ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် (၁၀) ခုတွင် အာရှတက္ကသိုလ်တစ်ခုမှ နံပါတ်(၈)တွင် ရပ်တည်

 

စင်္ကာပူနိုင်ငံရှိ NUS သည် ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်သော နောက်ဆုံးထွက် Quacquarelli Symonds (QS) World University Rankings (WUR) စာရင်းအရ ကမ္ဘာ့တက္ကသိုလ်အဆင့် နံပါတ် (၈) နှင့် အာရှတွင် နံပါတ် (၁) အဆင့်အဖြစ် ရပ်တည်ခဲ့သည်။

 

ယခုနှစ်တွင် စင်္ကာပူနိုင်ငံမှ တက္ကသိုလ်လေးခု အပါအဝင် နေရာ ၁၀၆ ခုမှ တက္ကသိုလ်ပေါင်း ၁၅၀၀ ကို  နှိုင်းယှဉ်ဖော်ပြခဲ့ရာ NUS သည် ကမ္ဘာ့ထိပ်တန်းအဆင့်တက္ကသိုလ် (၁၀) ခုစာရင်းတွင် ပါဝင်ခဲ့သည့် တစ်ခုတည်းသော အာရှတက္ကသိုလ်လည်းဖြစ်သည်။

 

NUS သည် QS (WUR) ၏ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၁၀) ခုစာရင်းတွင် ယခုနှစ်မှ ပါဝင်လာခဲ့သည် မဟုတ်ဘဲ ၂၀၂၃ ခုနှစ်တည်းက နံပါတ် (၈) နေရာကို ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာကို ၂၀၂၄ ခုနှစ်အထိ ဆက်လက်ထိန်းထားနိုင်ခဲ့သည်။

 

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုအနေဖြင့် NUS သည် ပညာရေး၊ သုတေသန၊ ဆန်းသစ်တီထွင်မှုနှင့် လုပ်ငန်းဆိုင်ရာ နယ်ပယ်များတွင် ကျောင်းသားများအား ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်တတ်သူများနှင့် လိုက်လျောညီထွေစွာ သင်ယူသူများ ဖြစ်လာစေရန် ဆရာများနှင့် သုတေသီများမှ ပဲ့ကိုင်ထိန်းကျောင်းလျက်ရှိကြောင်း NUS ဥက္ကဋ္ဌ ပါမောက္ခ Tan Eng Chye က ပြောကြားခဲ့သည်။

 

ပရော်ဖက်ဆာ Tan သည် " တက္ကသိုလ်၏ ထူးချွန်သော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားများနှင့် ကျောင်းသားဟောင်းများ၏ စုပေါင်းအောင်မြင်မှုကြောင့် NUS သည် ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုအဖြစ် အသိအမှတ်ပြုခံရခြင်းဖြစ်သည်။ NUS အသိုင်းအဝိုင်းသည် လူတိုင်းအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများကို လှုံ့ဆော်ပေးသည့် ကောင်းမွန်သော ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကို မွေးမြူရန် ဆက်လက်ရှိနေသည်" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

 

အထူးသဖြင့် ယခုနှစ်တွင် NUS သည် ပညာရေး၊ သုတေသနနှင့် ကျောင်းဝင်းဆိုင်ရာ လုပ်ငန်းဆောင်တာများတစ်လျှောက် ရေရှည်တည်တံ့သော အနာဂတ်ကို ပုံဖော်ရန် ဆောင်ရွက်နေသည့်အချက် (Sustainability Indicator) တွင် သိသိသာသာတိုးတက်မှုကို ရရှိခဲ့ပါသည်။ ဘွဲ့ရပြီးနောက် အလုပ်အကိုင် ရရှိခြင်းနှင့် ကျောင်းသားဟောင်းများ၏ အောင်မြင်မှုများကြောင့် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၁၀) ကျောင်းတွင် စာရင်းဝင်အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

 

NUS သည် ကမ္ဘာ့တက္ကသိုလ်အဆင့် နံပါတ် (၈) နေရာတွင် ရပ်တည်နေပြီး အခြားသော အာရှတက္ကသိုလ်များအနေဖြင့် Peking University သည် နံပါတ် (၁၄)၊ Nanyang Technological University သည် နံပါတ် (၁၅)၊ The University of Hong Kong သည် နံပါတ် (၁၇)၊ Tsinghua University သည် နံပါတ် (၂၀) တို့တွင် အသီးသီးရပ်တည်နေပါသည်။ 

 

QS (WUR) မှ နောက်ဆုံးထုတ်ပြန်ထားသည့် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၁၀) ခု


 

-----------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

International News Read 131 times