ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကြောင့် Stay at Home ကာလတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ထဲက ပညာရေးဝန်ထမ်းတွေကို စားနပ်ရိက္ခာထောက်ပံ့ပေးမည်ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ သိရပါတယ်။
စစ်တွေမြို့နယ်အတွင်းရှိ ပညာရေးမှူးရုံးတွေ၊ အခြေခံပညာအထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများနဲ့ မူလကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်းများကို စာနပ်ရိက္ခာတွေ ထောက်ပံ့မှာဖြစ်ပါတယ်လို့ သိရပါတယ်။
ထိုသို့ ထောက်ပံ့ပေးရာတွင် တစ်ဦးကို ဆန် ၁၀ ပြည်၊ ဆီ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ ပဲ ၅၀ ကျပ်သားနဲ့ ဆား ၁ ပိဿာ ထောက်ပံ့နိုင်ဖို့ ကျပ် ၃၀၀၀၀ နှုန်းစီ သတ်မှတ်ထားတယ်လို့သိရပါတယ်။
အဆိုပါ ဝန်ထမ်းဦးရေ ၂၀၀၂ ယောက်အတွက် ကျပ်သိန်း ၆၀၀ ကို ဦးစီးဌာန ရန်ပုံငွေကနေရခိုင်ပြည်နယ် ပညာရေးမှူးရုံးကို ခွဲဝေသတ်မှတ်လိုက်ပြီး ခွင့်ပြုငွေထက် ပိုမသုံးကြဖို့၊ လက်ခံရရှိတဲ့ အထောက်အထားတွေကိုလည်း ပြန်တင်ပြဖို့ ညွှန်ကြားထားပါတယ်။
Source: Burmese DVB