Top 10 အများဆုံး ကျောင်းက ဘယ်ကျောင်းလဲ

ဩဂုတ်လ ၉ ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနှ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးရရှိသူ ၁၂ ဦး စာရင်းမှ နံပါတ် (၁)မှ (၁၀) အထိ TOP-10 စာရင်းမှာ ဘယ်ကျောင်းမှ ကျောင်းသူကျောင်းသားများ အများဆုံး ပါဝင်သလဲဆိုတာ ဆန်းစစ်ကြည့်တဲ့အခါ  TTC လို့ လူသိများတဲ့ အ.ထ.က၊ လေ့ကျင့်ရေး (ကမရွတ်) ကျောင်းက အများဆုံး ဖြစ်တာကို တွေ့ရပါတယ်။ အဆိုပါကျောင်းမှ  ၄ ဦး ပါဝင်နေပြီး ဒုတိယ အများဆုံကျောင်းကတော့  ၃ ဦး ပါဝင်တဲ့ အထက (၁) ဒဂုံ  ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ် ဝင် ...

Image source:google.com  
မမေသက်ထွန်း၊ သိပ္ပံတွဲ မြန်မာတစ်နိုင်ငံလုံး ပထမ ဆုရှင် 

အခြားကျောင်းများကတော့ မန္တလေးတိုင်းဒေသကြီး မလှိုင်မှ နာမည်ကြီး ကိုယ်ပိုင်ကျောင်း မိသားစုမှ တစ်ဦး၊ ရန်ကုန်တိုင်း‌ဒေသကြီးမှ အထက(၂)၊ စမ်းချောင်း၊ အထက(၂) ဗဟန်း တို့ပဲဖြစ်ပါတယ်။


အ.ထ.က၊ လေ့ကျင့်ရေး(ကမာရွတ်) ကျောင်းက TOP-10 စာရင်းဝင်သူ အများဆုံး ပါဝင်ပေမယ့်
ရမှတ်ပေါင်း အများဆုံး ရရှိသောကျောင်းမှာ အထက(၁) ဒဂုံ ဖြစ်ပါတယ်။

 

Latest Post News Read 2033 times