YUFL တွင် (EPS-TOPIK) သင်တန်းအား (၆) လ ဖွင့်လှစ်သင်ကြားမည်

 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် Korean Workplace Readiness and Language Proficiency Course (EPS-TOPIK) သင်တန်းအား ဖွင့်လှစ်မည်ဖြစ်ပြီး ကိုရီးယားကို အလုပ်သွားလုပ်မည့် အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အမျိုးသား၊ အမျိုးသမီးများ လျှောက်ထားနိုင်ပါသည်။

 

သင်တန်းလျှောက်လွှာ ပုံစံအား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားသူသည် အနိမ့်ဆုံးပညာအရည်အချင်း အမျိုးသားဖြစ်လျှင် အလယ်တန်းအောင်မြင်ပြီးသူ (သို့) အမျိုးသမီးဖြစ်လျှင် အထက်တန်း အောင်မြင်ပြီးသူ ဖြစ်ရပါမည်။

 

ဇန်နဝါရီလ (၁၁) ရက်နေ့တွင် စတင်လျှောက်ထားနိုင်ပြီး သင်တန်းကြေး (၃) သိန်းကျပ်ကို ငွေလက်ခံဌာနတွင် တစ်ပါတည်း ပေးသွင်းရပါမည်။ သင်တန်းကြေး ပေးသွင်းပြီးမှသာလျှင် သင်တန်းသားအဖြစ် သတ်မှတ်မည်ဖြစ်သည်။

 

လျှောက်လွှာတင်သည့်အခါ အခြေခံပညာ အလယ်တန်း/အထက်တန်း အောင်မြင်ကြောင်းလက်မှတ် မူရင်းနှင့် မိတ္တူ (သို့) ဘွဲ့လက်မှတ် မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ၊ ပတ်စပို့ဆိုဒ်ဓာတ်ပုံ (၃) ပုံတို့ကို ပူးတွဲတင်ပြရပါမည်။

 

သင်တန်းကို ဇန်နဝါရီလ (၁၈) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး (၆) လကြာ တက်ရောက်ရပါမည်။ သင်တန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် မနက် (၉) နာရီမှ (၁၂) နာရီအထိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားတက်ရပါမည်။  

 

အဆိုပါ သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ် အကြောင်းအရာများကို စုံစမ်းလိုပါက ၀၁-၇၅၁၃၁၉၀ ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

=========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 937 times