အခြေခံစာကြည့်တိုက်ပညာ အွန်လိုင်းသင်တန်းအတွက် လျှောက်လွှာခေါ်ယူ

မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (Myanmar Library Association) က အခြေခံစာကြည့်တိုက်ပညာ (၁) လသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် အခြေခံပညာအထက်တန်းအောင်မြင်ထားသည့် မည်သူမဆို လျှောက်ထားနိုင်သည်။

အရည်အချင်း သတ်မှတ်ချက်

  • စာကြည့်တိုက်ပညာရပ်အား စိတ်ဝင်စားသူများ
  • အနိမ့်ဆုံး ပညာအရည်အချင်း အခြေခံပညာအထက်တန်းနှင့်အထက် အောင်မြင်ထားသူများ
  • အပတ်စဉ် အချိန်မှန်မှန် တက်ရောက်နိုင်သူများသာ လျှောက်ထားနိုင်သည်။

သင်တန်းကာလ

သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့အထိ အပတ်စဉ် တနင်္လာမှ သောကြာနေ့ ဖွင့်လှစ်မည် ဖြစ်သည်။ သင်တန်းကို Zoom meeting မှတဆင့် တစ်ပတ် (၅) ရက် မနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအထိ တက်ရောက်ရပါမည်။

သင်တန်းလျှောက်ထားရမည့်ပုံစံ

သင်တန်းလျှောက်ထားလိုသူများသည် အောက်ပါလင့်ခ်မှတဆင့် ဖောင်ဖြည့်ကာ သင်တန်းအောင်လက်မှတ်ကြေး (၁၀,၀၀၀) ကျပ်ကို Kpay Acc No. 095186398(Daw Myat Sann Nyein) (သို့) Kpay Acc No. 09455297766(Daw Su Su) နှစ်သက်ရာအကောင့်ထံ ဇွန်လ (၂၇) ရက်နေ့ နောက်ဆုံးထား လွှဲပေးရမည်။

> https://docs.google.com/forms/d/

အွန်လိုင်းမှ လျှောက်ထားရန် အခက်အခဲရှိသူများသည် လျှောက်လွှာဖောင်အား ပရင့်ထုတ်ကာ  [email protected]  သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်သည်။

***မိမိ Kpay အကောင့် (သို့) ကိုယ်စားလှယ်ဆိုင်မှ Kpay အကောင့်ဖြင့် လွှဲပါက  Kpay ၏ မှတ်စုရေးရန်နေရာတွင် တက်ရောက်သူ၏ အမည်မှန် ထည့်ရေးပေးပါရန်နှင့် မိမိအမည်နောက်တွင်လည်း (MLA) ဟု ဖော်ပြပေးရပါမည်။***

သင်တန်းတက်ရောက်ခွင့်ရရှိသူများ ကြေညာခြင်း

သင်တန်းတက်ရောက်ခွင့်ရှိသူများကို ဇွန်လ (၂၈) ရက်နေ့တွင် Myanmar Library Association Facebook Page ၌ ကြေညာပေးမည်ဖြစ်သည်။

ငွေသွင်းပြီး အမှန်တကယ်တက်ရောက်နိုင်မည့်သူများကိုသာ ဇွန်လ (၂၉) ရက်နေ့တွင် သင်တန်းအတွက် တစ်ပတ်စာ Zoom Link နှင့် Timetable Schedule ကို လျှောက်လွှာတွင် ဖြည့်ထားသော Gmail မှတဆင့် ပေးပို့ပါမည်။

သင်တန်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက 09-450627226 (Ko Win Zaw Latt) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

=========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 219 times