ASEAN နိုင်ငံတွင်းက တက္ကသိုလ် (၂၀၀) ကျော်ကို ရွေးချယ်တက်ရောက်နိုင်မယ့် ပညာသင်ဆု

 

Bachelor အတွက် ကျောင်းလျှောက်ဖို့ တက္ကသိုလ် (၂၃၅) ကျောင်း ရွေးချယ်စရာရှိပြီး Job Career အတွက်ပါ စိတ်ချချင်တယ်ဆိုရင် ASEAN Secretariat နဲ့ Maybank Foundation တို့မှ ပူးတွဲပေးအပ်တဲ့ ASEAN-Maybank Scholarship ကို စတင်လျှောက်ထားလို့ ရနေပါပြီ။

ဒီပညာသင်ဆုက မြန်မာနိုင်ငံသားတွေ အရများပြီး အာဆီယံနိုင်ငံတွေမှာ ထောက်ပံ့ကြေး အပြည့်အစုံနဲ့  တက္ကသိုလ် တက်ရောက်နိုင်မယ့် အခွင့်အရေးမို့ ဘွဲ့ကြိုကျောင်းသားတိုင်း လက်လွှတ်မခံဘဲ လျှောက်ထားသင့်ပါတယ်။

 

Degree Level - Bachelor

Scholarship Type - Fully Funded

Host Universities - AUN Member Universities

Deadline - 2 March 2025

 

ရွေးချယ်တက်ရောက်နိုင်မယ့် AUN တက္ကသိုလ်များ

> https://www.maybankfoundation.com


ရွေးချယ်သင်ကြားနိုင်မယ့် ပညာရပ်နယ်ပယ်များ

  • Arts and Design
  • Accounting
  • Actuarial Science
  • Business Management
  • Data Science
  • Economics
  • Entrepreneurship
  • Finance
  • Information Technology
  • Computer Science
  • International Business
  • Engineering and Technology
  • Environmental Science
  • Mathematics
  • Political Science
  • Risk Management
  • Social Work
  • Artificial Intelligence (AI) and Machine Learning
  • Future Ready Related Course (For Example: Computer Programming, Web Development, Software Development, Mobile Application Development, UI / UX Design, Data Science, etc.)


အကျိုးခံစားခွင့်များ

  •     Laptop
  •     Fully Tuition Fees
  •     Allowance for Monthly Expenses and Accommodation
  •     Books Allowance Paid Every Semester
  •     Settling-In Allowance (One-off)
  •     University Admission Fees + Students VISA
  •     Insurance Coverage
  •     Return Economy Class Air Passage

 

အရည်အချင်း သတ်မှတ်ချက်များ

  • အာဆီယံနိုင်ငံသား ဖြစ်ရပါမယ်။
  • (၁၂) တန်းပညာရေး အောင်မြင်ပြီးသူ (သို့) တက္ကသိုလ် ပထမနှစ် တက်ရောက်နေဆဲ ကျောင်းသားဖြစ်ရပါမယ်။
  • အသက် (၂၂) နှစ်ထက် ကြီးသူ မဖြစ်ရပါ။
  • AUN အဖွဲ့ဝင် တက္ကသိုလ်တစ်ခုခုမှ ဝင်ခွင့် ရရှိထားရပါမယ်။ (သို့) အဲ့တက္ကသိုလ်တစ်ခုခုမှာ ပထမနှစ် တက်ရောက်နေသူ ဖြစ်ရပါမယ်။
  • CGPA အမှတ် အနည်းဆုံး (3.00) ရှိထားရပါမယ်။
  • ပညာရေးထူးချွန်မှုအပြင် ကျောင်းတွင်းပြင်ပ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ထားသူဖြစ်ရပါမယ်။

 

အလုပ်သင် အခွင့်အရေး

  • ကျောင်းပိတ်ရက်တွေမှာ ဒေသတွင်းက ASEAN Secretariat ၊ ASEAN Foundation (သို့) Maybank တို့မှာ အလုပ်သင် ဆင်းရပါမယ်။
  • Maybank နဲ့ Maybank Foundation ရဲ့ Flagship program တွေမှာ လုပ်အားပေး ပါဝင်ရပါမယ်။
  • Programming ၊ Coding ၊ Design thinking နဲ့ Scrum တို့လို Skills တွေကိုလည်း ရရှိနိုင်ပါမယ်။

 

အလုပ်အကိုင် အခွင့်အလမ်း

ဘွဲ့ရပြီးတာနဲ့ ASEAN Secretariat ၊ ASEAN Foundation ၊ Maybank တို့မှာ (၃) နှစ် စာချုပ်နဲ့ မဖြစ်မနေ အလုပ်ဝင်လုပ်ရမှာ ဖြစ်ပါတယ်။ 

 

ပညာသင်ဆုကို စိတ်ဝင်စားလို့ လျှောက်ချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်ကနေတဆင့် ၂၀၂၅ ခုနှစ်၊ မတ်လ (၂) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမယ်။

>> https://docs.google.com/forms/

 

အသေးစိတ်ဖတ်ရှုရန်

> https://www.maybankfoundation.com

====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

International Latest Post Read 207 times