ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ လျှောက်ထားနိုင်သည့် Online Certification သင်တန်းများ

 

ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ ဓာတုဗေဒဌာနမှ ဦးစီး၍ Water and Sanitation for Occupational Purpose (WSOP) သင်တန်းနှင့် Good Manufacturing Practice (GMP) သင်တန်းတို့အပြင် မြန်မာစာဌာနမှ ဦးစီး၍ ရုံးလုပ်ငန်းသုံးမြန်မာစာသင်တန်းတို့ကို Online မှတဆင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်‌ကြောင်း သိရပါသည်။ Online သင်တန်းများဖြစ်သည့်အတွက် ရန်ကုန်အပြင် အခြားနယ်ဝေးမှ တက်ရောက်လိုသူများလည်း လျှောက်ထားနိုင်ပါသည်။ 

 

အဆိုပါသင်တန်းတို့ကို (၃) လ အချိန်ပြည့် တက်ရောက်ရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ ဘာသာရပ်အလိုက် Certificate ရရှိမှာပါ။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အနိမ့်ဆုံးပညာအရည်အချင်းအရ အခြေခံပညာအထက်တန်းအထိ တက်ရောက်ပြီးကြောင်း လက်မှတ်ရရှိထားသူများနှင့် ဝန်ထမ်းများအတွက် သက်ဆိုင်ရာ အကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပေးသည့် ထောက်ခံချက်ပါရှိသူများ ဖြစ်ရပါမည်။

 

Water and Sanitation for Occupational Purpose (WSOP) သင်တန်းနှင့် Good Manufacturing Practice (GMP) သင်တန်း
==============================

သင်တန်းကာလ - ၁၈-၇-၂၀၂၄ မှ ၁၇-၁၀-၂၀၂၄ အထိ (၃ လ)

လျှောက်လွှာစတင်လက်ခံမည့်ရက် - ၁.၆.၂၀၂၄ (စနေနေ့)

ကျောင်းအပ်လက်ခံမည့်ရက် - ၁.၇.၂၀၂၄ မှ ၁၄.၇.၂၀၂၄ အထိ

 

သင်တန်းလျှောက်လွှာကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏ https://chem.hrd.yude.edu.mm ဝဘ်ဆိုက်မှတဆင့် ၁.၆.၂၀၂၄၊ နံနက် ၁၀ နာရီမှ စတင်ကာ Online Registration ပြုလုပ်ရမှာဖြစ်ပါတယ်။ သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက Registration ဖောင်ပိတ်သွားပါလိမ့်မည်။ Online Registration အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသောသူများကို Email မှတဆင့် ပြန်လည်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ 

 

သင်တန်းနှင့်ပတ်သတ်၍ ဖုန်း-၀၉၈၉၁၇၄၁၃၉၀ နှင့် ၀၉၄၄၈၀၁၈၅၅၆ သို့ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

 

ရုံးလုပ်ငန်းသုံးမြန်မာစာသင်တန်း
=============

သင်တန်းကာလ - ၂၂-၇-၂၀၂၄ မှ ၂၁-၁၀-၂၀၂၄ အထိ (၃ လ)

လျှောက်လွှာစတင်လက်ခံမည့်ရက် - ၃.၆.၂၀၂၄ (တနင်္လာနေ့)

 

သင်တန်းလျှောက်လွှာကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏ https://myan.hrd.yude.edu.mm ဝဘ်ဆိုက်မှတဆင့် ၃.၆.၂၀၂၄၊ နံနက် ၁၀ နာရီမှ စတင်၍ Online Registration ပြုလုပ်ရမှာဖြစ်ပါတယ်။ သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက Registration ဖောင်ပိတ်သွားပါလိမ့်မည်။ Online Registration အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသောသူများကို Email မှတဆင့် ပြန်လည်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ 

 

သင်တန်းနှင့်ပတ်သတ်၍ ဖုန်း-၀၁၇၅၁၂၈၆၃၊ ၀၁၂၃၀၅၉၃၈ နှင့် ၀၉၄၂၁၀၆၈၁၇၉ သို့ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

 

Related Article : တောင်ကြီးတက္ကသိုလ်မှ စီးပွားရေးဥပဒေ ဒီပလိုမာဘွဲ့သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေ

>> https://www.edge.com.mm/article/diploma-in-business-law--taunggyi.html

Latest Post Local News Read 743 times