Sales Hotline : 09448001653       Download App



မြန်မာလူငယ်များ အမေရိကန်တက္ကသိုလ်များတွင် (၅) ပတ်ကြာ အခမဲ့ လေ့လာ သင်ယူနိုင်မည်

အသက် ၂၅ နှစ်မှ ၃၅ နှစ်ကြား မြန်မာလူငယ်များအတွက် အမေရိကန်တက္ကသိုလ်များတွင် သီတင်းပတ် (၅) ပတ်ကြာ အခမဲ့ လေ့လာ သင်ယူခွင့်ရမည့် 2024 YSEALI Professional Fellows Program လျှောက်လွှာများကို စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

 

YSEALI ၏ အရှည်မှာ Young Southeast Asian Leaders Initiative ဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများရှိ လူငယ်များကို ခေါင်းဆောင်မှု အရည်အသွေး မြှင့်တင်ရန်နှင့် အရှေ့တောင်အာရှနှင့် အမေရိကန်ပြည်ထောင်စုရှိ ပေါ်ထွန်းလာသော ခေါင်းဆောင်များကြား ရေရှည်တည်တံ့သော မိတ်ဖက်ဆက်ဆံရေးများကို တည်ဆောက်ရန် ရည်ရွယ်ထားသည်။

 

YSEALI Professional Fellows Program များကို US Department of State's Educational and Cultural Affairs မှ ရံပုံငွေ မတည်ပေးထားပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ (၁၁) နိုင်ငံမှ လူငယ်ခေါင်းဆောင်များကို Fully Funded ပေးနေသည့် အစီအစဉ်တစ်ခု ဖြစ်သည်။

 

YSEALI PFP သည် Civic Engagement, Economic Empowerment, Governance and Society နှင့် Sustainable Development and the Environment ဆိုသည့် Institute Theme (၄) ခုအောက်ရှိ ဘာသာရပ်များကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

Civic Engagement

 

Civic Engagement Institutes သည် ရပ်ရွာဖွံ့ဖြိုးရေး လှုံ့ဆော်မှု၊ ပညာရေးနှင့် စွမ်းရည်မြှင့်တင်ရေး၊ မီဒီယာနှင့် သတင်းစာပညာ၊ ဥပဒေ၊ ကျန်းမာရေး တန်းတူညီမျှမှု၊ လူငယ်ပဏာမ ခြေလှမ်းများနှင့် အစီအစဉ်များ၊ လူထုလှုပ်ရှားမှု စသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စီမံခန့်ခွဲမှုတွင် ပါ၀င်သည့် ကျွမ်းကျင်ပညာရှင်များကို ပံ့ပိုးပေးမည် ဖြစ်သည်။ 

 

Civic Engagement Institute ကို ရွေးချယ်ပါက…

  • NGO စီမံခန့်ခွဲမှု၊ 
  • ဝန်ထမ်းလေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ 
  • စေတနာ့ဝန်ထမ်း စီမံခန့်ခွဲမှု၊ 
  • ထိရောက်သော ရပ်ရွာလူထု ဖြန့်ဝေခြင်းနှင့် လူထုဆက်ဆံရေးကို ဆောင်ရွက်ခြင်း၊
  • မဟာဗျူဟာမိတ်ဖက်များ ဖန်တီးခြင်းနှင့် ညွန့်ပေါင်းတည်ဆောက်ခြင်း၊ 
  • ပဋိပက္ခဖြေရှင်းရေးနှင့် သည်းခံနိုင်မှု၊ 
  • လူမှုရေးတရားမျှတမှု၊ 
  • ပညာရေးနှင့် စည်းရုံးရေး စသည်များကို သင်ကြားပေးသွားမည် ဖြစ်သည်။

 

 

 

Lucky Bag Swallow Plastic Trading Co. Ltd

Advertisement

Click Here >  Lucky Bag & Swallow Plastic

 

Economic Empowerment 

 

Economic Empowerment Institutes သည် စီးပွါးရေးအုပ်ချုပ်မှု; စီးပွားရေးပညာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မူဝါဒ၊ လူမှုရေးစွန့်ဦးတီထွင်မှုနှင့် ရပ်ရွာလေ့ကျင့်ရေး အစီအစဉ်များ စသည့် အသေးစားနှင့် အလတ်စား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါ၀င်သော ကျွမ်းကျင်ပညာရှင်များကို ပံ့ပိုးပေးမည် ဖြစ်သည်။ 

 

Economic Empowerment Institute တွင် တက်ရောက်သူများအနေဖြင့်…

  • စွန့်ဦးတီထွင်မှု၊ 
  • ရပ်ရွာအခြေပြု လေ့ကျင့်ရေးအစီအစဉ်များ၊ 
  • ကမ္ဘာလုံးဆိုင်ရာ အရည်အချင်းနှင့် အလုပ်အကိုင်၊ 
  • စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရာတွင် အစိုးရ၏ အခန်းကဏ္ဍ၊ 
  • ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ 
  • အမျိုးသမီးများ၊ လူငယ်၊ လူနည်းစုများ၊ မသန်စွမ်းသူများနှင့် ဘေးဖယ်ခံထားရသူများ၏ စီးပွားရေး စွမ်းဆောင်နိုင်မှု စသည့် အကြောင်းအရာများကို သင်ယူနိုင်မည် ဖြစ်သည်။


 

Governance and Society

 

Governance and Society Institute သည် ဒေသန္တရ (သို့) နိုင်ငံတော်အဆင့် အုပ်ချုပ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု၊ မူဝါဒချမှတ်ခြင်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် အစပြုမှုများ၊ ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ၊ အများပြည်သူဘေးကင်းရေး၊ သယ်ယူပို့ဆောင်ရေးနှင့် မြို့ပြစီမံကိန်း၊ ဥပဒေနှင့် တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေး စသည့် ဥပဒေပြုရေး လုပ်ငန်းစဉ်တွင် ပါဝင်သည့် ပညာရှင်များကို ပံ့ပိုးပေးမည် ဖြစ်သည်။ 

 

Governance and Society Institute တွင်…

  • တရားဥပဒေ စိုးမိုးရေး၊ 
  • တရားမျှတမှု ရရှိရေး၊ 
  • ပြည်သူ့လွတ်လပ်မှု၊ 
  • ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ 
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဖြန့်ဝေခြင်းနှင့် ကိုယ်စားပြုခြင်း၊ 
  • ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု စသည်တို့ကို လေ့လာ သင်ယူနိုင်မည် ဖြစ်သည်။

 

LEO

Advertisement

Click Here > LEO


 

Sustainable Development and the Environment

 

Sustainable Development and the Environment Institute သည် ပြည်သူ့ကျန်းမာရေး၊ သဘာဝခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစနစ်၊ စွမ်းအင်၊ အိမ်ရာနှင့် သယ်ယူပို့ဆောင်ရေး အရင်းအမြစ်များ ဆန်းသစ်တီထွင်မှုနှင့် စီမံခန့်ခွဲမှု၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှု၊ သဘာဝသယံဇာတ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးနှင့် အမှိုက်စီမံခန့်ခွဲမှု စသည့် အစားအစာနှင့် ရေဖူလုံရေးတွင် ပါ၀င်သည့် ပညာရှင်များကို ပံ့ပိုးပေးမည် ဖြစ်သည်။ 

 

Sustainable Development and the Environment Institute ရွေးချယ်သူများအနေဖြင့်…

  • အခြေခံလူတန်းစား လှုပ်ရှားမှု၊ 
  • သဘာဝပတ်ဝန်းကျင်မူဝါဒနှင့် စည်းမျဉ်းများ၊ 
  • သုတေသနနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ 
  • စီမံကိန်းနှင့် ခန့်မှန်းချက်၊ 
  • ရေရှည်တည်တံ့သောစနစ်များ၊
  • ကော်ပိုရိတ်လူမှုရေးတာဝန်နှင့် စျေးကွက်ဦးတည်သော အစပျိုးမှုများကို သင်ယူနိုင်မည် ဖြစ်သည်။

 

အထက်ပါ Institute များကို စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်လွှာများကို ယခုနှစ် သြဂုတ်လ (၁) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်ပြီး သင်တန်းအစီအစဥ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖော်ပြပါ ၀က်ဘ်ဆိုက်များတွင် ၀င်ရောက် လေ့လာ ဖတ်ရှုနိုင်သည်။

 

Application link

> https://ais.americancouncils.org/ysealipfp 

 

For more information

> https://www.ysealipfp.org 

International News International/Private Latest Post Read 1077 times