အထက်တန်းအောင်ထားပြီး GED၊ IGCSE တို့ ဆက်မတက်ဘဲ နိုင်ငံခြားမှာ ကျောင်းတက်ရင်း အလုပ်လုပ်ချင်တဲ့သူတွေအတွက် ဂျာမနီနိုင်ငံက ရွေးချယ်စရာ ပညာရေးလမ်းကြောင်း Ausbildung အကြောင်းကို မျှဝေသွားမှာဖြစ်ပါတယ်။
Ausbildung ဆိုတာဘာလဲ?
Ausbildung ဆိုတာက တက္ကသိုလ်တက်ရတာတော့ မဟုတ်ပေမယ့် Vocational Training School မှာ အခမဲ့ ကျောင်းတက်ပြီး Company တစ်ခုမှာ လုပ်ခလစာနဲ့ လက်တွေ့အလုပ်ဆင်းရမယ့် အသက်မွေးဝမ်းကြောင်းပညာရေး ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ ဥပမာ - Vocational School မှာ IT သင်တန်း တက်ရင်း ကုမ္ပဏီတစ်ခုမှာ IT ပိုင်းဆိုင်ရာကို အလုပ်သင်ဆင်းရမှာ ဖြစ်ပါတယ်။
လျှောက်ထားနိုင်တဲ့နိုင်ငံနဲ့ အသက်အပိုင်းအခြား
ဒီဂျာမနီက အလုပ်သင်ကျောင်းတက် အခွင့်အရေးကိုတော့ ဘယ်နိုင်ငံသားမဆို လျှောက်ထားနိုင်ပါတယ်။ ပရိုဂရမ်အတွက် အသက်အရွယ်အပိုင်းအခြားကတော့ အတိအကျ ကန့်သတ်ထားတာမျိုးမရှိပေမယ့် ကုမ္ပဏီတွေက အသက် (၁၆) နှစ်မှ အသက် (၄၀) အတွင်း လူတွေကို ပိုပြီး ဦးစားပေး ရွေးချယ်ပါတယ်။
ဘယ်လိုပညာရပ်တွေ လျှောက်ထားနိုင်လဲ
ရွေးချယ်စရာ အသက်မွေး၀မ်းကြောင်း ပညာရပ် အမျိုးအစား (၃၀၀) ကျော်လောက် ရှိပါတယ်။ အထူးသဖြင့် အောက်ပါပညာရပ်တွေကို အများဆုံး တွေ့ရပါတယ်။ တစ်ချို့အလုပ်အကိုင် အမျိုးအစားတွေကတော့ အမျိုးသမီး၊ အမျိုးသား ရွေးချယ် ဦးစားပေးတာမျိုးတွေ ရှိပါတယ်။
ဘယ်နှစ်နှစ်တက်ရောက်ရမှာလဲ?
သင်တန်းကာလကတော့ ပုံမှန်အားဖြင့် (၂) နှစ်မှ (၄) နှစ်အထိ တက်ရောက်ရပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ပညာရပ်ပေါ်မှာ မူတည်ပြီး တက်ရောက်ရမယ့် သင်တန်းကာလ ကွဲပြားနိုင်ပါတယ်။ သင်တန်းကာလရဲ့ (၅၀%) က လုပ်ငန်းခွင်မှာ လက်တွေ့ဝင်ရောက်လုပ်ကိုင်ရမှာဖြစ်ပြီး ကျန် (၅၀%) က ကျောင်းတက်ရမှာပါ။
သင်တန်းပြီးဆုံးသွားရင် Diploma လက်မှတ်ရရှိမှာဖြစ်ပြီး ဒီကနေ တဆင့် University ဆက်တက်လို့ရပါတယ်။ Degree လိုချင်လို့ University ဆက်တက်မယ်ဆိုရင်တော့ ပုံမှန် ဂျာမန် တက္ကသိုလ်ဝင်ခွင့် Qualification တွေတော့ ရှိရပါတယ်။
လုပ်ခလစာနှင့် အခြားထောက်ပံ့ကြေးများ
ပုံမှန် အလုပ်သင်အနေနဲ့ တစ်လကို ယူရို (၈၀၀) ကနေ (၁၂၀၀) ကြား ပေးပါတယ်။ ဒါ့အပြင် အပိုဝင်ငွေရအောင် တစ်ပတ် (၁၀) နာရီ အချိန်ပိုင်း အလုပ်လုပ်ခွင့်လည်း ထပ်ပြီးတော့ ပေးပါတယ်။ ကျန်တာကတော့ ကုမ္ပဏီအခြေအနေပေါ် မူတည်ပြီး အလုပ်ရှင်ကောင်းရင် ကောင်းသလို ခရီးစရိတ်နဲ့ နေထိုင်စားသောက်စရိတ် ထောက်ပံ့တာမျိုးတွေလည်း ရှိပါတယ်။
တကယ်လို့ သင်က Vocational Training တက်ရောက်တာ ပြီးမြောက်အောင်မြင်သွားပြီး အလုပ်ဆက်လုပ်ခွင့်ရမယ်ဆိုရင်တော့ တစ်လကို ယူရို (၂၄၀၀) မှ (၃၅၀၀) ကြား ရရှိနိုင်ပါတယ်။
ဘယ်လိုလျှောက်ထားရမှာလဲ
ပထမအဆင့်အနေနဲ့ ဂျာမန်ဘာသာစကား အရင်သင်ရပါမယ်။ သတ်မှတ်ချက်ကတော့ အနိမ့်ဆုံး B1 အဆင့် အောင်မြင်ထားသူဖြစ်ရမယ်ဆိုပေမယ့် ဘာသာစကားပိုကျွမ်းမယ်ဆိုရင် အခွင့်အရေး ပိုရလေပါပဲ။
အနိမ့်ဆုံးပညာအရည်အချင်းကတော့ (၁၀) တန်း အောင်ထားရပါမယ်။ တချို့ပညာရပ်တွေက (၁၂) တန်းထိ အောင်ထားမှ လျှောက်လို့ရပါတယ်။
ကျောင်းတက်ဖို့ကို အရင်ဆုံး Vocational Training School နဲ့ ချိတ်ထားတဲ့ ကုမ္ပဏီတွေမှာ အလုပ်လျှောက်ရပါမယ်။ အလုပ်ကို ဘယ်လိုရှာရမလဲဆိုတော့ အောက်မှာ ဖော်ပြထားတဲ့ လင့်ခ်ကနေတစ်ဆင့် ဝင်ရှာလို့ရပါတယ်။ ကုမ္ပဏီတစ်ခုနဲ့ တစ်ခု Requirement တွေ မတူနိုင်တာကြောင့် မလျှောက်ခင်မှာ သေချာလေး ဖတ်ပြီးမှ လျှောက်ဖို့ အကြံပြုပါတယ်။
>> https://www.arbeitsagentur.de/jobsuche/suche?angebotsart=4
လိုအပ်တဲ့ စာရွက်စာတမ်းများ
နောက်ဆုံးလျှောက်ထားရမယ့်ရက်
Ausbildung ပရိုဂရမ်ရဲ့ Deadline ကတော့ ကိုယ်လျှောက်မယ့် ကုမ္ပဏီအပေါ်မှာပဲ မူတည်တာဖြစ်တဲ့အတွက် အတိအကျ မရှိပါဘူး။ ကုမ္ပဏီအများစုကတော့ နှစ်စဉ် ဖေဖော်ဝါရီကနေ စက်တင်ဘာလအတွင်း လျှောက်လွှာ ခေါ်ယူလေ့ရှိပါတယ်။
လျှောက်ထားမှုအတွက် ကုန်ကျစရိတ်
ကျောင်းလခက အခမဲ့ဖြစ်ပြီး အလုပ်သင်ဆင်းတဲ့အခါမှာလည်း လုပ်ခလစာနဲ့ တခြားသော အကျိုးခံစာခွင့်တွေရရှိမှာ ဆိုပေမယ့် နေထိုင်စားသောက်စရိတ်၊ ဗီဇာကြေး၊ လေယာဉ်လက်မှတ်၊ အာမခံကြေး စတဲ့ ကိုယ်ရေးကိုယ်တာစရိတ်တွေကိုတော့ လျှောက်ထားသူဘက်က ကုန်ကျခံရမှာ ဖြစ်ပါတယ်။
အသေးစိတ် အချက်အလက်တွေကို ကိုယ်တိုင် လေ့လာချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ လင့်ခ်မှတဆင့် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
> https://en.life-in-germany.de/vocational-training-in-europe-germany/?
===========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။