မသန်စွမ်းသူများအတွက် မုန့်ဖုတ်နည်းနှင့် ကော်ဖီဖျော်သင်တန်းဖွင့်မည်

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) အနေဖြင့် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အသက်မွေးဝမ်းကျောင်းသင်တန်းအခွင့်အလမ်းများ ပိုမိုလက်လှမ်းမီရရှိရန်နှင့် အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေများပိုမိုရရှိကာ ဂုဏ်သိက္ခာရှိစွာဖြင့် ၎င်းတို့၏မိသားစုနှင့် လူ့အသိုင်းအဝိုင်းအား ပြန်လည်မျှဝေ အကျိုးပြုနိုင်စေရန်ရည်ရွယ်၍ မုန့်ဖုတ်နည်းနှင့် ကော်ဖီ ဖျော်စပ်နည်းသင်တန်း (Bakery and Coffee Training) ကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင် ရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ KODDI ၏ရန်ပုံငွေကူညီပံ့ပိုး မှုတို့ဖြင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က သုဝဏ္ဏကြီးပွားရေးရပ်ကွက်ရှိ Golden Hope Training Centre တွင် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးနေခြင်းဖြစ်သည်။

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ဥက္ကဋ္ဌ ဦးမြတ်သူဝင်း က “အခုဖွင့်လှစ်ခဲ့တဲ့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရဲ့ မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းစင်တာ Golden Hope Training Centre မှာ မုန့်ဖုတ်နည်း ကော်ဖီဖျော်စပ်နည်းနဲ့ ကွန်ပျူတာသင်တန်း တွေကို ပို့ချပေးသွားမှာဖြစ်ပါတယ်။ ဒီမုန့်ဖုတ်နည်းနဲ့ ကော်ဖီဖျော်စပ်နည်းသင်တန်းက၂၀၂၀ ပြည့်နှစ်မှာ ဖွင့်လှစ်တဲ့ ပထမဆုံးသင်တန်းပါ။

အသေးစိတ်သိရှိရန် ပုံကို ထိပါ

No description available.

 

(၁/၂၀၂၀) ဖြစ် ပါတယ်။ သင်တန်းသား ၁၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး တစ်ပတ်ခြောက်ရက်နဲ့ တစ်လကြာသင်ကြားသွားမှာ ဖြစ်ပါတယ်။ လောလောဆယ် မသန်စွမ်းသူတွေ အလုပ် အကိုင်အခွင့်အလမ်းရရှိဖို့အတွက် ဦးစားပေးဆောင်ရွက် နေပြီး နောက်ပိုင်းမှာတော့ မသန်စွမ်းမဟုတ်သူတွေပါ သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းနဲ့ တက်ရောက်သင် ကြားနိုင်အောင် လုပ်ဆောင်သွားဖို့ရှိပါတယ်" ဟု ရှင်းပြ သည်။

အဆိုပါ သင်တန်းတွင် ရန်ကုန်မြို့တွင်းမှ သင်တန်းသား များအတွက် နေ့စဉ် ခရီးစရိတ် ပံ့ပိုးပေးထားပြီး နယ်မှ လာဘက်သူများအတွက် နေရာထိုင်ခင်းနှင့် နေ့စဉ်စားစရိတ် များ ထောက်ပံ့ပေးကြောင်း၊ ၂၀၁၉ ခုနှစ် အတွင်းမုန့်ဖုတ်နည်းနှင့် ကော်ဖီဖျော်စပ်နည်းသင်တန်း ငါးကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၆၀ တက်ရောက်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း အဆိုပါသင်တန်းတွင် သန်တန်းသား သင်တန်းသူ ၆၀ခန့် သင်ကြားပေးသွားမည်းဖြစ်ကြောင်း၊ သင်တန်းတွင် ထူးချွန်သူများအား ဟိုတယ်များ၊ မုန့်နှင့် ကော်ဖီဆိုများနှင့် ချိတ်ဆက်၍ အလုပ်အကိုင် ရှာဖွေပေးမည်ဖြစ်ကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ) မှ သိရသည်။

Source: Moi Gov

Latest Post Read 646 times