ဆေးပညာနှီးနွှယ်တက္ကသိုလ်များရှိ လစ်လပ်နေရာများသို့ တက်ရောက်နိုင်သူများစာရင်း


ဆေးပညာနှီးနွှယ်တက္ကသိုလ်များရှိ ပထမနှစ်(5/2022) သင်တန်းလစ်လပ်နေရာများသို့ တက္ကသိုလ်ပြောင်းရွှေ့တက်ရောက် ပညာသင်ကြားခွင့်ရသည့် ကျောင်းသူကျောင်းသားများစာရင်း ထုတ်ပြန်ကြေငြာခြင်း

 

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ 2020 ပြည့်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး ဆေးပညာနှီးနွှယ်တက္ကသိုလ်များရှိ ပထမနှစ်(5/2022) သင်တန်းလစ်လပ်နေရာများသို့ တက္ကသိုလ်ပြောင်းရွှေ့တက်ရောက် ပညာသင်ကြားခွင့်ရသည့် ကျောင်းသူကျောင်းသားများစာရင်းကို သြဂုတ်လ (၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

 

တက္ကသိုလ်ပြောင်းရွှေ့ပညာသင်ကြားခွင့်ရသည့် ကျောင်းသူကျောင်းသားများအနေဖြင့် (3-8.2022) မှ ကျောင်းစတင် အပ်နှံနိုင်ပြီး ဖောင်ပိတ်ရက်မှာ (12.8.2022) ဖြစ်ပါသည်။

တက်ရောက်ခွင့်ရောက်သည့် ကျောင်းသူကျောင်းသားများမှာ - 
ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်တွင် (54)ဦး
ဆေးဝါးတက္ကသိုလ်၊ မန္တလေးတွင် (20)ဦး
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်တွင် (40)ဦး
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ မန္တလေးတွင် ((34)ဦး 
သူနာပြုတက္ကသိုလ်၊ ရန်ကုန်တွင် (73)ဦး
သူနာပြုတက္ကသိုလ်၊ မန္တလေးတွင် (56)ဦး
အခြေခံကျန်းမာရေးတက္ကသိုလ်၊ မကွေးတွင် (76)ဦး   . . . စုစုပေါင်း (353)ဦး ဖြစ်ပါသည်။

.
တက်ရောက်ခွင့်ရသည့် ကျောင်းသူကျောင်းသားများစာရင်းမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

 


အခြားသောစိတ်ဝင်စားဖွယ်ဆောင်းပါးများကို ဖတ်ရှုလိုပါလျှင် 
>>> www.edge.com.mm

Local News Read 2267 times