Sales Hotline : 09448001653       Download App



သင့်ကလေးငယ်ကျောင်းစတက်ဖို့ အဆင်သင့်ဖြစ်ပြီလား

 

ကလေးငယ်တွေကို ဘယ်အချိန်မှာ မူကြိုစထားသင့်ပါသလဲ။   ကလေးအများစုမှာ အသက် ၄ နှစ်ခွဲ (သို့မဟုတ်) ၅ နှစ်အရွယ်မှာ အရည်အချင်း  ပြည့်မှီပြီး    ကျောင်းတက်ဖို့ရာ    အဆင်သင့်ဖြစ်နေပြီလို့     ယူဆလို့ရပါတယ်။

သို့သော်လည်း အသက်အရွယ်တစ်ခုတည်းသာ မဟုတ်ပဲ အခြားသော အကြောင်းအရာ အချက်အလက်များကပါ သင့်ကလေးငယ်ရဲ့ ကျောင်းအပ်ခြင်းအတွက် အဓိက အဆုံးအဖြတ်အဖြစ် ပါ၀င်လာပါတယ်။ ကလေးငယ်ရဲ့ ကြီးထွားမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု နှုန်းကလည်း နောက်ထပ်အရေးကြီး ထည့်သွင်းစဥ်းစားရမယ့်    အချက်ပဲ   ဖြစ်ပါတယ်။

ကလေးငယ်များတွင်    ဖျားခြင်း    နာခြင်းများ မရှိပဲ ကျန်းမာပြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြဿနာများ မရှိမှသာ ၄င်းတို့အတွက် ကျောင်းတက်ဖို့ရာ ပိုမို အဆင်ပြေနိုင်မှာပါ။ တစ်ခြားလိုအပ်ချက်များကိုလည်း အောက်တွင် ဆက်ကြည့်လိုက်ကြရအောင်။

အဆင်သင့်ဖြစ်မှု မရှိခြင်း

=================

ကလေးငယ်တစ်ယောက်ရဲ့   အာရုံစူးစိုက်မှု ဖြစ်တဲ့   စာလုံးတွေ၊ ဂဏန်းတွေ ၊   အရောင်တွေနဲ့   ပုံသဏ္ဍာန်တွေ ခွဲခြားတဲ့ နေရာမှာ တော်နေတတ်နေခြင်းက     မူကြိုကျောင်းစထားရမယ့်    အရွယ်မှာ    သူ့အလိုလိုရှိတတ်တဲ့ အရည်အချင်းမျိုး   မဟုတ်ဘူးလို့    Child Mild Institute ရဲ့     ဦးနှောက် နှင့်   အာရုံကြော လုပ်ဆောင်ချက်များ လေ့လာမှုဆိုင်ရာ ဒေါက်တာဖိလစ်က   ပြောကြားထားပါတယ်။    ဒီအချက်တွေ   အစား    ကလေးငယ်များရဲ့ လှုမှုရေးဆိုင်ရာ စိတ်ခံစားချက်    ဘာသာစကားဖွံ့ဖြိုးတိုးတက်မှု   အပြင်   ၄င်းတို့ရဲ့     ကိုယ်ပိုင်ထိန်းချုပ်နိုင်မှု စွမ်းရည် ၊    အာရုံစူးစိုက်နိုင်မှု နဲ့   ၄င်းတို့ရဲ့ စိတ်ခံစားချက် ၊    အပြုအမူများကို     စီမံခန့်ခွဲနိုင်စွမ်းကသာ ကျောင်းစထားရမယ့်    အရွယ်ကို     ဆုံးဖြတ်ရာမှာ ပိုမို အရေးကြီးတဲ့ အပိုင်းပဲဖြစ်ပါတယ်။

အောက်ပါအချက်များကို ကြည့်ပြီးလည်း ပြောလို့ရပါတယ်။

  • ·         သင့်ရဲ့ကလေးငယ်မှာ ပူးပေါင်းပါ၀င် ကစားနိုင်စွမ်း (သို့မဟုတ်) ရွယ်တူများနှင့်  

                      ပေါင်းသင်းဆက်ဆံခြင်းကို စိတ်၀င်စားမှု ရှိပြီလား                                                                                                                                     

  • ·         မျှ‌‌‌ဝေခြင်းကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီလား

  • ·         သင်ယူမှု အတွက် စိတ်အားထက်သန်မှုကို ပြပီလား

  • ·         အဲဒီအစား သင့်ကလေးငယ်ဟာ ရှာဖွေစူးစမ်းလေ့လာသူမျိုးလား ၊ မေးခွန်းတွေမေးရမှာ သက်တောင့်သက်သာဖြစ်ရဲ့လား

  • ·         သူတို့ရဲ့ လိုအပ်ချက်တွေ အတွက် ဆရာမ (သို့မဟုတ် ) သူငယ်ချင်းတွေကို ပြောပြနိုင်ပြီလား

  • ·         အချိန်တစ်ခုအထိ သင့်ရဲ့ကလေးဟာ အကြောင်းအရာ တစ်ခုကို ထိုင်ပြီး နားထောင်နိုင်ပြီလား

  • ·         မိဘတွေနဲ့ ခွဲထားရတာ အခက်အခဲရှိနေလား

                   စတဲ့ အချက်အလက်တွေကိုလည်း ကြည့်ရှုသုံးသပ်နိုင်ပါတယ်။

 

ကလေးငယ်၏ အမှီအခို ကင်းမှု/ လွတ်လပ်မှု

==================================

သင့်ကလေးငယ်ရဲ့  ပညာရေးပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်မှုထက် ကျောင်းကို သွားချင်တဲ့ စိတ်က ပိုပြီး အရေးကြီးပါတယ်။ သင့်ရဲ့ ကလေးငယ်ဟာ အခြေခံအကျဆုံးဖြစ်တဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး ကိစ္စရပ်များ နဲ့ ရိုးရှင်းတဲ့ လမ်းညွှန်မှုတွေကို လိုက်လုပ်နိုင်နေပြီလားဆိုတာ မိဘများ အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးသင့်ပါတယ်။ ကလေးတစ်ယောက်ကို ဘာသာစကားနဲ့ သချ်ာစွမ်းရည် ၊ ခံတဲဘယ်လိုကိုင်ရမယ် ၊ ကပ်ကြေးဘယ်လိုညှပ်ရမယ်က စပြီး သင်ကြားနိုင်ပါတယ်။ ဒါပေမယ့် ကလေးငယ်မှာ အမှီအခိုကင်းမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိသေးတဲ့ အခါ သင်ကြားရေးပိုင်းမှာ ပိုမို ခက်ခဲရပါတယ်။

 

မျှော်လင့်ထားသည် နှင့် ထပ်တူမကျခြင်း

===============================

မူကြိုစနေရမယ့် ကလေးတစ်ယောက်အတွက် အချို့သော စိန်ခေါ်မှုများကလည်း ၄င်းတို့ရဲ့ မျှော်လင့်ချက်လေးတွေကို  အများကြီး  ပြောင်းလဲစေနိုင်ပါတယ်။  နေရာတော်တော်များများမှာ မူကြိုအရွယ် ကလေးငယ်တွေဟာ အချိန်အကြာကြီးထိုင်ပြီး စာသင်ရတာမျိုး အတွက် ဖွံ့ဖြိုးမှု  အဆင်သင့်မဖြစ်သေးပါဘူး။ ငယ်ရွယ်တဲ့ ကလေးတစ်ယောက်အတွက် စာသင်ချိန်များပြားခြင်းကလည်း ကလေးငယ်ရဲ့ ကျောင်းသွားချင်တဲ့ မျှော်လင့်ချက်ကို ပျက်စီးစေနိုင်မှာပါ။

 

ကျောင်းအပေါ်ထားရှိသော ကလေးငယ်များ၏ သဘောထား

=============================================

ကလေးအများစုမှာ ၄င်းတို့နှင့် အတူတူ ဆော့ကစားနိုင်သည့် သက်တူရွယ်တူများ ရှိရာနေရာ ၊ ကစားစရာများ ပေါများရာနေရာမျိုးကို နှစ်သက်လက်ခံတတ်ကြပါတယ်။ မိဘများအနေနဲ့ ကျောင်းတွင် အခြားကလေးများနှင့် အပြန်အလှန် ဆက်ဆံမှုမျိုး၊ အခြားကလေးတွေအကြောင်းကို အခွင့်အရေး ရရင် ရသလိုမေးပါ။ ဆော့ကစားခြင်းနှင့် ပေါင်းသင်းဆက်ဆံခြင်းကလည်း ကလေးငယ်၏ သင်ယူနိုင်စွမ်းကို တိုးတက်စေပါတယ်။ကျောင်းတက်ဖို့ပြောလိုက်တာနဲ့ သင့်ကလေးငယ်၏ ငိုချင်စိတ်ကို ဖြေဖျောက်ပေးပါ။ ကျောင်းနှင့် ကျောင်းပတ်၀န်းကျင် ၊ အခြား ကလေးများ ၊ မိသားစုအသိုင်းအ၀ိုင်း ပြင်ပက အခြားသူများ နှင့် ယုံကြည်မှုကို သင့်ရဲ့ ကလေးကိုယ်တိုင် ဖန်တီးနိုင်စွမ်း ရှိလာအောင် လေ့ကျင့်ပေးပါ။

 

ကျောင်းတက်ရန် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်သည်များ

=======================================

ကလေးငယ်တစ်ဦး မူကြိုစထားတော့မယ်ဆိုရင် မိဘများအပြင် သင့်ရဲ့ ကလေးငယ်ကို ကျောင်းအပ်လက်ခံမယ့် မူကြိုကျောင်းများကပါ ကလေးရဲ့ အဆင်သင့်ဖြစ်မှုကို လေ့လာဆန်းစစ်ကြပါတယ်။ ကလေးငယ်များရဲ့ ထိတွေ့မှု ၊ မြင်နိုင်ကြားနိုင်မှုတို့ဖြစ်သော အာရုံခံဖွံ့ဖြိုးမှု စွမ်းရည်သည်လည်း ကျောင်းစတက်ရန်အတွက် အရေးကြီးသော အပိုင်းမှာ ပါ၀င်နေပါတယ်။ သင့်ကလေးမှာ ဘာသာစကားနှင့် ပတ်သက်ပြီး ပြောဆိုနိုင်စွမ်း၊ ရုပ်ပုံကားချပ်လေးများ ၊ နံပါတ်လေးများကို မှတ်မိနေခြင်းကလည်း ကျောင်းတက်ရန် အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြသတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ အကျင့်စာရိတ နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း များစွာ အရာရောက်ပါတယ်။ သင့်ကလေးငယ်ရဲ့ စိတ်ခံစားမှု ဆက်သွယ်ခြင်း၊ ညွှန်ကြားချက်များကို လိုက်နာခြင်း ၊ တွန်းအားပေးခြင်း ၊ အာရုံစူးစိုက်ခြင်း ၊ သူငယ်ချင်းဖွဲ့ခြင်း ၊ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း ၊ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း စသည်တို့ကို ကြိုတင်ပြင်ဆင်ပေးထားမည် ဆိုပါကလည်း သင့်ကလေးရဲ့ ကျောင်းစတက်ရမယ့် လမ်းခရီးမှာ ပိုမို အဆင်ပြေချောမွေ့စေမှာပါ။

ကလေးငယ်များရဲ့ အစောပိုင်းပညာရေးနဲ့ ပတ်သက်ပြီး မိဘများ၏ ဆုံးဖြတ်ချက်ဟာ အလွန်ပင်အရေးပါလှပါတယ်။ သင့်ကလေး အဆင်သင့်ဖြစ်ပြီလား ၊ သူတို့အတွက် ဘာတွေလိုအပ်မလဲ ၊ ဘာတွေ ပြင်ဆင်ထားပေးရမလဲ ၊ အကောင်းဆုံးတွေကို ဘယ်လိုပေးရမလဲ ဆိုတာ သိရှိစေဖို့ရည်ရွယ်ရင်း ဤဆောင်းပါးလေးကို တင်ဆက်လိုက်ရပါတယ်။

 

 

Pre-school Read 587 times