Acronym vs Abbreviation vs Initialism  (အတိုကောက်စာကားလုံးတွေအကြား ကွာခြားမှု)

Acronym vs Abbreviation vs Initialism (အတိုကောက်စာကားလုံးတွေအကြား ကွာခြားမှု)

အင်္ဂလိပ်စာ လေ့လာလိုက်စားနေတဲ့ ညီငယ်၊ ညီမငယ်တို့အတွက် ဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး အတိုကောက်စကားလုံး "Acronym" vs "Abbreviation" vs "Initialism" တို့အကြား ဘယ်လိုကွာခြားမှုတွေရှိတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဒီစကားလုံး (၃) ခုစလုံးက စကားလုံးရဲ့အတိုကောက်ပုံစံတွေ၊ စကားစုတွေကို ရည်ညွှန်းတယ်ဆိုပေမယ့် တစ်ခုနဲ့တစ်ခုအကြား အသုံးပြုရတဲ့ပုံစံ ကွာခြားမှုတွေ ရှိနေပါတယ်။ ဘာတွေ ကွာခြားသလဲဆိုတာကို လေ့လာကြည့်ကြပါစို့။

 

 

Abbreviation
Abbreviation က စကားစုတစ်ခု၊ စကားလုံးတစ်လုံးကို အတိုချုံ့ထားခြင်းဖြစ်ပါတယ်။  Abbreviation စကားလုံးအချို့ကို ဥပမာအနေနဲ့ ဖော်ပြရမယ်ဆိုရင် - 
Ave., which is an abbreviation for “avenue” (ရိပ်သာ)
Dec., which is an abbreviation for “December” (ဒီဇင်ဘာ)
Etc., which is an abbreviation for “et cetera” (အစရှိသဖြင့်)
Photo, which is an abbreviation for “photograph” (ဓာတ်ပုံ)
Exam, which is an abbreviation for “examination” (စာမေးပွဲ) . . . အစရှိသဖြင့် ဖြစ်ပါတယ်။

 

Acronym
Acronym ဆိုသည်မှာ စကားစုတစ်ခုစီ၏ ပထမဆုံးအက္ခရာ (သို့မဟုတ်) စာလုံးများကို အသံထွက်နိုင်သော စကားလုံးအသစ်တစ်ခုအဖြစ် ပေါင်းစပ်ခြင်းဖြင့် စကားစုတစ်ခုအား အတိုကောက်အမျိုးအစားတစ်ခုဖြစ်သည်။

ဥပမာ - 
NASA, which stands for National Aeronautical and Space Administration. (နာဆာ"NSAS" ဆိုတဲ့ အတိုကောက် (acronym) စကားလုံးတစ်ခု ထွက်ပေါ်လာဖို့အတွက် စကားလုံးတစ်ခုချင်းဆီရဲ့ ရှေ့ဆုံးမှာရှိတဲ့ စကားလုံးတွေကို ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ “National Aeronautical and Space Administration” 
FOMO, which stands for “fear of missing out”
LASER, which stands for “light amplification by stimulated emission of radiation”
RADAR, which stands for Radio Detection And Ranging

 

Initialism
Initialism ကတော့ Acronym နဲ့ ပုံစံတူတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အတိအကျ တူတယ်လို့တော့ မဆိုနိုင်ပါဘူး။ 
"Acronym" က စကားလုံးတစ်ခုချင်းဆီရဲ့အစ စကားလုံးတွေကို ပေါင်းစပ်ထားပြီး စကားလုံးအသစ်အဖြစ် ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဥပမာ "NASA" ကို "အန်"အေ"အက်စ်"အေ"လို့ အသံထွက်တာ မဟုတ်ဘဲ "နာဆာ" ဆိုပြီး အသံထွက်ကြတယ်။ ထို့အတူ အခြားစကားလုံးတွေကိုလည်း "LASER" "လေဆာ", "RADAR" "ရေဒါ" . . . .. စသဖြင့် အသံကို ပေါင်းစပ်ထွက်ကြရပါတယ်။

"Initialism" ကတော့ အဲ့ဒီလိုမဟုတ်ဘဲ စကားလုံးတစ်လုံးချင်းဆီကို အသံထွက်ပေးရပါတယ်။
Initialism စကားလုံး ဥပမာအချို့ကတော့ 
VIP, which stands for “very important person”
DVD, which stands for “digital versatile disc”
ATM, which stands for “automatic teller machine”
AM and PM, which stand for “ante meridiem” and “post meridiem”
RSVP, which stands for “répondez s’il vous plait“ 
"VIP" ကို အသံထွက်တော့မယ်ဆိုရင် "ဗွီ"အိုင်"ပီ", "DVD" ကို အသံထွက်တော့မယ်ဆိုရင် "ဒီ"ဗွီ"ဒီ" . . ..  အစရှိသဖြင့် အသံထွက်ရမှာပဲဖြစ်ပါတယ်။


အနှစ်ချုပ်အနေနဲ့ပြောမယ်ဆိုရင်တော့

  • Abbreviations က စကားလုံးတစ်လုံး၊ စကားစုတစ်စုရဲ့ အတိုကောက်စကားလုံးဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးဆက်သွယ်ရာမှာ မြန်မြန်ဆန်ဆန် ဆက်သွယ်နိုင်စေဖို့ရည်ရွယ်ပါတယ်။

 

  • Acronyms ကတော့ စကားလုံး (သို့) စကားစုတွေရဲ့ ပထမဆုံးစကားလုံးတွေကို ပေါင်းစပ်ပြီး နောက်ထပ် စကားလုံးအသစ်တစ်လုံး ဖန်တီးထားတာပဲဖြစ်ပါတယ်။ (ဥပမာ - LASER)

 

  • Initialism ကတော့ စကားလုံး (သို့) စကားစုတွေရဲ့ ပထမဆုံး စကားလုံးတွေကို ပေါင်းစပ်ပြီး အသံထွက်တဲ့အခါမှာ စကားလုံးတစ်ခုချင်းဆီအတိုင်း ထွက်ဆိုရမှာပဲဖြစ်ပါတယ်။ (ဥပမာ - VIP)

ဒီလောက်ဆိုရင်တော့ အတိုကောက်စကားလုံးချင်းတူပေမယ့် ဆိုလိုရင်းနဲ့ ဖွဲ့စည်းပုံပုံစံတွေ ကွာခြားတယ်ဆိုတာကို နားလည်မယ်လို့ ယူဆပါတယ်။


 

High Read 693 times