အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင်ပထမနှစ်လျှောက်လွှာများစတင်လျှောက်ထားနိုင်

 

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူများ အနေဖြင့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ဖွင့်လှစ်သင်ကြားပို့ချပေးနေသည့် BBM, BA(EPP), BA(Journalism), BTHM နှင့် BEF ပထမနှစ်သင်တန်းများကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်းသိရှိရသည်။

 

လျှောက်လွှာလက်ခံမည့် ရက်မှာ စက်တင်ဘာလ ၁ ရက်နေ့ (ကြာသာပတေးနေ့)မှ စက်တင်ဘာလ ၁၆ ရက်နေ့ (သောကြာနေ့) အထိဖြစ်ပြီး လျှောက်လွှာများကို Online စနစ်ဖြင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ Website page ဖြစ်သော www.nmdc.edu.mm မှတစ်ဆင့် လျှောက်ထားသူ၏ ကိုယ်ပိုင် email ဖြင့် Online Admission နှိပ်၍လျှောက်ထားရမည်။

ကျောင်းတွင်သွားရောက်  လျှောက်ထားလိုပါက လျှောက်လွှာကို   လေးထပ်စာသင်ဆောင်၊   အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ဗိုလ်တစ်ထောင်ဘုရားလမ်း၊ ရန်ကုန်မြို့၌ ထုတ်ယူပြီး အဆိုပါကျောင်းတွင်သာ တစ်ပါတည်း လျှောက်ထားရမည်။ 

၂၀၂၂ ခုနှစ်တွင်သာ မည့်သည့်ဘာသာတွဲဖြင့်မဆို တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ထားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်သူ မည်သူမဆို လျှောက်ထားနိုင်သည်။ 

 

လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါအထောက်အထားများကို ပူးတွဲတင်ပြရမည်။

(၁) တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိသောမှတ်စာရင်း

(၂) လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား 

(၃)  လိုင်စင်ဓာတ်ပုံ

(၄) အချက်အလက်များမှန်ကန်မှုမရှိပါက ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

 

လျှောက်ထားနိုင်သည့် ဘွဲ့သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။


 

စဥ်

သင်တန်း

အပ်နှင်းမည့်ဘွဲ့

သင်တန်းကာလ

ခွင့်ပြုဦးရေ

(၁)

Bachelor of Business Management

BBM

(၄) နှစ်

၃၀၀ ဦး

(၂)

Bachelor of Arts (English for Professional Purposes)

BA(EPP)

(၄) နှစ်

၁၂၀ ဦး

(၃)

Bachelor of Arts (Journalism) 

BA(Journalism)

(၄) နှစ်

၁၂၀ ဦး

(၄)

Bachelor of Tourism and Hospitality Management

BTHM

(၄) နှစ်

၃၀၀ ဦး

(၅)

Bachelor of Economics and Finance 

BEF

(၄) နှစ်

၃၀၀ ဦး

 

ဖော်ပြပါဘွဲ့သင်တန်းများ အားလုံးမှာ အချိန်ပြည့်တက်ရောက်ရမည်။ အသေးစိတ်ထပ်မံစုံစမ်းသိရှိလိုပါက  အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ ဖုန်း(၁)၁၈-၂၉၂၅၆၆နှင့် ဖုန်း(၂)-၀၉-၄၄၂၅၈၈၄ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 

Local News Read 4027 times