မြန်မာပြည်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ အသစ်ဖွင့်လှစ်ရန် စီစဉ်နေ

 

မြန်မာပြည်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ အသစ်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဇန်နဝါရီ (၂၀) ရက်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးပွဲတွင် ပြောကြားခဲ့သည်။

 

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တွင် နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ကျင်းပခဲ့သည်။

 

ထိုအစည်းအဝေးတွင် နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာရှင်များ နှစ်စဉ် သင်ကြားမွေးထုတ်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေသေးကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ အသစ်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။  

Source - ပြန်ကြားရေးဝန်ကြီးဌာန

Latest Post Local News Read 10 times