English ကို Basic ကနေ Advance Level အထိ Free တက်ကြမယ်

 

English ဘာသာစကားကို Basic ကနေစပြီး Advanced Level အထိ တစ်ဆင့်ချင်း သင်ယူချင်တယ်ဆိုရင်တော့ World English Institute မှာရှိတဲ့ 100% Free Course တွေကို လေ့လာကြည့်ပါ။ အချိန်ကန့်သတ်ချက်မရှိတဲ့အတွက် အင်တာနက်လိုင်းရတဲ့ ဘယ်နေရာမှာဆို မိမိအားတဲ့အချိန် လေ့လာနိုင်ပါတယ်။ Course တွေကို Free လေ့လာလို့ရမယ့်အပြင် Test တွေဖြေဆိုနိုင်ရင် Certificate လည်း Free ရဦးမှာဖြစ်ပါတယ်။

 

အင်္ဂလိပ်ဘာသာစကား လေ့လာတဲ့အခါ အရေးကြီးဆုံးလို့ သတ်မှတ်လို့ရတဲ့ အရေး၊ အဖတ်၊ အပြော၊ အကြား စွမ်းရည် (၄) မျိုးစလုံးကို Level တစ်ခုချင်းစီတိုင်းအတွက် သင်ယူနိုင်မှာဖြစ်ပါတယ်။ 

 

သင်ယူနိုင်မယ့် Course များ

  • Elementary Course
  • Intermediate Course
  • Advanced Course
  • Supplemental Courses

 

- အင်္ဂလိပ်ဘာသာစကားကို အခုမှ စတင်လေ့လာမယ့်သူတွေအတွက် Elementary Course ကို တက်ရောက်နိုင်ပြီး Video Lessons ပေါင်း (၃၉) ခု လေ့လာနိုင်ပါတယ်။

- အခြေခံရှိတဲ့သူတွေကတော့ နောက်ထပ်တစ်ဆင့်တက်ပြီး Intermediate Course တွေကို လေ့လာလို့ရပါတယ်။ Course Lesson ကတော့ သူ့ဆီမှာ (၂၁) ခုရှိပါတယ်။

- ကျွမ်းကျင်သူတွေ (ဒါမှမဟုတ်) TOEFL အတွက်ပြင်ဆင်နေသူတွေ တက်ရောက်သင့်တာကတော့ Advanced Course ဖြစ်ပြီး Free Lessons ပေါင်း (၂၇) ခုရှိပါတယ်။ 

- Advanced Level အထိ ပြီးသွားတဲ့အခါမှာ မိမိလေ့လာမှုကို မရပ်တန့်ဘဲ Supplemental Courses တွေကို ဆက်လက်လေ့လာနိုင်ပါတယ်။ Supplemental အတွက် Video Lessons တွေကတော့ (၅၀) ကျော်ရှိပါတယ်။

- Elementary၊ Intermediate၊ Advanced အပြင် Supplemental Course ကိုပါ အပြီးထိ သင်ယူနိုင်မယ်ဆိုရင် ဒီပလိုမာ ရရှိမှာဖြစ်ပါတယ်။

 

ရရှိနိုင်မယ့် အကျိုးကျေးဇူး

  • သင်ခန်းစာတွေအားလုံး အခမဲ့ဖြစ်ခြင်း
  • အချိန်ကန့်သတ်ချက်မရှိခြင်း
  • Level တစ်ဆင့်ချင်း တက်ရောက်နိုင်ခြင်း
  • English 4 Skills စလုံးလေ့လာနိုင်ခြင်း
  • Native Speaker တွေဆီမှ သင်ယူနိုင်ခြင်း
  • Free Certificate ရယူနိုင်ခြင်း
  • အသက်အရွယ် မကန့်သတ်ထားခြင်း တို့ဖြစ်ပါတယ်။

 

စိတ်ဝင်စားရင် အောက်ဖော်ပြပါ လင့်ခ်ကနေတဆင့် ကိုယ်ပိုင်အီးမေးလ် အသုံးပြုပြီး အခမဲ့ စာရင်းသွင်းလိုက်ပါ။ 

>> https://worldenglishinstitute.org/new

 

သင်ကြားရမယ့်ပုံစံ

စာရင်းသွင်းပြီးသွားရင် မိတ်ဆက်သင်ခန်းစာတစ်ခု ကျလာပါလိမ့်မယ်။ အဲဒီသင်ခန်းစာကို ဂရုတစိုက်ဖတ်ပြီး အဆင်သင့်ဖြစ်တဲ့အခါ Test ဖြေဆိုရပါမယ်။ ဖြေဆိုထားတဲ့ အဖြေတွေအတွက် WEI မှ ဆရာတစ်ဦးက ရမှတ်နဲ့အတူ အဖြေမှန်တွေကို မှတ်ချက်ပေးမှာဖြစ်ပါတယ်။

 

အမှတ်ကတော့ ၄၀% နဲ့အထက် ရရှိမှ Course တွေကို စတက်လို့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ အမှတ်မရမချင်း အကြိမ်ကြိမ် ဖြေဆိုခွင့်ရှိပါတယ်။ 

 

နောက်သင်ခန်းစာတွေမှာလည်း Lesson တစ်ခုပြီးတိုင်း Test ဖြေရတဲ့အခါ ဆရာက အမှတ်ပေး ဆုံးဖြတ်ပေးမှာဖြစ်ပြီး ရမှတ် ၆၀% နဲ့ အထက်ရရှိမှ Certificate ရမှာပါ။ Test တွေဖြေဖို့အတွက် Deadline မထားထားဘူးဆိုတော့ သက်တောင့်သက်သာနဲ့ ကိုယ်အဆင်သင့်ဖြစ်တဲ့အချိန်မှ ဖြေလို့လည်း ရပါတယ်။ 

 

အသေးစိတ်လေ့လာရန်

>> https://www.worldenglishinstitute.org/

 

----------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post University / College Vocational Read 1903 times