Pharmacy ပိုင်းကို ဩစတေးလျမှာ ပညာသင်ဆုလျှောက်ပြီး တက်လိုပါသလား?

Pharmacy နဲ့ Pharmaceutical Science ကို စိတ်ဝင်စားပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်မှာလည်း စရိတ်သက်သက်သာသာနဲ့ ကျောင်းတက်ချင်တယ်ဆိုရင် Australia နိုင်ငံ Melbourne မြို့မှာရှိတဲ့ Monash University မှာ ပညာသင်ဆုလျှောက်ပြီး Bachelor (သို့) Master ဒီဂရီ ရယူနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။

Monash University ဟာဆိုရင် ၂၀၂၅ ခုနှစ် QS World University Rankings အရ အဆင့် (၃၇) မှာရှိတဲ့အတွက် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၅၀) စာရင်းမှာ ပါဝင်ပါတယ်။ ဒါ့အပြင် ဆေးဝါးဗေဒပိုင်းအတွက် ကမ္ဘာပေါ်မှာ စတုတ္ထအကောင်းဆုံး တက္ကသိုလ်အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ 

Monash University က Business၊ Engineering၊ Education၊ Law၊ Information Technology၊ Health၊ Pharmacy၊ Arts၊ Science စတဲ့ Program အမျိုးမျိုးရှိပြီး ပညာသင်ဆုအမျိုးအစား စုံလင်တဲ့ အစိုးရပိုင်တက္ကသိုလ် ဖြစ်ပါတယ်။

ပညာသင်ဆုများ ရှာဖွေရန် >> https://www.monash.edu/study/fees-scholarships/scholarships

ပညာသင်ဆုတွေထဲကမှ Pharmacy ပိုင်းကို စိတ်ဝင်စားတဲ့ နိုင်ငံတကာကျောင်းသားတွေအတွက် သီးသန့်ပညာသင်ဆုဖြစ်တဲ့ Pharmacy and Pharmaceutical Science International Merit Scholarship ကို မျှဝေပေးသွားပါမယ်။ 

ဘယ်လို ကျောင်းသားတွေ လျှောက်ထားလို့ရလဲ?

  • ဩစတေးနိုင်ငံသားမဟုတ်တဲ့ နိုင်ငံတကာကျောင်းသားဖြစ်ရပါမယ်။
  • အသက် (၁၇) နှစ် ပြည့်ပြီး (၁၂) တန်းပညာရေး အောင်မြင်ပြီးသူဖြစ်ရပါမယ်။
  • IELTS 6.5 နဲ့ TOEFL Paper-based 550 (သို့) Internet-based 79 အနည်းဆုံး ရှိရပါမယ်။
  • Monash University ဝင်ခွင့် ရရှိထားသူ ဖြစ်ရပါမယ်။

အကျိုးခံစားခွင့်

ဒီပညာသင်ဆုက Merit-based ဖြစ်တဲ့အတွက် လျှောက်ထားသူတွေရဲ့ Academic Transcript တွေကို ကြည့်ပြီး အထူးချွန်ဆုံး (၃) ယောက်ကို ကျောင်းလခရဲ့ (၅၀)% နဲ့ ဒုတိယမြောက် အထူးချွန်ဆုံး (၃) ယောက်ကို (၂၅)% တို့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 

ရွေးချယ်လျှောက်ထားနိုင်တဲ့ ပရိုဂရမ်များ

  • P2001 Bachelor of Pharmaceutical Science
  • P3002 Bachelor of Pharmaceutical Science Advanced (Honours)
  • P3001 Bachelor of Pharmacy (Honours)
  • P6001 Bachelor of Pharmacy (Honours) + Master of Pharmacy
  • P6005 Master of Pharmaceutical Science

လျှောက်ထားပုံအဆင့်ဆင့်

ဒီပညာသင်ဆုအတွက် သီးသန့် Application Form မလိုအပ်သလို Deadline သတ်မှတ်ထားတာမျိုးလည်း မရှိပါဘူး။ နှစ်စဉ်နှစ်တိုင်း ပေးအပ်တဲ့ ပညာသင်ဆုဖြစ်တဲ့အတွက် ကိုယ်တက်ရောက်လိုတဲ့ ပရိုဂရမ်ရဲ့ Intake အပေါ်မူတည်ပြီး လျှောက်ထားနိုင်ပါတယ်။ 

အရေးကြီးတာက အထက်မှာ ဖော်ပြထားတဲ့ ပရိုဂရမ်တစ်ခုချင်းစီရဲ့ ဝင်ခွင့်လိုအပ်ချက်တွေ၊ တင်ပြရမယ့် စာရွက်စာတမ်းတွေကို သေချာဖတ်ပြီး လျှောက်ထားရပါမယ်။ တက္ကသိုလ်ဝင်ခွင့် ရပြီဆိုရင် ပညာသင်ဆုအတွက် အလိုအလျောက် အကျူံးဝင်ပြီးသား ဖြစ်ပါတယ်။  
 

စည်းကမ်းချက်

ပညာသင်ဆုရရင် ရွေးချယ်ထားတဲ့ ပရိုဂရမ်အလိုက် အနည်းဆုံး (၂) နှစ်ကနေ အများဆုံး (၅) နှစ်အထိ တက်ရောက်ရမှာဖြစ်ပြီး ပညာသင်စဉ်ကာလတလျှောက် Semester တစ်ခုချင်းစီမှာ Weighted Average Mark (WAM) (၇၀) မှတ် ရရှိအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ 

အသေးစိတ်ဖတ်ရှုရန်

>> https://www.monash.edu/study/

===========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 200 times