ဩဂုတ်လ ၂၈ ရက်နေ့တွင် MSESI မဟာဘွဲ့သင်တန်း ၀င်ခွင့်စာမေးပွဲ ကျင်းပမည်

 

ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြု မည်သည့်တက္ကသိုလ်မှမဆို ဘွဲ့ရရှိပြီးသူတိုင်း တက်ရောက်နိုင်မည့် လူမှုစီးပွားတည်တံ့ရေး တီထွင်ဖန်တီးမှုပညာ မဟာဘွဲ့ (MSESI) ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ထုတ်ပြန် ကြေညာထားသည်။

 

 

သင်တန်းတက်ရောက်လိုသူများအနေဖြင့် လုပ်ငန်းခွင် အတွေ့အကြုံ လုပ်သက်အနည်းဆုံး (၂) နှစ်ရှိရန် လိုအပ်ပြီး (၅-၉-၂၀၂၂) ခုနှစ်တွင် ၂၃ နှစ် ပြည့်မီပြီးသူ ဖြစ်ရမည် ဖြစ်သည်။ တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတက်ရောက်နေခြင်းကို ကန့်သတ်ထားပြီး သတ်မှတ်ထားသော သင်ရိုးနှင့်အညီ အချိန်ပြည့်တက်ရောက်နိုင်သူ ဖြစ်ရမည်။

 

လျှောက်လွှာပုံစံများကို စီမံခန့်ခွဲမှုပညာဌာန (ပတ္တမြားဆောင်) ပါရမီလမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ (၉-၈-၂၀၂၂) ရက်နေ့မှစတင်၍ လူကိုယ်တိုင် သွားရောက်ထုတ်ယူနိုင်ပြီး (၂၃.၈.၂၀၂၂) အထိ တင်သွင်းနိုင်ကြောင်း သိရသည်။ ဝင်ခွင့်ရေးဖြေစာမေးပွဲကို ၂၈-၈-၂၀၂၂ (တနဂ်နွေနေ့) တွင် ကျင်းပမည် ဖြစ်ပြီး ဝင်ခွင့်အောင်မြင်၍ သတ်မှတ်အဆင့်မီသူများအား လူတွေ့ ထပ်မံစစ်ဆေး၍ သင်တန်းသားဦးရေ လက်ခံမည်ဟု သိရသည်။

 

မဟာဘွဲ့သင်တန်းကာလ (၂) နှစ် ကြာမြင့်မည်ဖြစ်ကာ သင်တန်းကြေးမှာ တစ်လလျှင် ကျပ် နှစ်သောင်း (၂၀,၀၀၀) ကျသင့်မည် ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ဖုန်းနံပါတ် ၀၁-၈၆၆၄၆၈၄ ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

Local News Read 874 times