အသုံးပြုမယ်ဆိုရင် အချိန်ပိုင်းတစ်ခုအတွင်းမှာ ရာနဲ့ချီတဲ့ အဖြေလွှာတွေကို အဆင့်သတ်မှတ်ပေးနိုင်ပြီး ဘက်လိုက်မှုမရှိဘဲ မျှတတဲ့ အကဲဖြတ်စစ်ဆေးမှုရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
Classroom Management
GoGuardian ဆိုတာကတော့ ဆရာတွေအနေနဲ့ ကျောင်းသားတွေရဲ့ အပြုအမူကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်တဲ့ AI tool ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ အွန်လိုင်းမှဖြစ်စေ ကျောင်းသားတွေကို အလွယ်တကူ ထိန်းချုပ်နိုင်ပါတယ်။ သူက လုံခြုံတဲ့ သင်ကြားရေးပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့ ကူညီပေးပြီး အပိုထပ်ဆောင်း ပံ့ပိုးမှု လိုအပ်တဲ့ ကျောင်းသားတွေကိုလည်း သိရှိနိုင်ပြီး ထောက်ပံ့ပေးနိုင်ပါတယ်။
Language Support and Accessibility
စာဖတ်ခြင်းအတတ်ပညာမှာ ဘာသာစကားအခက်အခဲကြောင့် အဆင်မပြေတဲ့ ကျောင်းသားတွေရှိရင် Google Read&Write နဲ့ Otter.ai တို့လို AI tools တွေကို အသုံးပြု သင်ကြားပေးနိုင်ပါတယ်။ စာသားတွေကို အသံထွက် ဖတ်ပေးခြင်း၊ ရီကော့ဒင်း လုပ်ထားနိုင်ခြင်း၊ အသံတွေကို စာသားအဖြစ် ပြောင်းလဲပေးခြင်း၊ ဘာသာပြန်ပေးခြင်း စတဲ့ အင်္ဂါရပ်တွေ ပါဝင်တဲ့အတွက် သင်ယူမှုကို ပိုမို လွယ်ကူစေပါတယ်။
Chatbots
Socratic by Google (သို့မဟုတ်) ChatGPT တို့လို AI chatbots တွေက ကျောင်းသားတွေအတွက် အချိန်မရွေး မေးခွန်းတွေ မေးနိုင်ဖို့ ကူညီပေးပါတယ်။ Socratic by Google ဆိုတာ ကျောင်းသားတွေရဲ့ အိမ်စာနဲ့ ကျောင်းစာတွေကို ဓာတ်ပုံနဲ့ဖြစ်စေ၊ စာရိုက်ပြီးဖြစ်စေ အဖြေထုတ်ပေးနိုင်တဲ့ သင်ကြားရေးအက်ပ်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ChatGpt မှာလည်း မေးမြန်းလိုတဲ့ အကြောင်းအရာတွေကို (၂၄) နာရီလုံး မေးမြန်းနိုင်ပါတယ်။
Predictive Analytics
PowerSchool ဆိုတာကတော့ အမှတ်၊ ကျောင်းတက်ချိန်၊ အိမ်စာပြီးစီးမှု၊ အမိန့်နာခံမှု စတဲ့ ကျောင်းသားတွေရဲ့ အပြုအမူ၊ လုပ်ဆောင်ချက်တွေကို သိမ်းထားပေးပြီး ခွဲခြမ်းစိတ်ဖြာပေးတဲ့ AI tool တစ်ခု ဖြစ်ပါတယ်။ ကျောင်းသားစွမ်းဆောင်ရည်မှတဆင့် ရရှိလာတဲ့ ဒေတာတွေကို သုံးပြီး ကျောင်းသားတွေအတွက် ပညာရေးဆိုင်ရာ ပြသနာတွေကို စောစောစီးစီး သိရှိနိုင်ပြီး ပိုမို မဆိုးရွားလာမီ ကျောင်းသားတွေကို အောင်မြင်အောင် ကူညီပေးနိုင်ပါတယ်။
Remark : AI tools are recommended by ChatGPT