အာရှနိုင်ငံများတွင် ကျောင်းနှင့် ပညာသင်ဆုလျှောက်ထားခြင်း

အာရှတိုက်မှ ကျောင်းသားများသည် ဘွဲ့ဒီဂရီကို ရွေးချယ်ကြရာတွင် အလားအလာရှိသည့် ရှုထောင့်များကို လေ့လာပြီး ကျောင်းလျှောက်လေ့ရှိပါသည်။ အဓိက ကျသည်မှာ ထိရောက်သည့် တက္ကသိုလ်များ၏ လူသစ်စုဆောင်းရေး နည်းဗျူဟာများ၊ ယခင်တက်ခဲ့သည့် ကျောင်းသားများ ပြန်ပြောပြသည့် အချက်များ၏ လွှမ်းမိုးမှုနှင့်အတူ မိမိတက်လိုသည့် တက္ကသိုလ်ကို ရွေးချယ်ပြီး စောနိုင်သမျှစောအောင် အလျင်စလို လျှောက်ထားကြလေ့ရှိသည်။

အာရှနိုင်ငံ၏ အများစုသော ကျောင်းသားများသည် အလွန်ပင် စည်းကမ်းတင်းကြပ်သော ကျောင်းလျှောက်ခြင်း လုပ်ငန်းရပ်နှင့် ကျောင်းသားဗီဇာ ရရှိရေးတို့ကို ကြုံတွေ့ရလေ့ရှိသည်။

ဂျာကာတာနိုင်ငံတွင် မဟာသိပ္ပံတက်ရန် အလားအလာရှိသည့်ကျောင်းသား Mahalမှ သူ၏ ကျောင်းလျှောက်ခြင်း အတွေ့အကြုံ နှင့်ပတ်သက်ပြီး ဝေမျှခဲ့သည်။ “ ကျွန်တော်အနေဖြင့် အရင်ဦးဆုံး ကျောင်းလျှောက်မည့် နိုင်ငံတွင် တက်ရောက်နိုင်မည့် ပညာသင်ဆုများကို ရှာဖွေပါတယ်။ နောက် တစ်ဆင့် အနေဖြင့် ဘယ်လို တက္ကသိုလ်အမျိုးအစားတွေရှိတယ်ဆိုတာ လေ့လာပါတယ်။ အဲ့တာတွေထဲမှ ကိုယ်ရေးမှတ်တမ်းအကျဥ်း သို့မဟုတ် ကထိက သို့မဟုတ် သုတေသန စာစောင်တွေထဲမှ ကျွန်တော်နှင့် ကိုက်ညီသည့် အရာတွေပေါ်မူတည်ပြီး ရွေးချယ်ခဲ့ပါတယ်” ဟုဆိုသည်။

မကြာခဏ မတည်ငြိမ်သော ငွေကြေးလဲလှယ်မှုနှင့် ရင်ဆိုင်နေရသည့် အနောက်နိုင်ငံများတွင် သွားရောက် ပညာသင်ကြားနေသော အာရှနိုင်ငံများ၏ အလားအလာရှိသော ကျောင်းသားများအတွက် အဓိက ကျသော စိုးရိမ်ပူပန်မှုများမှာ ပညာသင်ဆုနှင့် ကျူရှင်လခများ ဖြစ်သည်။ ရလဒ်အနေနှင့်ကတော့ Mahal ကဲ့သို့သော ကျောင်းလျှောက်မည့်သူများကတော့ အထက်ပါ အချက်များကို အခြခံထားပြီး ကျောင်းရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကျောင်းသား အများစုလည်း ကျောင်းဖြစ်စေ ပညာသင်ဆု ဖြစ်စေ လျှောက်ကြရာတွင် အထက်ပါ အကြောင်းအရာများကို လေ့လာပြီးမှ ရွေးချယ်ကြသည်။ သို့ရာတွင် မဖြစ်မနေပါရှိရမည့် အချက်များလည်းရှိပါသေးသည်။

၁။ အမှတ်စာရင်း - Academic Transcript

ပထမအရေးကြီးဆုံး မဖြစ်မနေပါရှိရမည့် အရာဖြစ်သည်။ ပညာသင်ဆု လျှောက်ကြရာတွင် GPA (Great Point Average) ကောင်းမွန်ရမည်။ အချို့သော ပညာသင်ဆုများမှာ GPA အသင့်အတင့် ရှိသော်လည်း ရနိုင်သည်။ ထို့ကြောင် နိုင်ငံရပ်ခြားတွင် ပညာဆက်သင်မည် ဆိုပါက GPA ကောင်းအောင် လုပ်ထားဖို့လိုသည်။ GPA နည်းနေမည်ဆိုပါက အခြား ပြင်ပလုပ်ဆောင်မှု (extra-activities) တွေပါပါဝင်ပြီးတော့လည်း မိမိ၏ ကိုယ်ရေးမှတ်တမ်းအကျဥ်းကို ထပ်ဖြည့်နိုင်ပါသည်။

၂။ အင်္ဂလိပ်စာအရည်အချင်း -English Proficiency

နောက်တစ်ခုမှာ IELTS/TOFEL အမှတ်များ ဖြစ်သည်။ ပညာသင်ဆု တော်တော်များများမှာ IELTS အမှတ်ကိုသာ တောင်းလေ့ရှိသော်လည်း အချို့ ကျောင်း/ ပညာသင်ဆုများတွင် TOFEL အမှတ်ကို တောင်းလေ့ရှိသည်။ ထို့ကြောင့် လိုအပ်ချက်များကို သေချာဖတ်ရှုရန်လိုအပ်သည်။ ယျေဘုယျအားဖြင့် အနည်းဆုံး IELTS 6.5 သို့မဟုတ် TOFEL 575 မှတ်ကို တောင်းလေ့ရှိကြသော်လည်း ထိုင်းနိုင်ငံရှိ အချို့ကျောင်းများ တွင် English Qualified certificate ရှိလျှင်လည်း လျှောက်ထားနိုင်သည်။

၃။ ပြင်ပတွင်လုပ်ဆောင်မှု - Extra activities

GPA အမှတ်များနည်းနေခဲ့သောအခါ၌ အမှန်တကယ် အထောက်အကူပြုပေးသည့် အချက်ဖြစ်သည်။ Volunteer တွေလုပ်ထားမည်။ ကျောင်းတွင်း အဖွဲ့အစည်းတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားထားမည် ဆိုလျှင် အသင်းအဖွဲ့နှင့် လုပ်ဆောင်တတ်သည့် အလေ့အကျင့်များ ရရှိကာ မိမိ၏ ဦးဆောင်နိုင်သည့် စွမ်းရည်များ မြင့်တက်လာမည်ဖြစ်သည်။

၄။ အက်ဆေး - Essays or personal statement

အက်ဆေးရေးရာတွင် များသောအားဖြင့် မိမိပတ်ဝန်းကျင်တွင် လတ်တလောဖြစ်နေသည့် အကြောင်းအရာများ၊ မိမိ နိုင်ငံ တိုးတက်အောင် ဘယ်လို ဆောင်ရွက် မလဲဆိုသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ရေးကြပါသည်။ အချက်အလက်ကို အဓိကထားသည့် အတွက် တိကျမှန်ကန်ဖို့လည်း အရေးကြီးပါသည်။ စာလုံး အရေအတွက် များလည်း သတ်မှတ်ထားသည်ကို သတိချပ်ဖို့လိုသည်။

၅။ ထောက်ခံစာ - Recommemdation Letters

ထောက်ခံစာ တောင်းရာတွင် မိမိနှင့် ရင်းနှီးသည့် ဆရာ/ဆရာမ၊ အထက်လူကြီး များ ဖြစ်လျှင် ပိုအဆင်ပြေပြီး အဓိကကျသည်မှာ မိမိအား အမှန်တကယ် သိပြီး မိမိအကြောင်းတွေကို ရှင်းပြ ပေးနိုင်မည့် သူများကိုသာ ရွေးချယ်သင့်သည်။

၆။ ကိုယ်ရေးမှတ်တမ်းအကျဉ်း- Curriculum Vitae (CV)

ကိုယ်ရေးမှတ်တမ်းအကျဥ်းရေးရာတွင်လည်း ပုံစံတကျ ရှိနေဖို့လိုသည်။ အချိူ့ ပညာသင်ဆုများက ပုံစံချထားပေးတတ်ပါသည်။ ထိုမှတ်တမ်းတွင် မိမိပြုလုပ်ခဲ့သည့် လှုပ်ရှားမှုများကို နေ့စွဲမှန်အောင်ရေးထားပေးခြင်းက မိမိ၏ အဆင့်အတန်းကို ပိုမြင့်စေပါသည်။

အထက်ပါ အချက်များ ပြည့်စုံပြီး ဆိုပါက ပညာသင်ဆုလျှောက်ထားရာတွင် ခရီးတော်တော်ရောက်နေပြီဟု ဆိုနိင်ပြီ ဖြစ်သည်။ အင်တာဗျူး အဆင့်ရောက်ပြီဆိုလည်း ယုံကြည်ချက်ရှိရှိ နှင့်ဖြေဆိုနိုင်ပါက လိုချင်သော ပညာသင်ဆုများရနိုင်မည်မှာ အမှန်ပင် ဖြစ်သည်။

By Myanmar Education Guide - EDGE

Ref: Your Higher Education Spotlight in Asia & Ctrl List

Latest Post Read 804 times